Happy Hangual by eaint
11/08/2025
ပီးတော့ဆိုတဲ့ grammar လေးကို 고 ,아/어서
ဒီ grammar လေးနှစ်မျိုးလုံး သုံးလို့ရပေမဲ့
ကွာခြားချက်လေးတွေရှိလို့ ဒီလိုလေး
မှတ်ကြည့်မယ်နော် ယောရောဘွန်း 💁🏼♀️🫶
Reading day - 2
안녕하세요 여러분 💁🏼♀️
ဒီနေ့မှာတော့ reading လေးတူတူ လေ့ကျင့်ဖို့
လုပ်ထားပါတယ်ရှင့် 🗣️🇰🇷
Vocab လေးတွေပါ note ထုတ်ပေးထားပေးတာမလို့
Vocab လေးတွေ အရင် မှတ်ပီးမှ တူတူ
စာပိုဒ်လေးကို လိုက်ဖတ်ကြည့်ကြမယ်နော် 🫶
Vocabulary
회사 - workplace, company
회식 - company dinner
자주 - often
어제 - yesterday
사람들 - people
끼리 - privately, among ourselves
일년 - one year
정도 - about, around
전체 - whole
모든 - every
모이다 - to gather
저녁 - dinner
먹다 - eat
간단하다 - be simple
술을 마시다 - drink
아주 - very
많이 - a lot, many, much
One on one class လေးနဲ့ video class
လေးတွေအတွက် စုံစမ်းလို့ ရပါတယ်နော်🫶
04/01/2025
만약 당신의 꿈이 이루어지지 않았다면,
အကယ်လို့ သင့်ရဲ့ အိမ်မက်တွေက အမှန်တကယ်
ဖြစ်မလာနိုင်ခဲ့ရင်
꿈을 바꾸는 건 어떨까요?
အိမ်မက်ပြောင်းကြည့်ရင်ရော ဘယ်လိုလဲ?
One on one classလေးတွေ စုံစမ်းကြည့်လို့
ရပါတယ်နော် 💁
31/12/2024
Vocab မှတ်နည်း
အန်ညော်ဟာဆယ်ယို ယောရောဘွန်း🤗
ဒီတစ်ခါမှာတော့ တီချယ့်ဆီကို ကျောင်းသားအများစု
မေးကြတဲ့ vocab တွေက ကျက်လိုက် မေ့လိုက်နဲ့ ဘယ်လိုကျက်ရမလဲတီချယ်ရယ်ဆိုပီး မေးကြတဲ့
အဖြေကို ဒီနည်းလမ်းလေးတွေ အကြံပေးချင်ပါတယ်💁💁
1. စာအုပ်ထဲကို ၆ ခေါက်လောက် ချရေး၊ ၆ခေါက်ဆို
ချရေးတဲ့အခါ မီးနင်းရဲ့ အဓိပ္ပါယ်ကိုပါ ချရေးပါ။
ဒါမှ မီးနင်းကြီးဘဲ ခေါင်းထဲစွဲပီး အဓိပ္ပါယ် မေ့တာမျိုး
မဖြစ်မှာပါ💁
2. Sticky note လေးတွေသုံးပီး vocabတွေ နံရံမှာ ၊
စာအုပ်တွေထဲကပ်တာမျိုး လုပ်ကြည့်ပါ။
စာအုပ်ထဲမှာ အခန်းတခန်းချင်းစီရဲ့ vocab တွေ
noteထုတ်ပီး revision ပြန်လုပ်ပေးပါ။ Revision က
သေချာပေါက် ပြန်ပေးရပါမယ်။ vocab အသစ်တစ်လုံးကို တစ်ခေါက်လောက်မှတ်လိုက်ရုံနဲ့ သိပ်မမှတ်မိနိုင်လို့ပါ။
3. Vocab တွေကို dualogue နဲ့တွဲမှတ်ပါ။
တီချယ့်ရဲ့ ဆရာတစ်ယောက်ပြောဖူးပါတယ်။
Vocab တစ်လုံးထဲ မှတ်တာထက် ဦးနှောက်က
dialogue လိုက်မှတ်တာကို ပိုမှတ်မိနိုင်တယ်လို့
ဆိုပါတယ်။ဒါဆိုရင်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဘဲပေါ့ မီးနင်းလဲရ သူ့ရဲ့ သုံးပုံသုံးနည်း စကားစုလဲ
ရဆိုတော့။
4.ကျက်ထားတဲ့(vocab)တွေ မမေ့အောင် ပြန်သုံး
ပေးပါ။
vocab အသစ်တစ်လုံးကို အနည်းဆုံး ၆ ခေါက်လောက်ထိ သုံးပေးမှ မှတ်မိနိုင်မှာပါ။ ဒါကြောင့်မလို့ အမြဲသုံးနေကျ မီးနင်းတွေကျ ခေါင်းထဲစွဲနေပီး မသုံးဖြစ်တဲ့ မီးနင်းတွေကျ မမှတ်မိနိုင်ဖြစ်နေတာပါ။ အနည်းဆုံး ၆ ခေါက်စီ ပြန်သုံးကြည့်ပေးနော်။တနေ့ထဲ ၆ခေါက်သုံးပီး ကျက်လိုက်တာထက် ရက်ခြားပီး သုံးကြည့်တာမျိုးကလဲ ပိုမှတ်မိနိုင်တယ်နော်🤔
ဒါဆိုရင်တော့ Vocab ကျက်တဲ့အခါ ဒီနည်းလေးတွေ သုံးကြည့်ပီး ကျက်မေ့မဖြစ်ရတော့ပါဘူးနော်💁
One on one အတန်းလေးတွေ စုံစမ်းနိုင်ပါတယ်နော်💁
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Website
Address
Yangon