Smarty - Learning Hub

Smarty - Learning Hub

Share

08/05/2026

🧠 ကလေးတိုင်းဟာ ပုံစံတစ်မျိုးတည်းနဲ့ပဲ သင်ယူတတ်မြောက်ကြတာ မဟုတ်ဘူးဆိုတာ သတိထားမိပါသလား။ 😊

ကလေးတွေရဲ့ မတူညီတဲ့ learning styles တွေကို နားလည်ထားခြင်းဟာ မေမေဖေဖေတို့အတွက်ရော၊ ဆရာ/ဆရာမတွေအတွက်ပါ တကယ်ကို အသုံးဝင်ပါတယ် ✨

⸝

💙 ငြိမ်သက်ပြီး ဂရုတစိုက်ရှိတဲ့ ကလေး
• အတွေးများပြီး စကားနည်းတတ်တယ်
• အမှားလုပ်မိမှာကို ကြောက်တတ်တယ်
• အားပေးမှုနဲ့ လုံခြုံတဲ့ ပတ်ဝန်းကျင်ကို လိုအပ်ပါတယ် 🤍

❤️ လျင်မြန်ပြီး ယုံကြည်မှုရှိတဲ့ ကလေး
• မြန်မြန်ဆန်ဆန် အဖြေပေးတတ်တယ်
• တစ်ခါတရံ စိတ်မရှည်တတ်ဘူး
• Slow down လုပ်ပြီး အချိန်ယူစဉ်းစားဖို့ လမ်းညွှန်ပေးရပါတယ် 🌱

💛 စကားများပြီး ထုတ်ဖော်ပြောတတ်တဲ့ ကလေး
• ပြောရတာ၊ မျှဝေရတာကို ကြိုက်တယ်
• အလွယ်တကူ အာရုံလွင့်တတ်တယ်
• စည်းစနစ်ကျတဲ့ support နဲ့ guidance လိုအပ်ပါတယ် 🌼

💜 “နားမလည်ပေမယ့် တိတ်တိတ်လေးပဲ နေတတ်တဲ့” ကလေး
• မေးခွန်းတွေ မမေးတတ်ဘူး
• တိတ်တဆိတ်နဲ့ နောက်ကျကျန်ခဲ့တတ်တယ်
• ညင်သာတဲ့ စစ်ဆေးမှုနဲ့ ထောက်ပံ့မှု လိုအပ်ပါတယ် 💛

⸝

ကလေးတိုင်းမှာ ကိုယ်ပိုင်သင်ယူမှု နည်းလမ်းတွေ ရှိကြပါတယ် 🌿

ပြဿနာက ကလေးရဲ့ပုံစံ မဟုတ်ဘဲ
သူတို့ နားလည်နိုင်တဲ့ နည်းလမ်းနဲ့
သင်ကြားပေးခြင်း ခံရခြင်း ရှိ/မရှိပါပဲ ✨

ဒါကြောင့် ကျမအနေနဲ့ Smarty ရဲ့ အတန်းတွေမှာ
ကလေးတစ်ဦးချင်းစီရဲ့ learning style ကို နားလည်ဖို့ ကြိုးစားရခြင်း ဖြစ်ပါတယ် 😊

မေမေဖေဖေတို့ရဲ့ ကလေးကရော ဘယ် learner type ဖြစ်ပါသလဲ⁉️

💙❤️💛💜 အသဲပုံလေးတွေ အရောင်ခွဲပြီး မန့်ပေးခဲ့လို့ရပါတယ်ရှင့် 🌿

မေမေဖေဖေတို့ သတိထားမိတဲ့ learner type လေးတွေ ရှိသေးရင်လည်း comment မှာ မျှဝေပေးခဲ့ပါဦးနော် 💬

Smarty - Learning Hub

16/04/2026

Placement Test Success Story #3

📚 National Curriculum မှ International School သို့ ဝင်ရောက်တဲ့အခါ ကလေးတွေအတွက် အခက်အခဲနဲ့ ဖိအားတွေ များတတ်တာတော့ သဘာဝပါပဲ။

ဒါပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

ဒီသားငယ်လေး နှစ်ယောက်ဟာ
International School ကို ဝင်ရောက်ဖို့
placement test ဖြေဆိုရမယ်ဆိုတဲ့အခါ
Maths ကို အဓိက ပြင်ဆင်ပေးခဲ့ရပါတယ်။

မေမေကိုယ်တိုင်က ဆရာမတစ်ယောက်ဖြစ်ပေမယ့်
သားတို့အတွက် သီးသန့်် အချိန်မပေးနိုင်တာကြောင့်
ကလေးတွေကို tr. နဲ့အတူ သင်ယူပြင်ဆင်စေခဲ့ပါတယ်။

⏳ အချိန်က များများစားစား မရှိခဲ့ပါဘူး။
တစ်နေ့ တစ်နာရီနဲ့ ၃ရက်စီ လေ့ကျင့်ပြီးတဲ့အခါမှာတော့
သင်ရိုးတစ်ခုလုံးရဲ့ အရေးကြီးဆုံးအပိုင်းတွေကို
ခြုံငုံ နားလည်နိုင်ခဲ့ပါတယ်။

သားသားတို့ဟာ နာခံတတ်ပြီး စနစ်တကျ လေ့လာတတ်တဲ့ ကလေးမျိုးတွေ ဖြစ်တာကြောင့်
သင်ကြားပေးသမျှကို မလွတ်တမ်း အာရုံစိုက်ခဲ့ပါတယ်။

📖 အတန်းချိန် အတွင်းသာမက
ကိုယ်တိုင် self study လုပ်ပြီး ဆက်လက်လေ့ကျင့်နိုင်ဖို့
practice materials တွေကို tr. က ထပ်မံပံ့ပိုးပေးခဲ့ပါတယ်။ 😊

အဆုံးမှာတော့ —
ကလေးနှစ်ယောက်စလုံး
placement test ကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပါတယ် ✨

🌱 မှန်ကန်တဲ့ လမ်းညွှန်မှု + ကိုယ်တိုင် ကြိုးစားမှု
= အမှန်တကယ် တိုးတက်ပြောင်းလဲမှု
လို့ ဆိုချင်ပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


San Yeik Nyein Street
Yangon