Tackle Teach

Tackle Teach

Share

ခုမနက် 2:47 Am ရန်ကုန် JLPT ဖောင်ဝယ်ဖို့ အခြေနေတဲ့ 😞 
မာရှယ်လောကလဲရှိ ​မိုးတွေကလဲရွာ​ေနဆိုတော့ အတော်ခက်ခဲကြမှာပဲ စာမေးပွဲက JLPT လက်မှတ်တစ်ခုပဲ အရေးပါတာမဟုတ်ပါဘူး
 Net Test တို့ Top J တို့ ဆိုလဲ နေရာတော်တော်များများမှာ အသိမှတ်ပြုပါတယ် 
အဲ့လောက်ကြီး ပင်ပန်းခံနေရတာတွေ မြင်ရတော့ ရင်ထဲမကောင်းဘူး 😔

#JapaneseCorner
#byH&E
#VideofromQuiCcy 05/08/2022

Edit - အခုလည်းလူများလို့ မပေးတော့ပါဘူးတဲ့ ဆူညံကြလို့ အကုန်ပြန်ကြရတယ်ထင်တယ် 😪

တိုင်းရေးပြည်ရေးမကောင်းတဲ့ချိန် ဒီလောက်ထိ အပင်ပန်းခံပြီး လုပ်နေရတာတွေမြင်တော့ စိတ်မကောင်းပါဘူး
တခြားလက်ခံတဲ့ စာမေးပွဲတွေကို ဖြေဆိုစေချင်ပါတယ်

ခုမနက် 2:47 Am ရန်ကုန် JLPT ဖောင်ဝယ်ဖို့ အခြေနေတဲ့ 😞 မာရှယ်လောကလဲရှိ ​မိုးတွေကလဲရွာ​ေနဆိုတော့ အတော်ခက်ခဲကြမှာပဲ စာမေးပွဲက JLPT လက်မှတ်တစ်ခုပဲ အရေးပါတာမဟုတ်ပါဘူး Net Test တို့ Top J တို့ ဆိုလဲ နေရာတော်တော်များများမှာ အသိမှတ်ပြုပါတယ် အဲ့လောက်ကြီး ပင်ပန်းခံနေရတာတွေ မြင်ရတော့ ရင်ထဲမကောင်းဘူး 😔 #JapaneseCorner #byH&E #VideofromQuiCcy

04/08/2022

JLPT 2022 December ရန်ကုန်စာဖြေဌာန N5 level အတွက် လျှောက်လွှာ ကုန်ဆုံးခြင်း 👀

မနက်အစောကြီးထဲကနေ သွားရောက် လျှောက်ထားရပြီး အောင်မြင်စွာ ရရှိလာသူအားလုံး Congratulations ပါ
မရလိုက်သူများကလည်း JLPT မှမဟုတ်ပဲ တခြားစာမေးပွဲလက်မှတ်နဲ့ပါရမရစုံစမ်းပြီး တခြားစာမေးပွဲတွေကို လျှောက်ကြပါနော်

みんな頑張って

15/05/2022

ဒီ​နေ့​တော့ ရာသီဥတုအ​ခြေအ​နေ​တွေကို ပြင်သစ်လို​လေ့လာကြမယ် 🌞🌡

29/04/2022

ဂျပန်​ရောက်ရင် ​ရွှေချခံရ​တော့မယ်🥳🥳

09/03/2022

What is Duolingo?
COVID-19 စတင်တည်းက လူငယ်တွေကြား ရေပန်းစားလျက်ရှိတဲ့ စာမေးပွဲကတော့ Duolingo English Test(DET) ဖြစ်ပါတယ်။

ယခုလက်ရှိ Undergraduate ကျောင်းပေါင်း 700+ ကျောင်းနှင့် Graduate 200+ကျောင်း အထိ လက်ခံထားပြီ ဖြစ်တဲ့အတွက် English Proficiency Test အတွက် သီးသန့် အချိန်ကုန်မခံလိုတဲ့ လူငယ်တွေ တက်ရောက်သင့်ပါတယ်။ အားလုံးလည်းသိချင်ကြမယ့် အမေးများတဲ့ မေးခွန်းလေးတွေကို အသေးစိတ်ပြောပြပေးပါမယ်။

🌟ဘာတွေလိုအပ်လဲ?
အဓိကကတော့ ဒီစာမေးပွဲက Online Test ဖြစ်တာကြောင့် Laptop or PC လိုအပ်ပါတယ် Mobile Phone နဲ့မရပါဘူး
တခါတည်းကျောင်းလျှောက်ဖိုအတွက်ပါရည်ရွယ်တာဖြစ်လို Passport ပါလိုအပ်ပါတယ်(မဖြေခင်မှာPassport ထောင်ပြီးရိုက်ပေးရပါတယ်)
Gmail account ရှိဖိုလည်းလိုအပ်ပါတယ် ဖြေဆိုပြီးရင် ရလဒ်အမှတ်တွေကို gmail ကတဆင့်ပိုပေးတာပါ (၄၈နာရီအတွင်း အမှတ်ထွက်ပါတယ်) အသက်၁၃နှစ်နှင့်အထက်ဖြစ်ရပါတယ် (၁၃နှစ်အောက်ကလေးတွေဖြေဆိုချင်ရင်တော့ အုပ်ထိန်းသူမိဘရဲ့ခွင့်ပြုချက်လိုအပ်ပါတယ်)

🌟IELTS နဲ့ဘာကွာလဲ?
ဈေးနှုန်းအရ Duolingo ကပိုပြီးသင့်တင့်ပါတယ်
ဖြေဆိုချိန်လည်း ၅၉မိနစ်ပဲရှိတာကြောင့် IELTS လိုအဆင့်ဆင့်ဖြေဆိုရတာမျိုးမရှိပါဘူး
ရလဒ်ကိုလည်း ၂ရက်အတွင်းရတာကြောင့် ခုဖြေခုရပုံစံမျိုးဖြစ်တာကြောင့် ကျောင်းလျှောက်ဖို အမြန်လိုနေတဲ့သူများအတွက်လည်း သင့်လျော်ပါတယ်

🌟ဘယ်နေရာမှာဖြေလိုရလဲ? Online Test ဖြစ်တာကြောင့် ကိုယ့်အိမ်မှာပဲစိတ်တိုင်းကျဖြေဆိုနိုင်ပါတယ် စည်းကမ်းချက်တွေများတာကြောင့် တခုခုမှားယွင်းသွားရင်ပြန်ပြန်ဖြေရပါတယ် (တချိုက စာမေးပွဲကြေးပါဆုံးတတ်ကြပါတယ်) ဒါကြောင့်ဖြစ်နိုင်ရင် အခုနောက်ပိုင်း Exam Center တွေအများကြီးဖွင့်လာတဲ့အတွက် ကိုယ်အဆင်ပြေတဲ့ Exam Center မှာ Booking ယူပြီးသွားဖြေစေချင်ပါတယ်
မီးခဏခဏလည်းပျက်တယ် ကိုယ့်အိမ်ပတ်ဝန်းကျင်ကဆူညံတဲ့ အသံတွေများတာပဲဖြစ်ဖြစ် အလင်းရောင်မကောင်းတာပဲဖြစ်ဖြစ် အဆင်မပြေနိုင်ပါဘူး

🌟စာမေးပွဲကြေး?
Duolingo English Test လို Google မှာရှာလိုက်တာနဲ့ တွေ့ပါလိမ့်မယ် လေ့ကျင့်ဖိုအတွက် Practice Test ကတော့ အကန့်သတ်မရှိ (အခမဲ့)လေ့ကျင့်နိုင်ပါတယ်
တကယ့် Real Test ကတော့ $49 ကျသင့်ပါတယ် ကြိုတင်စာရင်းပေးဖိုလိုပါမယ် စာရင်းသွင်းပြီးကြိုက်တဲ့အချိန်ဖြေဆိုနိုင်ပါတယ်
တခုခုError ဖြစ်တာမျိုးဆိုရင် Disqualified လိုပေါပြီး ၃ခါအထိပြန်လည်ဖြေဆိုနိုင်ပါတယ် ၃ခါကျော်သွားတဲ့အထိ အဆင်မပြေရင်တော့ စာမေးပွဲကြေးထပ်သွင်းရပါတယ် ၃ခါဆိုပေမယ့် တစ်ခါနဲ့တစ်ခါက မေးခွန်းမတူတော့ပါဘူး အစကဖြေတာလွယ်နေပေမယ့် ဖြစ်ပြီးပြန်ဖြေရင်ကျ ခက်ချင်ခက်နေမှာပါ
ဒါကြောင့် ဘေးကအသံတွေ Laptop က Notification အသံတွေကို အကုန်ပိတ်ထားရပါမယ် တစ်ခါတည်းနဲ့အဆင်ပြေတာအကောင်းဆုံးပါ

အမေးများတဲ့ မေးခွန်းတွေကို စုစည်းပြီးဖြေပေးထားပါတယ်။ အားလုံးအတွက် အကျိုးရှိမယ်လို မျှော်လင့်ပါတယ်။ Postမှာ ထပ်ဖြည့်ပြောချင်တာဖြစ်ဖြစ်၊ ရေးတဲ့အထဲမပါတဲ့အကြောင်းအရာကိုဆွေးနွေးချင်တာဖြစ်ဖြစ် comment or cbမှာပြောပြလိုရပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00