Federal Defence Force Comrades - FDFC
28/09/2023
သတင်းထုတ်ပြန်ချက်
◼ အကြမ်းဖက်စစ်တပ်က ကလေးငယ်များစာသင်ကြားနေသည့် ဘုန်းကြီးကျောင်းကို ဟောင်ဝစ်ဇာ (Howitzer)ဖြင့် ပစ်ခတ်ခဲ့
◼ ကလေးငယ် (၁၈) ဦး ဒဏ်ရာရ၊ (၆) ဦးပြင်းထန်ဒဏ်ရာရရှိခဲ့
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ နေ့လည် (၁၂:၃၀) နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ၀န်းသိုမြို့နယ် ဂျိုးထောင်ရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်ကို ၀န်းသိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်၏ (ခမရ-၁၂၀)မှ ဟောင်ဝစ်ဇာ (Howitzer)လက်နက်ကြီးဖြင့်ပစ်ခတ်၍ လက်နက်ကြီးကျည် (၃) လုံး ကျရောက် ပေါက်ကွဲခဲ့သည်။
လက်နက်ကြီးကျည် ကျရောက်ချိန်သည် ဂျိုးထောင်ကျေးရွာမှ ကလေးငယ်များ ဘုန်းတော်ကြီးကျောင်း၌ ပညာသင်ယူနေချိန်ဖြစ်သည်။
ကလေးငယ်များ ပညာသင်ယူနေသည့် ဘုန်းတော်ကြီးကျောင်းကို အရပ်ဘက် စစ်ဘက် ခွဲခြားမှုမရှိ ကျိုးကြောင်းမဲ့ ယခုကဲ့သို့ ပစ်ခတ်မှုကြောင့် ပညာသင် ယူနေသော ကလေးငယ် (၁၈) ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့ ထဲမှ (၆) ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
ဤဖြစ်ရပ်သည် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စု စစ်ရာဇ၀တ်မှု ကျူးလွန်နေကြောင်း ထင်ရှားစွာ ပြသနေသည့် ဖြစ်ရပ်တခုပင်ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
National Unity Government of Myanmar
Telegram Link - https://t.me/nugmyanmar
23/08/2023
နန့်ယား - မအူပင်ကြားတိုက်ပွဲအတွင်း စကစတပ်သား
၉ ယောက်သေ၊ ၁၃ယောက်ဒဏ်ရာရ။
သြဂုတ်၊ ၂၃၊ ၂၀၂၃။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေး ရွာ နှင့် မအူပင်ကျေးရွာကြားတွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့် KIA တပ်ဖွဲ့တို့က သြဂုတ် လ ၂၂ ရက်နေ့ တိုက်ပွဲ ပြင်းထန်ခဲ့ရာ စကစ စစ်ကြောင်း အထိနာခဲ့ကြောင်း သတင်းရရှိသည်။
အချိန် နှစ်နာရီကြာဖြစ်ပွားသောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၉)ယောက်သေ၊ (၁၃)ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး KIA စစ်သည်တစ်ဦး နိုင်ငံတော်အတွက်အသက်ပေးလှူခဲ့ကြောင်း သိရသည်။
တစ်စတစ်စအရှိန်မြင့်လာသော တော်လှန်ရေးတိုက်ပွဲများအတွင်း ပြည်သူလူထုအန္တရယ်ကင်းရှင်းရေး၊ အရပ်သားအသွင်ဆောင်ကာ စစ်အင်အားတိုးမြင့်နေသော စကစတပ်၏ ထောက်ပို့လမ်းကြောင်းဖြတ်သောက်နိုင်ရန်ကချင်လွှတ်မြောက်ရေးတပ်မတော် KIA မှ ဖားကန့်လမ်းများအားလုံးကို သြဂုတ်လ ၂၂ ရက်နေ့မှစတင်ပြီး ယာယီပိတ် ထားလိုက်ကြောင်း သိရသည်။
23/08/2023
သတင်းထုတ်ပြန်ချက်
PDF တပ်ရင်းများထံသို့ Drone အစင်းရေ (၄၀၀) ကျော် ဖြန့်ဝေသုံးစွဲလျက်ရှိ။
၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုကြီး၏ တော်လှန်ရေးရန်ပုံငွေများကို စုစည်းကာ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ Drone အစင်းရေ (၄၀၀) ကျော် ဖြန့်ကျက် ပို့ဆောင်ထားပါသည်။
ပို့ဆောင်ထားသည့် Droneများသည် ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး၊တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချီရေးတာဝန်များကို ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ Drone လက်ရုံးတပ်သားများနှင့်ရန်သူ့တပ်ကို စိတ်ဓာတ်ရေးရာအရ ချိန်းခြောက် တိုက်ပွဲဝင်နေသည့် PDF Drone များကို ပြည်သူလူထုကြီးသိရှိစေရန် တင်ပြအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။
စကစ စစ်သင်္ဘောအုပ်စု မြစ်ကြောင်းတစ်လျှောက်ပစ်ခတ်တိုက်ခိုက်ခံရ၊ အရာရှိအဆင့်အပါအဝင် ၁၀ ဦးသေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ။
သြဂုတ်၊ ၁၇၊ ၂၀၂၃။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်
ဆင်ခန်းကျေးရွာအောက် ဧရာဝတီမြစ်နဘေး၌ ယမန်နေ့ညနေပိုင်းတွင် သင်္ဘော ၉ စီးကမ်း ကပ်ရပ်နားကာ ပျက်စီးသွားသော သင်္ဘော ၂ စီးကို ပြင်ဆင်ခြင်း၊ ဆေးကုသခြင်း နှင့် အလောင်းမီးရှို့ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်သင်္ဘော ၉ စီးသည် လွန်ခဲ့သော ဇူ လိုင်လ ၂၆ ရက်နေ့၌ မန္တလေး ဂေါဝိန်ဆိပ်မှ ဗန်းမော်သို့ စစ်အင်အားဖြည့်တင်းရန် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ဆန်တက်လာခဲ့ခြင်းဖြစ်ကာ ဧရာဝတီ ဒုတိယမြစ် ကျဉ်းသို့ရောက်ရှိစဉ် KIA နှင့် PDF တို့ ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် သင်္ဘော (၂) စီး ပျက်စီးခဲ့ပြီး သင်္ဘောပေါ်ပါ စကစ အရာရှိအဆင့်အပါအဝင် ၁၀ ယောက်သေဆုံး ၂၀ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။
၎င်းစကစ ရေယဉ်အုပ်စုသည် ဆင်ခန်းကျေးရွာတွင်ကမ်းကပ်ကာ ဒဏ်ရာရ တပ်သားတွေကို ဆေးကု ပေးခြင်း။ သေဆုံးအလောင်းများကို မီးရှို့ခြင်း၊ ပျက်စီးသွားသောရေယဉ်များကို ပြန်လည်ပြင်ဆင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်မြစ်အရ သိရပါသည်။
အဆိုပါ စကစ စစ်သင်္ဘောအုပ်စုသည် မန္တလေးမှ ဗန်းမော်သို့ ဆန်တက်လာသည်မှာ ရက်ပေါင်း ၂၃ ရက်ကြာခဲ့ပြီဖြစ်သော်လည်း ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်၌ PDF နှင့် KIA တပ်ဖွဲ့များ၏ ဖြတ်တိုက်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရခြင်းကြောင့် ဗန်းမော်သို့ ရောက်ရှိနိုင်ခြင်းမရှိသေးခြေ။
14/08/2023
ခလရ(၂၉၆)တပ်ရင်းကို ချင်းတော်လှန်ရေးတပ်များတိုက်ခိုက်၊ စကစတပ်သားနှစ်ဦးဖမ်းမိ၊ လက်နက် (၆) လက်သိမ်းဆည်းရမိ။
ဩဂုတ်၊ ၁၃၊ ၂၀၂၃
ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၉၆)တပ်ရင်းဌာနချုပ်အား ချင်းတော်လှန် ရေးတပ်များက ဩဂုတ်လ (၁၄)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစတပ်သား(၂)ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်(၆)လက် သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
ခလရ(၂၉၆)တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်ခဲ့ရာ ဌာန ချုပ်စခန်းလုံခြုံရေး တပ်ခွဲစခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုစာရင်းကို မသိရသော်လည်း စစ်ကောင်စီတပ်သား(၂)ဦးကို အရှင်ဖမ်းမိကာ လက်နက်(၆)လက်ကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲတွင် CDFထန်တလန်မှ ရဲဘော်တစ်ဦးနှင့် CNF-Zopheiမှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရပြီး သိမ်းပိုက်ရရှိခဲ့သည့်စခန်းအား စစ်ကောင်စီတပ်က (၃)ကြိမ်ထက်မနည်း လေကြောင်းမှ ဗုံးကြဲကာ ဟားခါး ဗျူဟာကုန်းမှလည်း လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါသည်။
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
No. 1947, Federal Union Ward, CDM Road
Yangon
0095