Prevent Plastics+

Prevent Plastics+

Share

Photos from Prevent Plastics+'s post 09/07/2026

ဒီနေ့တော့ မနီလေးနဲ့တူတူဈေးသွားကြရအောင်လားနော်။

ဈေးဝယ်ပြီး ပြန်လာတိုင်း မနီလေးလို ကြွပ်ကြွပ်အိတ်တွေ လက်နဲ့အပြည့်ပါလာနေကျလား။ ကြွပ်ကြွပ်အိတ်တွေက များလွန်းလို့ အိမ်မှာ အမှိုက်တွေပွနေပြီလား။

ဒီအိတ်တွေက အမှိုက်ပွရုံတင်မက ကမ္ဘာကြီးကိုပါ ထိခိုက်နေစေတာကို သတိပြုမိဖို့ လိုတယ်နော်။ မနီလေးလို ဈေးသွားဝယ်တိုင်း ထည့်စရာ ဘူး၊ ချိုင့်နဲ့ အိတ်တွေ သယ်သွားရင် အမှိုက်ပွလည်း သက်သာမယ်၊ ဈေးသည် ဦးဦးဒေါ်ဒေါ်တို့လည်း ပလတ်စတစ်အိတ်ဖိုးသက်သာသွားမယ်လေ။
Plastic Free July ကနေစပြီး ထည့်စရာ ဘူး၊ ချိုင့်နဲ့ အိတ်ကလေးတွေ ဈေးသွားတိုင်း မမေ့ဘဲသယ်သွားတတ်တဲ့ အကျင့်လေးကို မွေးမြူပြီး အထာကျကျဈေးဝယ်သွားကြစို့လားနော်။

Let's go to the market with Ma Ni.

Visual - Ae Chan Aung

European Union in MyanmarsEU SWITCH-Asia Programme

04/07/2026

တစ်ခါသုံး ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ ဝါးတူတွေက လူတွေရဲ့နေ့စဥ်ဘဝမှာ ရှောင်လွှဲလို့မရအောင် နေရာယူလာတာကို သတိထားမိကြမှာပါ။

ဝါးတူ‌‌‌‌တွေဟာ ကမ္ဘာမြေကြီးရဲ့ အရင်းအမြစ်တွေထဲက တစ်ခုဖြစ်တဲ့ သစ်ပင်ဝါးပင်တွေကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။
မိနစ်ပိုင်းအတွင်း အသုံးပြုလိုက်တဲ့ ဝါးတူနဲ့ ထုပ်ပိုးထားတဲ့ ပလတ်စတစ်အကြည်လေးတွေကိုတော့ သင့်တော်တဲ့နေရာမှာ ပြန်လည်အသုံးပြုနိုင်စွမ်း မရှိကြပါဘူး။
ဒီလိုနဲ့ ‌‌နောက်ဆုံးမှာ သုံးပြီးသားဝါးတူနဲ့ ပလတ်စတစ်အပိုင်းအစတွေဟာ အမှိုက်ပုံတွေ၊ မြစ်ချောင်းတွေထဲမှာ အစုလိုက်အပြုံလိုက် မျောပါပြီး သဘာဝပတ်ဝန်းကျင်ကြီးရဲ့ ရေရှည်တည်တံ့မှုကို ထိခိုက်နေပါတော့တယ်။

ဒါတင်မက စားသုံးသူတွေရဲ့ လက်ထဲကိုမရောက်ခင်မှာပဲ ဝါးတူတွေကို မှို၊ ပိုးမွှားအန္တရာယ်က ကာကွယ်ဖို့အတွက် ကြာရှည်ခံဆေး၊ မှိုသတ်ဆေး၊ ဓာတုဆေးတွေနဲ့ ဆေးကြော၊ အခြောက်ခံရပါတယ်။
ရေတိုသုံးစွဲရင် မသိသာနိုင်ပေမဲ့ အချိန်ကြာရှည်စွာ အသုံးပြုလာတာနဲ့အမျှ စားသုံးသူတွေရဲ့ ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်လာစေနိုင်ပါတယ်။

ဒီလို သဘာဝပတ်ဝန်းကျင်ကိုသာမက ကျန်းမာကိုပါ ထိခိုက်စေနိုင်တဲ့ တစ်ခါသုံးဝါးတူတွေကို Plastic Free July ကနေစပြီး လျှော့ကြရအောင်လားနော်။

Plastic Free July – Day 4
Disposable bamboo chopsticks wrapped in plastic may be convenient, but they create unnecessary waste after just a few minutes of use.
Most are treated with chemicals for preservation and, together with their plastic packaging, often end up in landfills and waterways, harming both the environment and potentially our health.
This Plastic Free July, let's choose reusable chopsticks and reduce single-use waste one small change can make a big difference.

European Union in Myanmar EU SWITCH-Asia Programme

+

Photos from Prevent Plastics+'s post 03/07/2026

Plastic Free July ရဲ့ သုံးရက်မြောက်နေ့မှာ ဒီနေ့ရော ပလတ်စတစ်လျှော့သုံးဖြစ်ကြလား?

ကမ္ဘာကြီးနဲ့ အခြားသက်ရှိတွေကို မထိခိုက်စေဖို့ ရွေးချယ်မှုတိုင်းကို စိတ်(ဆိတ်)သန့်သန့်ရှိစေဖို့ ပြန်သုံးလို့ရတဲ့ အသုံးအဆောင်လေးတွေကို အမြဲဆောင်ထားပြီး အစားထိုးသုံးကြဖို့ မမေ့နဲ့နော်

Plastic Free July – Day 3
Have you managed to reduce your plastic use today? ♻️
To help protect our planet and the living things we share it with, let's make every choice with a clean mind or should we say a clean goat? 🐐😉 (In Myanmar, "sate" can sound like both mind (စိတ်) and goat (ဆိတ်).)
Don't forget to carry reusable essentials with you and choose sustainable alternatives whenever possible. Small habits can make a big difference
Visuals - TMH's Art House

European Union in Myanmar EU SWITCH-Asia Programme

+

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Address


56, M1 Thiri Marlar Street
Yangon
11061