English Learning For Society

English Learning For Society

Share

Photos from English Learning For Society's post 25/12/2020

~ အတောင်ပံပါရင် မင်းဆီကို... ဆိုတဲ့ ငှက်လေးတွေရဲ့ အခေါ်အဝေါ် ~🐦🦅🦆

Photos from English Learning For Society's post 21/12/2020

~ နေ့စဥ်နဲ့အမျှ စားသုံးနေရတဲ့ အစိမ်းရောင် vegetables လေးတွေကျက်ကြမယ် ~

Photos from English Learning For Society's post 20/12/2020

apple တို့၊ orange တို့၊ banana တို့လောက်နဲ့ပဲ လှည့်ပတ်ပြောနေတဲ့ သူတွေအတွက် တခြားသော မှတ်သားစရာ Fruits Vocabulary လေးများ ~

18/12/2020

အားလုံးပဲ မဂ်လာပါ...

Page ကို Like လုပ်ပေးတဲ့သူတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ English Learning for Society Page ကနေ အဂ်လိပ်စာကို အခြေခံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ English နဲ့ပတ်သက်လို့ သင်ယူမှု အခက်အခဲရှိတဲ့သူတွေ၊ လေ့လာဖို့အချိန်မအားလပ်တဲ့သူတွေ၊ သင်တန်းတက်ဖို့အဆင်မပြေတဲ့သူတွေအတွက် မိမိအားတဲ့အချိန်လေးတွေမှာ လွယ်လင့်တကူလေ့လာနိုင်စေဖို့ ရည်ရွယ်ပြီး post လေးတွေ တင်ပေးသွားမှာဖြစ်ပါတယ်။

အဂ်လိပ်စာဟာ ဘယ်နိုင်ငံ၊ဘယ်တိုင်းပြည်၊ဘယ်လူ့အဖွဲ့အစည်းမှာမဆို အခြေခံအုတ်မြစ် ဘာသာစကားမဟုတ်ရင်တောင် တိုင်းပြည်တိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဘာသာစကားပဲဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အဂ်လိပ်စာကို ငယ်စဥ်ကတည်းက ဘာသာရပ်တစ်ခုအဖြစ် ပညာရေးအခြေခံသင်ရိုးမှာ သင်ကြားခဲ့ရပြီး အခုအခါမှာတော့ ကမ္ဘာနဲ့ချီတဲ့ ဘာသာစကားအဖြစ် လေ့လာသင်ယူနေကြရတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ ပညာရေးနဲ့လူ့အဖွဲ့အစည်းမှာ အလွန်အရေးပါလှတဲ့ ဒီအဂ်လိပ်စာ၊အဂ်လိပ်စကားကို ကျွန်တော်တို့ တတ်မြောက်ဖို့လိုပါတယ်။

အခုကနေစပြီး ကျွန်တော်တို့ရဲ့ English Learning for Society Page ကနေ နေ့စဥ် English နဲ့ပတ်သက်တဲ့ Education Post လေးတွေကို တင်ပေးသွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ နေ့စဥ်တင်ပေးသွားမယ့် Daily English Topics လေးတွေကတော့....
-အသုံးများပြီး သိထားသင့်တဲ့ Vocabularies (ဝေါဟာရ)လေးတွေ၊
-အခြေခံဖောင်ဒေးရှင်းဖြစ်တဲ့ Grammer(သဒ္ဒါ)ပိုင်းဆိုင်ရာတွေ၊
-နေ့စဥ်ပြောဆိုရမယ့် Conversations (စကားပြော)တွေ၊
-အဂ်လိပ်စာ Quiz(ပဟေဠိ) လေးတွေ၊
-အသုံးများတဲ့ Phrases(စကားစု) နဲ့ Idioms words တွေ၊
-အဂ်လိပ်စာကောင်းကောင်းလေ့လာလို့ရမယ့် movies နဲ့ musics တွေ၊
-English 4 skills ဖြစ်တဲ့ Writing(ရေးနည်း), Reading(ဖတ်နည်း), Speaking(ပြောနည်း), Listening(နားထောင်နည်း)တွေအပြင်
Critical Thinking(စဥ်းစားတွေးခေါ်နည်း) တွေကိုပါ Learners တွေအားလုံးနားလည်အောင် post များနဲ့ တင်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့်မို့ ကျွန်တော်တို့ရဲ့ English Learning for Society Page လေးမှာ နေ့စဥ် ဝင်လေ့လာနိုင်ပါတယ်။

English ကိုစိတ်ဝင်စားပြီး သင်ယူလေ့လာချင်တဲ့ Learners တိုင်းကိုလည်းဖိတ်ခေါ်ပါတယ်။
မိမိရဲ့ တခြားသော အဂ်လိပ်စာလေ့လာချင်တဲ့ သူငယ်ချင်းတွေရှိရင်လည်း Invite လုပ်နိုင်ပါတယ်။
ဟုတ်ကဲ့ post အဆုံးထိဖတ်ပေးသူတိုင်းကို ကျေးဇူးတင်ပါတယ်နော်။
English စာတွေနဲ့အတူ ကျွန်တော်တို့ အတူတကွ စပြီးလေ့လာကြရအောင်လားခင်ဗျာ။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Lower Mingaladon Road
Yangon