Richy Lady

Richy Lady

Share

26/10/2025

🪔မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေထဲက အလှဆုံး ရိုးရာဓလေ့တခုဖြစ်တဲ့ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲ

မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲသည် မြန်မာနိုင်ငံရဲ့ ၁၂ လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလပြည့်နေ့တွင်သာ ကျင်းပသော ထူးခြားသည့် ဘာသာရေးပွဲတော်တခုဖြစ်ပါတယ်။

"မသိုးသင်္ကန်း" ရဲ့ အဓိပ္ပါယ်က...

မညစ်နွမ်း၊ မဟောင်းနွမ်း" လို့ အဓိပ္ပာယ်ရပြီး၊ တန်ဆောင်မုန်းလပြည့်ည တညတာအတွင်း အပြီးသတ်ရက်လုပ်၍ မိုးမလင်းမီ ဘုရားရှင်အား ပူဇော်ရသော သင်္ကန်း ပဲ ဖြစ်ပါတယ်။

"ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်မူရာတွင် ဝတ်ရုံရန်အတွက် မဟာမာယာဒေဝီ နတ်သားက တစ်ညတည်း အပြီးရက်လုပ်ကာ လှူဒါန်းခဲ့ခြင်းကို အစွဲပြု၍ ကျင်းပခြင်းဖြစ်ပြီး"

ပွဲတော်ကို စေတီပုထိုးကြီးများရဲ့ ရင်ပြင်များတွင် အမျိုးသမီးအဖွဲ့များက ညလုံးပေါက် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲများ ကျင်းပကြပြီး၊ မိုးမလင်းမီ ဘုရားရှင်၏ ဆင်းတုတော်များအား စည်ကားသိုက်မြိုက်စွာ ပူဇော်လှူဒါန်းကြတာပဲ ဖြစ်ပါတယ်ရှင်။

ပွဲတော်သည် ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါတရား၊ ဝီရိယနှင့် လက်မှုပညာ အမွေအနှစ်ကို ဖော်ညွှန်းနေသော တန်ဖိုးရှိသည့် ရိုးရာပွဲတော်ကြီးတခုဖြစ်ပြီး...

ရွှေတိဂုံစေတီတော်ကြီးမှာမသိုးသင်္ကန်းရက်လုပ်နေတဲ့ပုံရိပ်တွေကို မိတ်ဆွေသူငယ်ချင်းတွေ ကြည့်ရှုပြီး သဒ္ဓါတရားပွားများ‌နိုင်အောင် ဝေမျှပေးလိုက်ပါတယ်ရှင်။

#ရွှေတိဂုံဘုရား
#မသိုးသင်္ကန်း
#တန်ဆောင်တိုင်ပွဲတော်
#မြန်မာ့ရိုးရာ
#ယဉ်ကျေးမှုအမွေအနှစ်

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyay Road
Yangon
11041