FERS Consulting Service

FERS Consulting Service

Share

20/02/2021

အခု ပုဂ္ဂလိက ကုမ္ပဏီတွေက HR တွေနဲ့ပတ်သက်တဲ့ ကိစ္စတစ်ခုကတော့ ဝင်ငွေခွန် ကိစ္စပါပဲ...

တစ်ချို့က ရေးကြတယ်။ အချို့ကပြောကြတယ်၊ အခွန်ဆောင်တာက လူတိုင်းရဲ့ လွတ်လပ်တဲ့ ဆန္ဒ ဆိုပြီး ပြောနေကြတာသတိထားမိတယ်။ ဒါနဲ့ပတ်သက်ပြီး ဒီအချိန်မှာ အခွန်ဆောင်တာက နိုင်ငံသားတိုင်ရဲ့ ဆန္ဒဆိုတာထက် တာဝန် ဘာညာမပြောလိုပါဘူး။

ဒါပေမယ့် ဝန်ထမ်းတွေကို အခကြေးငွေပေးတဲ့သူက အခွန်ငွေကို တွက်ချက်ပြီး နူတ်ယူကာ ပေးသွင်းရမယ်လို့ ဥပဒေက ပြောထားတာက အဓိကဖြစ်ပါတယ်။ ဆိုလိုတာက အလုပ်ရှင်က အခွန်နူတ်ယူပေးဆောင်ဖို့ တာဝန်ရှိတယ်။ ပျက်ကွက်ရင် အပြစ်ဒဏ်ရှိတယ်။

ဒီကိစ္စမှာ အလုပ်ရှင်က "ဖြစ်လာတာငါတာဝန်ယူတယ်။ မဆောင်နဲ့" လို့ ဥပဒေကို ဆန့်ကျင်ရင် သူ့တာဝန်ဖြစ်သွားလိမ့်မယ်။ ဒါဟာ အလုပ်ရှင်တစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ HR တွေရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။

မဆောင်ချင်တဲ့ ဝန်ထမ်းတွေနဲ့ ဥပဒေမချိုးဖေါက်ချင်တဲ့ အလုပ်ရှင်အကြားမှာ ပဋိပက္ခတွေ ရှိလာနိုင်ပါတယ်။ HR တွေကရှင်းရပါလိမ့်မယ်။

လောလောဆယ် အကောင်းဆုံးထွက်ပေါက်ကတော့ ပုံမှန်အတိုင်း နူတ်ယူထားပြီး အစိုးရထံ ပေးသွင်းဖို့ ထိန်းထားတာပဲ ဖြစ်ပါတယ်။ ဒီလို နူတ်မယူထားဘူးဆိုရင် တစ်ချိန် အခြေအနေပြန်တည်ငြိမ်သွားတဲ့ အခါ အခွန်တွေကို ပြန်ဆောင်ရတော့မယ်ဆိုရင် အဲ့အခါကျမှ ဝန်ထမ်းတွေဆီက back date နဲ့ ပြန်ဖြတ်မယ်ဆိုတာက အတော်အဆင်မပြေဘူးဆိုတာ အတွေ့အကြုံရပြောပြချင်တာပါပဲ။

ဒီတော့ HR တွေ...ဒီလိုဘေးကြပ်နံကြပ်အခြေအနေမှာ အဆင်ပြေစွာဖြေရှင်းကျော်လွှားနိုင်ပါစေ။

Edited: ကျနော်က ဒီနေရာမှာ ဘာလုပ်ပါလို့ ပြောနေတာမဟုတ်ပါဘူး။ ဆုံးဖြတ်ချက်မချခင် သတိထားဖို့ပြောတာပါ။ ဆုံးဖြတ်တာကတော့ HR တွေနဲ့ အလုပ်ရှင်တွေရဲ့ ဆန္ဒပါ။

ပြီးတော့ SSB ထည့်ဝင်ကြေးကိုကြတော့ စီးဘဏ်တွေ အလုပ်မလုပ်သေးလို့ ရုံးကကို လက်မခံနိုင်သေးဘူးလို့သိရပါတယ်။

ဆရာ စောကယ်ရီ။

26/12/2020

.

#ကိုဗစ်ကုသရေး စနစ်တကျ ဆုတ်ခွာပါပြီ ကိုယ်ဖြစ်ကိုယ်ခံ။
Crd. Prof Dr Mar Mar Kyi
=================
သင်တို့ mask တပ်ရင်တပ်
မတပ်လဲနေ
စည်းကမ်းလိုက်နာနာ မနာနာ
အခြေအနေ အချိန်အခါပေါ်မူတည်ပြီး
ကျွန်ုပ်တို့ တိုက်ပွဲက ဆုတ်ခွာဖို့
ပြင်ဆင်ထားရတော့မည်

ဆုတ်ခွာအဆင့် ၁
----------------
Contact တွေကို Facility Q မှာခွဲထားရာကနေ အိမ်မှာဘဲ strict Home Q စေမယ်
Home Q တွေကို rapid test kit နဲ့ တကြိမ်စစ်ပေးမယ် အဲဒီက positive ကို သီးခြားခွဲထုတ်ပီး ဆေးရုံပို့မယ်

ဆုတ်ခွာအဆင့် ၂
----------------
Home Q ကစစ်ပီးထွက်လာတဲ့ အသက်ငယ်တဲ့ positive တွေကို အိမ်မှာဘဲ ဆက်ထားမယ်
အသက် ၅၀ကျော်နှင့် ရောဂါအခံရှိသူတွေကို ဆေးရုံပို့မယ်

ဆုတ်ခွာအဆင့် ၃
----------------
contact တွေကိုမစစ်တော့ပါ
အားလုံးကို home Q ထားထား
ဖျားချောင်ဆိုးလျှင် ရောဂါရှိမရှိ စစ်ပေးမည်၊ အသက် ၆၀ အောက် ရောဂါအခံမရှိဆိုလျှင် ဆေးပေးပြီးအိမ်တွင်နေစေမည်။
အသက် ၆၀ ကျော် ဆေးရုံပို.မယ်.

ဆုတ်ခွာအဆင့် ၎
----------------
ဖျားလျှင် အိမ်တွင်ဆက်နေ ဆေးသောက်ဖို့
ညွှန်ကြားပေးမည်
မောလျှင် ဆေးရုံကိုအကြောင်းကြား
အောက်စီဂျင်ဓာတ်တိုင်းကြည့်မယ် အောက်စီဂျင်ဓာတ်နည်းလျှင် ဆေးရုံကိုခေါ်ပါမည်
ရောဂါစစ် ဆေးကုပေးမည်.

ဆုတ်ခွာ အဆင့် ၅
-----------------
ကောင်းနိုင်ခြေမရှိသူတွေကို ဆေးရုံမခေါ်တော့ပါ
အသည်းအသန်လူနာထဲမှ ပြန်ကောင်းနိုင်ခြေရှိသူတွေသာ ဆေးရုံကိုခေါ်ဆေးကုပေးမယ်
ကျန်သူတွေ အိမ်မှာ အောက်စီဂျင်ရှူပီးနေခိုင်းမည်.

ခုကျင့်သုံးနေတာ ဆုတ်ခွာအဆင့် ၁
သိပ်မကြာခင်မှာ ဆုတ်ခွာအဆင့် ၂ ရောက်တော့မှာပါ
အဆင့် ၃ ထိ လည်း အခြေအနေအရ ရောက်သွားနိုင်တယ်
အဆင့် ၄၊၅ က အကျွန်ုပ်တို့ မဖြစ်ချင်ပေမဲ့
အခြေအနေအရဝမ်းနည်းစွာ ကျင့်သုံးရမှာပါ.

အဲဒီအဆင့်မရောက်အောင် ကာကွယ်ဖို့
သင်တို့တာဝန်သာဖြစ်ပါကြောင်း
အသက်ကို ဉာဏ်စောင့်ပါသည် ။

#လူတိုင်း Mask တပ် လူစုလူဝေးရှောင်ကြစို့
#စည်းကမ်းလိုက်နာကြပါစို့ ။


Payroll and Visa service.
09 89 444 09 09

30/09/2020

လူမှုဖူလှုံရေးကြေးထည့်ဝင်ထားသူများ အောက်ပါအကျိုးခံစားခွင့်များကိုလျှောက်ထားခံစားခွင့်ရှိပါသည်။

၇ရက်သားသမီးအပေါင်းကပ်ဆိုးဘေးဆိုးအပေါင်းမှကျော်လွှားနိုင်ကြပါစေ။



09894440909

27/09/2020

မနက်ဖြန်ရုံးတက်ရမည့်သူများအတွက်

ဖတ်ပြီးမှ နယ်မြေဖြတ်သန်းသွားလာခွင့်ရှိမယ်ဟု UMFCCI မှထုတ်ပြန်


Payroll and Visa service

Photos from FERS Consulting Service's post 20/09/2020

အထူး ဂရုစိုက်ကြပါ။

28/06/2020

Credits.ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအား ဇူလိုင် ၁၅ ရက်အထိ ရက်တိုးမြှင့်သတ်မှတ် လိုက်သည်ဟု ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


No; 56/8B Shan Kone Street, Sanchaung Township
Yangon