OHOO

OHOO

Share

07/04/2026

💁🏻‍♀️အူကျတယ်ဆိုတာက ဗိုက်နေရာကနေ အူကျတာ၊ ကပ္ပာယ်အိတ်ထဲထိ အူကျတာ အမျိုးမျိုး ရှိပါတယ်။ အမျိုးသား၊ အမျိုးသမီး၊ ကလေးအရွယ်မရွေး ဖြစ်နိုင်ပါတယ်။

ဒီဆောင်းပါးမှာတော့ အတွေ့ရများတဲ့ အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ အူကျခြင်းအကြောင်းကို ပြောပြပေးသွားမှာပါ။

🤗အရွယ်ရောက်ပြီးသား အမျိုးသားတွေမှာ အူကျရတဲ့ အကြောင်းရင်းက ဝမ်းဗိုက်ကြွက်သားတွေ အားနည်းလာတာကြောင့်ပါ။ ကြွက်သားတွေ အားနည်းတဲ့အတွက် ဗိုက်ထဲမှာ ဖိအားများလာတဲ့အခါ (ဥပမာ နှာချေ၊ ချောင်းဆိုးတဲ့အခါ) အူကျလာပါတယ်။ ပေါင်ခြံနားမှာပဲ ဖောင်းနေတာ ရှိသလို ကပ္ပာယ်အိတ်ထဲထိ ကျလာတာလည်း ဖြစ်နိုင်ပါတယ်။

အူကျခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့
▫️ဝမ်းဗိုက်ဖိအားများလာတာ
▫️ဗိုက်ကြွက်သား အားပျော့လာတာ (ဥပမာ ဗိုက်မှာ ထိခိုက်ဒဏ်ရာရဖူးတာ၊ ဗိုက်ခွဲဖူးတာ)
▫️ဆီးချုပ်ဝမ်းချုပ်လို့ ဝမ်းသွားရင် ညှစ်၊ ဆီးသွားရင် ညှစ်ရတာ
▫️အလေးအပင်မတာ
▫️နေ့စဉ် အချိန်ကြာကြာ လမ်းလျှောက်တာ
▫️နာတာရှည် ချောင်းဆိုးနှာချေတဲ့ ရောဂါရှိတာ
▫️ဆီးကျိတ်ခွဲစိတ်မှု ပြုလုပ်ထားတာ
▫️ကလေးအရွယ်တုန်းက အူကျတာကို ခွဲစိတ်မှုကို ပြုလုပ်ထားတာ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

တစ်ခါတလေတော့လည်း အကြောင်းရင်းမယ်မယ်ရရ မရှိဘဲ အူကျတာမျိုး ဖြစ်တတ်ပါတယ်။
အူကျတာမဖြစ်စေဖို့ဆိုရင် ဝမ်းဗိုက်ဖိအားများစေတဲ့ အလုပ်တွေကို ရှောင်သင့်ပါတယ်။ ဥပမာ
▫️အဝမလွန်အောင် ကိုယ်အလေးချိန်ထိန်းတာ
▫️ဆေးလိပ်ဖြတ်တာ (ဆေးလိပ်က နာတာရှည်ချောင်းဆိုးစေတတ်ပါတယ်)
▫️ဝမ်းမချုပ်အောင် ဂရုစိုက်တာ
▫️အလေးအပင်မတာကို တတ်နိုင်သမျှ ရှောင်တာ၊ မဖြစ်မနေမဖို့ လိုလာရင် ကိုယ်နေဟန်ထားမှန်မှန် မတာ စတာတွေကို လိုက်နာသင့်ပါတယ်။

✅အူကျတာအတွက် အကောင်းဆုံးကုသနည်းက ခွဲစိတ်နည်းပါ။ ဒါပေမယ့် အသက်ကြီးလို့၊ ရောဂါအခံတွေကြောင့် ခွဲစိတ်ဖို့ မသင့်တော်လို့၊ လတ်တလောမှာ အရေးပေါ်အခြေအနေမဟုတ်လို့ စောင့်ကြည့်ချင်တယ်ဆိုရင် ပိုမဆိုးလာစေဖို့ အူကျခါးပတ် ဝတ်ထားလို့ ရပါတယ်။

✨အူတွေကို အထဲပြန်သွင်းပြီး အူကျခါးပတ်ကို စနစ်တကျ ဝတ်ထားမယ်ဆိုရင် အူကျတာ ပိုမဆိုးလာအောင် ထိန်းပေးထားနိုင်ပဲ ဖြစ်ပါတယ်။
အရည်အသွေးမြင့်ပြီး သုံးရလွယ်ကူတဲ့ အူကျခါးပတ်ကို ရှာနေတယ်ဆိုရင် OHOO ရှိပါတယ်။ OHOOမှာလည်း အူကျခါးပတ်တွေ ရရှိနိုင်ပြီဖြစ်တာကြောင့် လူကြီးမင်းတို့နဲ့ သင့်တော်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

👉🏻𝗢𝗛𝗢𝗢 အမှတ်တံဆိပ်ကျန်းမာရေး ပစ္စည်းများ အကြောင်း အသေးစိတ်သိရှိလိုပါက......
𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှဖြစ်စေ၊

📞𝟬𝟵 𝟱𝟬𝟯 𝟳𝟴𝟭 𝟯 ၊ 𝟬𝟵 𝟰𝟮𝟬 𝟬𝟮𝟳 𝟮𝟴𝟱 ၊𝟬𝟵 𝟵𝟱𝟮 𝟮𝟯𝟱 𝟰𝟮𝟭သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ဆက်သွယ်ရန်

🏠လိပ်စာ .အမှတ်(၂၂၃/၁)ဒေါင်းမင်းလမ်း၊ ၁၄/၂ ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

07/03/2026

စိတ်ဖိစီးမှုနှင့် အဆစ်အမြစ်ကိုက်ခဲခြင်း

😓 စိတ်ထောင်းကိုယ်ကြေဆိုတဲ့ စကားအတိုင်း လူတစ်ယောက်မှာ စိတ်ဖိစီးမှုတွေများလာတဲ့အခါ ခန္ဓာကိုယ်မှာပါ ထိခိုက်မှုတွေ ရှိလာတတ်ပါတယ်။

😓 စိတ်ဖိစီးမှုတွေများလာတဲ့အခါ အဆစ်အမြစ်ကိုက်ခဲတာ၊ ခန္ဓာကိုယ်မှာ ကြွက်သားတင်းပြီး ရောင်ရမ်းနာကျင်တာတွေဖြစ်လာစေပါတယ်။

💁 ဒီလို နှစ်ရှည်လများ စိတ်ဖိစီးရခြင်းကြောင့် ခန္ဓာကိုယ်ထဲမှ 𝐂𝐨𝐫𝐭𝐢𝐬𝐨𝐥 လို့ခေါ်တဲ့ ဟော်မုန်းဓာတ်က ပုံမှန်ထက် ပိုထွက်လာပါတယ်။ 𝐂𝐨𝐫𝐭𝐢𝐬𝐨𝐥 ဟော်မုန်းဓာတ်များခြင်းကြောင့် အဆစ်အမြစ်များကို ပိုမို ရောင်ရမ်း ကိုက်ခဲစေပါတယ်။

💁 ‌ဒါကြောင့် စိတ်ဖိစီးရလေလေ အဆစ်အမြစ်တွေက ပိုမိုကိုက်ခဲလေလေပါပဲ .....

💁 လေးဘက်နာအဆစ်ရောင်ရောဂါ၊ အရိုးအဆစ်ရောင်ရမ်းရောဂါ အစရှိတဲ့ ရောဂါတို့ကို ခံစားနေရသူများမှာလည်း စိတ်ဖိစီးမှုကြောင့် ရောဂါလက္ခဏာပိုဆိုးလာတာမျိုး တွေ့ရတတ်ပါတယ်။

💁 အခုလို စိတ်ဖိစီးမှုကြောင့် အဆစ်အမြစ်ကိုက်ခဲတာတွေ မဖြစ်စေဖို့ စိတ်ဖိစီးမှုလျော့နည်းစေတဲ့ နည်းလမ်းတွေကိုလည်း မျှဝေပေးချင်ပါတယ် .....

🥗 အာဟာရပြည့်ဝတဲ့အစားအစာများကို စားသုံးပါ။
☺️ မိမိယုံကြည်ရသူများကို ဖွင့်ဟပြောဆို တိုင်ပင်ပါ။
🧘‍♂️ ကိုယ်ရော စိတ်ပါ ကျန်းမာကြံ့ခိုင်စေဖို့ ယောဂလေ့ကျင့်ခန်း၊ အားကစားလေ့ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပါ။
🙅 အရက်၊ ဘီယာနှင့် ကဖင်းဓာတ်ပါသော အစားအသောက်များကို ရှောင်ကြဉ်ပါ။
☺️ အကောင်းမြင်တဲ့စိတ်လေးကို တတ်နိုင်သမျှ မွေးမြူပါ။

💁 အခုလို နည်းလမ်းလေးတွေကို ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုဒဏ်မှ ကင်းဝေးပြီး ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်စေဖို့ 𝐎𝐇𝐎𝐎 မိသားစုမှ ဗဟုသုတအနေဖြင့် ဝေမျှလိုက်ရပါတယ် ....

✨𝐎𝐇𝐎𝐎 အမှတ်တံဆိပ်ကျန်းမာရေး ပစ္စည်းများ အကြောင်း အသေးစိတ်သိရှိလိုပါက......

👉 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှဖြစ်စေ၊ 095037813 ၊ 09420027285 ၊ 09 952235421 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 📞📞

ဆက်သွယ်ရန်လိပ်စာ .အမှတ်(၂၂၃/၁)ဒေါင်းမင်းလမ်း၊ ၁၄/၂ ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

14/02/2026

စိုးရိမ်စရာကောင်းတဲ့ ခါးနာခြင်းလက္ခဏာများ

💁‍♀️ခါးနာခြင်းက အဖြစ်များပြီး အများစုကတော့ ကြွက်သားဒဏ်ဖြစ်တာကြောင့်ပါ။

👉 ဒါပေမယ့် တစ်ခါတလေမှာ ခါးနာခြင်းရဲ့ နောက်ကွယ်မှာ ရောဂါအကြီးစားတွေ ရှိနိုင်ပါတယ်။

👉ဥပမာ အာရုံကြောမကြီးပြဿနာတွေ၊ ကင်ဆာတွေလိုမျိုးပါ။ ဒါကြောင့် စိုးရိမ်စရာကောင်းတဲ့ ခါးနာခြင်း လက္ခဏာတွေကို သိထားသင့်ပါတယ်။
ခါးနာခြင်းနဲ့အတူ
✅လမ်းမလျှောက်နိုင်ခြင်း
✅ဆီးဝမ်းမထိန်းနိုင်ခြင်း
✅ခြေထောက်ထုံကျင်ခြင်း
✅နားလိုက်လည်း မသက်သာခြင်း
✅ညဘက်တွေမှာပါ ခါးနာခြင်း
✅ခါးရိုးက ပုံစံမမှန်ခြင်း
✅အကြီးစားထိခိုက်မှုအပြီးမှာ ခါးနာခြင်း ဒါတွေဆိုရင်တော့ စိုးရိမ်စရာကောင်းတာကြောင့် နီးစပ်ရာဆရာဝန်နဲ့ ပြသသင့်ပါတယ်။

☘️ သာမန်ခါးနာခြင်းဆိုရင်တော့ ခါးစည်းဝတ်ပြီး အနာသက်သာအောင် ပြုလုပ်နိုင်ပေမယ့် ဒီလိုလက္ခဏာတွေနဲ့ တွဲနေမယ်ဆိုရင်တော့ သတိထားဖို့လိုတယ်ဆိုတာ အသိပေးချင်ပါတယ်။

💚𝗢𝗛𝗢𝗢 မှာလည်း ခါးစည်းတွေ ရရှိနိုင်ပြီဖြစ်တာကြောင့် လူကြီးမင်းတို့နဲ့ သင့်တော်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

👉 𝗢𝗛𝗢𝗢 အမှတ်တံဆိပ်ကျန်းမာရေး ပစ္စည်းများ အကြောင်း အသေးစိတ်သိရှိလိုပါက......
💬𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှဖြစ်စေ၊ ☎️𝟬𝟵 𝟱𝟬𝟯 𝟳𝟴𝟭 𝟯 ၊ 𝟬𝟵 𝟰𝟮𝟬 𝟬𝟮𝟳 𝟮𝟴𝟱 ၊ 𝟬𝟵 𝟵𝟱𝟮 𝟮𝟯𝟱 𝟰𝟮𝟭သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
🏡ဆက်သွယ်ရန်
လိပ်စာ .အမှတ်(၂၂၃/၁)ဒေါင်းမင်းလမ်း၊ ၁၄/၂ ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

08/02/2026

ခါးနာခြင်းအတွက် အိမ်တွင်းကုထုံးများ

💁‍♀️အသက်အရွယ်မရွေး ကြုံတွေ့နိုင်တဲ့ ဝေဒနာတစ်ခုကို ပြောပါဆိုရင် ခါးနာခြင်းကို ပြရမှာပါ။

☘️ နေ့စဉ်ဘဝမှာ အလေးအပင်မတာ၊ ကိုယ်နေဟန်ထားမမှန်တာ၊ မတော်တဆထိခိုက်ဒဏ်ရာ ရတာတွေကြောင့် ခါးနာခြင်းဝေဒနာကို ခံစားရပါတယ်။

👉ဒီလိုမျိုး ကြွက်သားနဲ့ အရွတ်တွေ ဒဏ်ဖြစ်သွားလို့ ခံစားရတဲ့ ရိုးရိုးခါးနာဝေဒနာကို သက်သာစေဖို့ အိမ်မှာတင်ပြုလုပ်လို့ ရပါတယ်။ ဒါတွေကတော့

✅အပျော့စားလေ့ကျင့်ခန်းလုပ်ပါ။ ခါးနာတဲ့အခါ လုံးဝမလှုပ်ဘဲ နေတာက ကြွက်သားတွေကို ပိုမိုတောင့်တင်းစေပြီး ခါးနာခြင်းကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ယောဂ၊ အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။

✅ရေခဲဝတ် ဒါမှမဟုတ် ရေနွေးအိတ် ကပ်ပေးပါ။
ဖြစ်ခါစဆိုရင် နာကျင်မှုသက်သာစေဖို့ ရေခဲဝတ် ကပ်ပေးပါ။ နောက်ရက်တွေကျရင်တော့ ကြွက်သားတွေ ပြေလျော့စေဖို့ ရေနွေးအိတ် ကပ်ပေးပါ။ တစ်ခါကပ်ရင် မိနစ် ၂၀လောက် ကပ်နိုင်ပါတယ်။

✅အကိုက်အခဲပျောက်ဆေး၊ လိမ်းဆေးအသုံးပြုပါ။
ဆရာဝန်နဲ့ တိုင်ပင်ပြီး မိမိနဲ့ သင့်တော်တဲ့ သောက်ဆေး၊ လိမ်းဆေး အသုံးပြုနိုင်ပါတယ်။

✅အနားယူပါ။
ခါးနာချိန်မှာ အလွန်အကျွံ အလုပ်လုပ်တာကို ရှောင်ပြီး သေသေချာချာ အနားယူပေးရပါမယ်။ အလေးအပင်မတာကို ရှောင်ရပါမယ်။

✅ခါးစည်းစည်းထားပါ။
ခါးနာနေချိန်မှာ သတိလွတ်ပြီး ဆတ်ခနဲ ထတာ၊ ကိုယ်နေဟန်ထားမမှန်တာ၊ အလေးအပင်တွေ ရုတ်တရက် မမိတာကို ထိန်းဖို့ ခါးစည်းစည်းထားသင့်ပါတယ်။

👉ခါးစည်းက ခါးကို ငြိမ်အောင် ထိန်းပေးတဲ့အတွက် ထပ်ပြီးမထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

😉ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ခါးနာတာက အချိန်တိုအတွင်းမှာ ပျောက်ကင်းနိုင်ပါတယ်။

👉𝗢𝗛𝗢𝗢 မှာလည်း ခါးစည်းတွေ ရရှိနိုင်ပြီဖြစ်တာကြောင့် လူကြီးမင်းတို့နဲ့ သင့်တော်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

💚𝗢𝗛𝗢𝗢 အမှတ်တံဆိပ်ကျန်းမာရေး ပစ္စည်းများ အကြောင်း အသေးစိတ်သိရှိလိုပါက......
💬𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှဖြစ်စေ၊ ☎️𝟬𝟵 𝟱𝟬𝟯 𝟳𝟴𝟭 𝟯 ၊ 𝟬𝟵 𝟰𝟮𝟬 𝟬𝟮𝟳 𝟮𝟴𝟱 ၊ 𝟬𝟵 𝟵𝟱𝟮 𝟮𝟯𝟱 𝟰𝟮𝟭သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏡ဆက်သွယ်ရန်
လိပ်စာ .အမှတ်(၂၂၃/၁)ဒေါင်းမင်းလမ်း၊ ၁၄/၂ ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

18/01/2026

ကျီးပေါင်းကော်လာ အပျော့လား၊ အမာလား

💁‍♀️ကျီးပေါင်ကော်လာတွေမှာ အပျော့နဲ့ အမာဆိုပြီး ၂မျိုးရှိပါတယ်။

⏰ ဘယ်လိုအချိန်မျိုးမှာ ဘာကို ဝတ်ဆင်သင့်သလဲ၊ ဒီ၂ မျိုးက ဘာကွာသလဲဆိုတာကို ပုံလေးမှာ ကြည့်ကြည့်ပါဦးနော်။

💚𝗢𝗛𝗢𝗢 အမှတ်တံဆိပ်ကျန်းမာရေး ပစ္စည်းများ အကြောင်း အသေးစိတ်သိရှိလိုပါက......
💬𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှဖြစ်စေ၊☎️ 𝟬𝟵 𝟱𝟬𝟯 𝟳𝟴𝟭 𝟯 ၊ 𝟬𝟵 𝟰𝟮𝟬 𝟬𝟮𝟳 𝟮𝟴𝟱 ၊ 𝟬𝟵 𝟵𝟱𝟮 𝟮𝟯𝟱 𝟰𝟮𝟭သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ဆက်သွယ်ရန်
🏡လိပ်စာ .အမှတ်(၂၂၃/၁)ဒေါင်းမင်းလမ်း၊ ၁၄/၂ ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon