Magic Girl
14/06/2021
နှလုံးသွေးကြောကျဉ်းရောဂါအတွက်ဆေးနည်း
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
( နှလုံးရောဂါလုံးဝ ပြန်မဖြစ်စေနိုင်သော ကိုယ်တွေ့ဆေးနည်းကောင်း တစ်လက် )
ကျွန်တော် နှလုံးရောဂါ ပြင်းထန်စွာခံစားရချိန် ကျွန်တော် နေထိုင်ရာ ပုသိမ်မြို့ရှိ ပုသိမ် ဆေးရုံကြီး နှင့် ဇီဝကအထူးကု ဆေးခန်းတို့တွင်တက်ရောက်ကုသခဲ့ရာ ဆေးစစ်ချက်အရ နှလုံးသွေးကြော သုံးချောင်းကျဉ်းနေပြီးတစ်ချောင်းမှာ ကောင်းစွာအလုပ်မလုပ်တော့သော ကြောင့် နှလုံးစက် ထည့်ရမည့်အခြေနေဖြစ်ခဲ့ပါသည်-
ထိုအချိန်တွင်မိတ်ဆွေတစ်ယောက်မှ ကျွန်တော့် လို ခွဲစိပ်ခါနီးလူနာတစ်ဦး မခွဲစိပ်ရပဲသက်သာပျောက်ကင်းသွား သည်ဆိုသောဆေးနည်းကိုပေးသဖြင့် ရန်ကုန် ၌ဆေးကုသခံရန်ပြင်ဆင်နေချိန်တွင် ခုနစ်ရက်မျှ ဆက်တိုက်သောက်ခဲ့ပါသည်-
ထို့နောက်ရန်ကုန်အာရှတော်ဝင် အထူးကု ဆေးခန်းတွင်သွ ားရောက်စမ်းသပ်ရာ နှလုံးသွေးကြော ပိတ်ဆို့မှုများ မရှိတော့ပဲ အကောင်းပကတိဖြစ်နေကြောင်း အံ့သြဖွယ်တွေ့ရှိရပါသည်-
ဆရာမကြီးမှာ ပုသိမ်မှဆေးစစ်ချက်များကို ကြည့်၍ မယုံနိုင်ဖြစ်ကာ သေချာစေရန် မဟာမြိင် အထူးကုဆေးခန်း၌24နာရီစက်ဖြင့်ထပ်မံစမ်းသပ်ရာနှလုံးသွေးကြောများ ပုံမှန် ကောင်းမွန်နေကြောင်း သေချာသွားတော့သည်-
ကျွန်တော်ခံစားနေရသော ရင်ဘတ်အောင့်ခြင်းနှင့်ဘယ်ဘက်လက်မောင်း ကိုက်ခြင်းဝေဒနာများလည်းပျောက်ကင်းသွားပါသည်-
ထို့ကြောင့် ကျွန်တော့် လို နှလုံးသွေးကြောကျဉ်း ဝေဒနာခံစားနေရသူများအတွက်စေတနာရှေ့ထား၍ ကျွန်တော့်ကိုယ်တွေ့ဆေးနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်-
#ဆေးနည်းမှာ –
၁- ကြွက်နားရွက်မှိုနှစ်ကျပ်ခွဲသား
၂-တရုတ်ဇီးသီးငါးလုံး
၃-ချင်း(ဂျင်း)တက်လက်တစ်ဆစ်ခန့်
၄-ဆားအနည်းငယ်တို့ကိုရေဖန်ခွက် ခြောက်ခွက် ထည့်နှစ်ခွက်ကျန်အောင်ကျိုပြီးမနက်တစ်ခွက် ညတစ်ခွက်သောက်ရုံပင်ဖြစ်ပါသည်-
ဆေးနည်းပေးသူမိတ်ဆွေအားကျေးဇူးအထူးတင်ပါသည်။
တစ်ဦးနှင့်တစ်ဦးမတူပါ ဆေးရုံဆေးခန်းအလှမ်းဝေးသူများနှင့်ခက်အခဲရှိသူများအတွက် လွယ်ကူပြီးဥပါဒ်မရှိနိုင်သည့်အတွက်ပြန်လည်မျှဝေပါသည်။ ။
မသိသေးသောသူများအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ။
Via. ..Sai Min Thant
16/01/2021
Click here to claim your Sponsored Listing.
Category
Website
Address
Yangon