Pyae Phyo Thu

Pyae Phyo Thu

Share

08/01/2023

😮

ထိုင်ဝမ် Shipping ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကို (၅၂) လစာအထိ ဘောနပ်ပေးမယ်လို့ သတင်းမှာ ဖော်ပြ

ထိုင်ဝမ်ရဲ့အကြီးဆုံး ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီ Evergreen Marine က ဝန်ထမ်းတွေကို ၅၂ လစာအထိဘောနပ်တွေ ပေးမယ်လို့ Taipai Times သတင်းမှာ ဖော်ပြပါတယ်။ ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေး သတင်းမီဒီယာ TradeWinds မှာလည်း ဒီသတင်းကို ထုတ်ပြန်ခဲ့ပါတယ်။

ဝန်ထမ်းအများစုကို ၁၀ လ ကနေ ၂၅ လကြား ဘောနပ်တွေ ပေးအပ်ခဲ့ပြီး အလုပ်စွမ်းဆောင်ရည်ကောင်းတဲ့သူတွေကိုတော့ ၅၂ လစာအထိ ပေးခဲ့တယ်လို့ ထိုင်ဝမ်မီဒီယာ Liberty Times ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ကုမ္ပဏီကတော့ ဘောနပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့ Central News Agency က ဖော်ပြပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကတော့ ကုမ္ပဏီက ဘောနပ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၀ ရက်မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူး မတိုင်ခင် ဘောနပ်ပေးသွားမှာဖြစ်ပြီး ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ ဝန်ထမ်း တစ်ဦးချင်းစီရဲ့ အလုပ် စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ဘောနပ်‌တွေ ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အငယ်တန်း ဝန်ထမ်းတစ်ဦးရဲ့ လစဉ်လစာက ထိုင်ဝမ်ဒေါ်လာ ၄၀၀၀၀ (စင်ကာပူဒေါ်လာ ၁၇၅၀) ကနေ ထိုင်ဝမ်ဒေါ်လာ ၅၀၀၀၀ (စင်ကာပူဒေါ်လာ ၂၂၀၀) ရှိတယ်လို့ ဟောင်ကောင်မီဒီယာ HK01 က ဆိုထားပါတယ်။ Evergreen Marine ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ်က လ ၄၀ စာအထိ နှစ်ကုန်ဘောနပ်တွေ ပေးခဲ့တယ်လို့ Central News Agency က ဖော်ပြပါတယ်။

ကုမ္ပဏီရဲ့အမြတ်ငွေကြောင့်ပဲ ဝန်ထမ်းတွေအတွက် အခုလို ဘောနပ်တွေပေးဖို့ဖြစ်လာခဲ့တာပါ။ ကုမ္ပဏီရဲ့အမြတ်ငွေက ၂၀၂၁ ခုနှစ်နဲ့ယှဉ်ရင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီကနေ စက်တင်ဘာလအထိ ၉၂ ရာခိုင်နှုန်းတိုးလာပါတယ်။ အဲဒီကာလအတွင်း ကုမ္ပဏီရဲ့အမြတ်ငွေက ထိုင်ဝမ်ဒေါ်လာ ၃၀၄.၃၅ ဘီလျံ (စင်ကာပူဒေါ်လာ ၁၃.၂၉ ဘီလျံ) ရှိတယ်လို့ သိရပါတယ်။

Ref: Mothership "Shipping company Evergreen reportedly giving staff up to 52 months' bonus: Taiwan media"

Team (ရိုးရာလေး)

17/12/2022

အဲ့လိုလေးကောက်ချင်ထှာ

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon