Mongdies Myanmar

Mongdies Myanmar

Share

Photos from Mongdies Myanmar's post 09/06/2026

မေမေတို့အရမ်းအကြိုက်တွေ့ခဲ့ကြတဲ့ Sun Cream လေး ပါရှင် 🔔
ဒီတခေါက်မှာ ကိုယ်ဝန်ဆောင်မေမေတွေပါအကြိုက်တွေ့ခဲ့ကြတာမို့ ခနလေးနဲ့ကိုပစ္စည်းပြတ်သွားပါတယ်ရှင် ✨

ဒါမယ့်မပူပါနဲ့နော် Best Seller Sun Care လေးဖြစ်တဲ့ Sun Stick လေးကတော့ In Stock ရှိနေပါသေးတယ် ☀️
ကျောင်းဖွင့်ကာလမှာဒါလေးကလည်း best seller ဖြစ်နေလို့အမြန်ဝယ်ဥထားမှစိတ်ချရပါမယ်မေမေတို့ရေ

*************************
လတ်တလောမှာ Sun Cream ရနိုင်မယ့်ဆိုင်လေးတွေကို comment မှာရေးပေးထားမယ်နော် 📌

08/06/2026

ကမ္ဘာတစ်ဝှမ်းက မေမေတွေ ယုံကြည်စိတ်ချစွာ အသုံးပြုနေကြပြီး feedback ကောင်းများစွာ ပိုင်ဆိုင်ထားတဲ့ Mongdies Ato Cream လေး in-stock 💛

💛 Mongdies Ato Cream က Deep Moisturizing လုပ်နိုင်ဖို့ သိပ်သည်းတဲ့ Creamy ပုံစံ ထုတ်လုပ်ထားတာဖြစ်လို့ အရေပြားအလွှာအသီးသီးရဲ့ ဟိုးအတွင်းပိုင်းအထိ အစိုဓာတ်ကိုအား‌ကောင်းစွာ ဖြည့်တင်းနိုင်ပါတယ်။ သဘာဝအပင် Extract များစွားရဲ့အာဟာရဓာတ်များလည်းကြွယ်ဝတာကြောင့် အရေပြားပြဿနာများကင်းစေပြီး ကြာရှည်စိုအိနူးညံ့နေစေမယ့် အစိုဓာတ်ဖြည့် Cream ပဲ ဖြစ်ပါတယ်။

အခုလို မိုးတွင်းနဲ့ အကိုက်ညီဆုံးပါပဲ မေမေတို့ရေ..

မှာယူလိုပါက
📩 Page ရဲ့ chat box တွင် ဖြစ်စေ
📱 Viber နံပါတ် 09-795727272/ 09796727272 သို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

Photos from Mongdies Myanmar's post 07/06/2026

ကလေးလေးတွေမှာ မိုးရာသီရောက်ပြီဆိုတာနဲ့ ချွေးနဲ့မိုးရေစိုစွတ်စွတ်တွေနဲ့ထိပြီး Sweat Rash ခေါ် အပူဖုတွေထတော့တာပါပဲ 🌧️😥

❗️လည်ပင်း
❗️နောက်ကျော
❗️ရင်ဘတ်
❗️ချိုင်းကြားနဲ့ပေါင်ခြံတွေမှာအဖြစ်များပါတယ်

နဂို Eczema ရှိတဲ့ကလေးလေးတွေလည်း အခုလိုရာသီမှာ Eczema လေးတွေ အယားဖုလေးတွေ ပြန်ထလာတတ်တာပေါ့

မေမေတို့ဘာလုပ်ပေးလို့ရမလဲ
💡မိုးရေထိလာပြီဆိုတာနဲ့ Bath & Shampoo လေးသုံးပြီးအမြန်ဆုံးရေချိုးခေါင်းလျှော်ပေးပါ
💡ခေါင်းကိုသေချာခြောက်အောင်သုတ်/ မှုတ်ပါ
💡ရေချိုးပြီးစအရေပြားပေါ် ရေမခြောက်တခြောက်မှာ Ato Lotion လေးအမြန်ဆုံးလိမ်းပေးပါ
ကလေးလေးရဲ့အရေပြားမှာအစိုဓာတ်မပြတ်ရှိနေမှ ယားယံတာတွေထပ်မဖြစ်တော့မှာပါ
💡အပူဖုတွေထပြီးနီရဲနေတဲ့နေရာကို Soothing Gel အေးအေးလေးလိမ်းပေးပါ
ကလေးအရေပြားနီမြန်းယားယံတာကိုအမြန်ဆုံးသက်သာစေပါတယ်❄️
💡ချွေးထွက်သန်တဲ့ကလေးလေးကို ရေမကြာမကြာတိုက်ပေးပါ
ခန္ဓာကိုယ်ထဲမှာလည်း Hydration ပြည့်နေဖို့လိုပါတယ်
💡လေဝင်လေထွက်ကောင်းတဲ့အဝတ်လေးတွေဝတ်ပေးပါ
လိုအပ်ရင်မကြာခနလဲပေးပါ
ခြင်အန္တရာယ်ကာကွယ်ဖို့လက်ရှည်ဘောင်းဘီရှည်လေးတွေဝတ်ပေးဖို့လည်းမမေ့ပါနဲ့နော်မေမေတို့ရေ ✨

ဒီအချက်လေးတွေကိုလုပ်ပေးကြည့်မယ်ဆိုရင် ကလေးလေးအပူဖုယားယံတာတွေအမြန်ဆုံးသက်သာစေပြီးမေမေတို့လည်းစိတ်ချမ်းသာရမှာပါ ❄️🫶

Photos from Mongdies Myanmar's post 31/05/2026

🧸🌧️ ရွှံ့ထဲ၊ ဗွက်ထဲ၊ မိုးရေထဲမှာ ဆော့ရတာ အရမ်းကြိုက်တဲ့ ကလေးလေးကို ပိုင်ဆိုင်ထားတဲ့ မေမေတို့ရေ... ဒီပို့စ်လေးကို အဆုံးထိ ဖတ်ကြည့်ပေးနော်။

မိုးရာသီရောက်ပြီဆိုရင် ကလေးတွေက ရေအိုင်တွေထဲ ဆော့ရတာ၊ မိုးရေထဲ ပြေးလွှားရတာကို အရမ်းပျော်ကြပါတယ်။ တားလို့လည်း မရမယ့်အတူတူ မေမေတို့ရဲ့ ခေါင်းခဲရတဲ့ ပြဿနာက "ဆော့ပြီးရင် ဘယ်လို ပြန်သန့်စင်ပေးမလဲ" ဆိုတာပါပဲ။

အိမ်ထဲမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် လှုပ်ရှားဆော့ကစားနေတဲ့အခါ ဖုန်မှုန့်၊ ချွေး၊ ရွှံ့ဗွက်နဲ့ အညစ်အကြေးတွေက ကလေးရဲ့ အသားအရေပေါ်မှာ စုပုံလာနိုင်ပါတယ်။ ကလေးငယ်တွေရဲ့ အသားအရေဟာ လူကြီးတွေထက် ၃ ဆပိုမို ပါးလွှာပြီး sensitive ဖြစ်လွယ်တာကြောင့် ဒီလိုအညစ်အကြေးတွေကြောင့် အလွန်နူးညံ့တဲ့ အသားအရေလေးမှာ ယားယံခြင်း၊ နီမြန်းခြင်းနဲ့ rashတွေ ခံစားရတတ်ပါတယ် 😣

ယားယံလာတဲ့အခါ ကလေးတွေက ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ခဏခဏ ကုတ်တတ်ကြပြီး၊ အဲဒီလို ကုတ်မိရာကနေ အသားအရေထိခိုက်ကာ အနာသေးသေးလေးတွေအထိ ဖြစ်လာနိုင်လို့ မေမေတို့ စိတ်မကောင်း ဖြစ်ရတတ်ပါတယ် 💔

ဒါကြောင့် ရင်သွေးငယ်လေးတွေ ရွှံ့ထဲ၊ ဗွက်ထဲ ဘယ်လောက်ပဲ ပျော်ပျော်ဆော့ဆော့ မေမေတို့ စိတ်ချလက်ချ ရှိနေစေဖို့ ကလေးအသားအရေကို နူးညံ့စွာ သန့်ရှင်းပေးနိုင်ပြီး တစ်ချိန်တည်းမှာပဲ ယားယံခြင်းနှင့် နီမြန်းခြင်းကို သက်သာစေဖို့ ကူညီပေးနိုင်တဲ့ gentle bath & shampoo ကို သေချာရွေးချယ်ပေးဖို့ အရေးကြီးဆုံးပဲ ဖြစ်ပါတယ် 🛁👶

1. The Soothing Heroes
အသားအရေ နီမြန်းခြင်းနှင့် ယားယံခြင်းကို အမြန်ဆုံး သက်သာစေမည့် ပါဝင်ပစ္စည်းများ

ကလေးငယ်တွေရဲ့ အရေပြား ဓာတ်မတည့်မှုကြောင့် နီရဲပြီး ယားယံတာတွေကို ချက်ချင်းငြိမ်ကျသွားစေဖို့ ဒီ Formula ထဲမှာ အစွမ်းထက် သဘာဝအဆီအနှစ်တွေ ထည့်သွင်းပေးထားပါတယ်။

Centella Asiatica Extract : အရေပြားနီမြန်းခြင်းနှင့် ရောင်ရမ်းခြင်းကို သိသိသာသာ လျော့ကျစေပြီး ပျက်စီးသွားတဲ့ ဆဲလ်တွေကို အမြန်ဆုံး ပြန်လည်ကောင်းမွန်စေပါတယ်။

Allantoin : ယားယံခြင်းကို ဟန့်တားပေးပြီး ထိခိုက်လွယ်တဲ့ ကလေးအသားအရေကို ပြင်ပဆိုးကျိုးတွေကနေ အလွှာတစ်ခုအနေနဲ့ ကာကွယ်ပေးပါတယ်။

Beta-Glucan : အရေပြားကို နက်ရှိုင်းစွာ စိုးမိုးပြီး ခုခံအားစနစ်ကို မြှင့်တင်ပေးတာကြောင့် ကလေးငယ်တွေရဲ့ အသားအရေ ခြောက်သွေ့ယားယံခြင်းကို အမြစ်ပြတ် သက်သာစေပြီး နောက်ထပ် မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

2. The Moisture Shield
အသားအရေ Barrier ကို ခိုင်မာစေပြီး အစိုဓာတ် အပြည့်အဝပေးခြင်း

ကလေးအသားအရေ ယားယံရခြင်းရဲ့ အဓိကတရားခံဟာ Skin Barrier အားနည်းပြီး အစိုဓာတ်ခမ်းခြောက်လို့ပဲ ဖြစ်ပါတယ်။

Hyaluronic Acid ၃ မျိုးစပ်:
(Sodium Hyaluronate, Hydrolyzed Hyaluronic Acid, Sodium Acetylated Hyaluronate)
မတူညီတဲ့ Molecule အရွယ်အစားတွေနဲ့ အရေပြားအလွှာအသီးသီးထဲအထိ ရေဓာတ်ကို စိမ့်ဝင်ဖြည့်ဆည်းပေးလို့ ရေချိုးပြီးရင်တောင် အသားပတ်တာ၊ တင်းခြောက်တာမျိုး လုံးဝမဖြစ်စေပါဘူး။

Panthenol (Vitamin B5): အသားအရေကို စိုပြေအေးမြစေပြီး ကလေးရဲ့ Skin Barrier ကို ပိုမိုခိုင်မာတောင့်တင်းလာစေပါတယ်။

Glacier Water (ရေခဲတောင်ထိပ်မှရရှိသည့် သန့်စင်သောရေ): သဘာဝသတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အသားအရေကို သဘာဝအတိုင်း အေးမြလန်းဆန်းစေပါတယ်။

3. Gentle Plant-Derived Surfactants
နူးညံ့ပြီး မျက်စိမစပ်စေတဲ့ သဘာဝသန့်စင်ပစ္စည်းများ

Chemical တွေပါတဲ့ ဆပ်ပြာပြင်းပြင်းတွေဟာ ကလေးရဲ့ အသားအရေကို ပိုမိုဆိုးရွားစေပါတယ်။

Mongdies မှာတော့ အုန်းသီးနဲ့ ပန်းသီးကနေ ထုတ်လုပ်ထားတဲ့ Sodium Cocoyl Apple Amino Acids၊ Coco-Glucoside နဲ့ Lauryl Glucoside စတဲ့ သဘာဝသန့်စင်ပစ္စည်းတွေကိုသာ အသုံးပြုထားပါတယ်။ ဒါကြောင့် အညစ်အကြေးတွေကို စင်ကြယ်စေရုံတင်မကဘဲ မျက်စိစပ်ခြင်း (Tear-Free) လုံးဝမရှိဘဲ နူးညံ့တဲ့ အမြှုပ်လေးတွေ ထွက်စေပါတယ်။

💙 မိခင်များအတွက် ယုံကြည်စိတ်ချရသော ရွေးချယ်မှု

Mongdies Bath & Shampoo သည် ကလေးငယ်တို့၏ နူးညံ့သိမ်မွေ့သော အသားအရေနှင့် ဆံသားကို နူးညံ့စွာ သန့်စင်ပေးရုံသာမက၊ soothing နှင့် moisturizing ingredients များစွာဖြင့် ယားယံခြင်းနှင့် နီမြန်းခြင်းကို သက်သာစေကာ skin barrier ကို အားဖြည့်ပေးနိုင်သော gentle daily care product တစ်ခုဖြစ်ပါတယ်။

မိခင်တိုင်းအတွက် “သန့်ရှင်းမှု” နှင့် “အရေပြားကာကွယ်မှု” ကို တစ်ပြိုင်နက်တည်း ပေးစွမ်းနိုင်သော ယုံကြည်စိတ်ချရသည့် baby care ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ 👶🛁💙


&shampoo

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


#02-13/C, Second Floor, Beauty & Spa Zone, City Mall Street John Shopping Centre
Yangon