Crazy Drive - Car Knowledge Sharing

Crazy Drive - Car Knowledge Sharing

Share

11/09/2022

Tesla Electric Car တက်ဆယ်လာ လျပ်စစ်ကားပါ။ သူငယ်ချင်းကားပါ။ လျပ်စစ်တမျိုးထဲကိုဘဲသုံးတဲ့ကားပါ။ ဓာတ်ဆီအင်ဂျင်တွဲဖက်သုံးတာမပါပါဘူး။ ပထမဆုံးစီးဖူးတာပါ။ မော်တာနဲ့ဆိုတော့ ဆွဲအားကောင်းပါ့မလားလို့ထင်ခဲ့မိတယ်။ အတော်ဆွဲအားပြင်းပါတယ်။ တမဟုတ်ခြင်းအရှိန်မြင့်တက်သွားနိုင်ပါတယ်။
နောက်တခုက Auto Pilot အလိုလျောက်မောင်းနှင်နိုင်ပါတယ်။ လူကမောင်းစရာမလိုပါဘူး။ မောင်းသူမဲ့ သို့မဟုတ် အလိုအလျောက်မောင်းတဲ့ကားကိုပထမဆုံးစီးဖူးတာပါ။ အလိုအလျောက်မောင်းနှင်တဲ့ခလုပ်ကိုနှိပ်လိုက်တဲ့အခါ၊ ကားက လမ်းရဲ့သတ်မှတ်ထားတဲ့မိုင်နှုန်းအတိုင်း၊ နောက်ပြီးရွေ့လျားနေတဲ့ ယဉ်ကြောရဲ့မိုင်နှုန်းအတိုင်း လမ်းတွေကိုကွေ့ကောက်ပြီး အလိုအလျောက်မောင်းနှင်ပါတယ်။ လူက ဘာမှလုပ်စရာမလိုပါဘူး။ စစီးကာစဆိုတော့နည်းနည်းတော့စိုးရိမ်မိပါတယ်။

မီးပွိုင့်တွေမှာလည်းသူ့အလိုလိုရပ်ပါတယ်။ မီးပွိုင့်စိမ်းရင်လည်း သူ့အလိုလိုထွက်ပါတယ်။ ၃၆၀ ဒီဂရီ တပတ်လည်လုံး ကားကမြင်နိုင်ပါတယ်။
သေခြာပြန်တွက်ကြည့်တော့ လျပ်စစ်ကားဟာ လုံခြုံမှုပိုရှိပါတယ်။
အရှိန်မြင့်လီဗာကို လွှတ်လိုက်တာနဲ့ ချက်ခြင်းသူ့အလိုလို အရှိန်လျော့ကျသွားပါတယ်။ ဘရိတ်နင်းစရာမလိုပါဘူး။ သိပ်အရှိန်များလို့ ချက်ခြင်းရပ်ချင်ရင်သာဘရိတ်နင်းဖို့လိုပါတယ်။ ရှေ့ကား၊ ဘေးကကားတွေနဲ့ နီးကပ်လာရင်အချက်ပေးပါတယ်။
ဇီဝလောင်စာမသုံးရဘဲမောင်းနှင်နိုင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်အတွက်အလွန်ကောင်းပါတယ်။
မကြာမီအခုလိုကားတွေတွင်တွင်ကျယ်ကျယ်ဖြစ်လာမယ်လို့ထင်ပါတယ်။ နောင်လာမယ့် လေးငါးဆယ်နှစ်မှာ ဓာတ်ဆီကားတွေပျောက်သွားနိုင်ပါတယ်။ အမှတ်တရသိမ်းထားချင်တယ်ဆိုရင်လည်း အိမ်က ဓာတ်ဆီကားတွေကိုသိမ်းထားနိုင်ပါတယ်။ ဥပဒေပြဌာန်းလို့ဖြစ်စေ၊ အထောက်ပံပစ္စည်းတွေမရနိုင်တော့လို့ဖြစ်စေ ဓာတ်ဆီကားတွေကို အသုံးမပြုတော့အောင်အနာဂတ်မှာလုပ်လာနိုင်ပါတယ်။
လျပ်စစ်ကားရဲ့လာလောဆယ်အားနည်းချက်ကတော့ ဘက်ထရီဟာ မိုင် ၂၀၀ အထိဘဲသွားနိုင်ပါတယ်။ မိုင် ၂၀၀ မှာထပ်ဖြည့်ဖိုလိုအပ်ပါတယ်။ နေရာတိုင်းမှာ ဘက်ထရီအားသွင်းတဲ့နေရာတွေမပေါများသေးပါဘူး။ ဒါကြောင့်အခု သမတ ဘိုင်ဒင်အစိုးရလက်ထက်မှာ ဒီအခြေခံအဆောက်အဦးတွေပြောင်းလဲဖို့လုပ်နေတာပါ။
အစီစဉ်ကတော့ ကားလမ်းတွေမှာ အလိုအလျောက် သံလိုက်ဓာတ်နဲ့ ဘက်ထရီတွေဖြည့်တဲ့စနစ် ကိုလုပ်သွားမယ်လို့သိထားရပါတယ်။ ကားမှာဘက်ထရီလိုရင် လမ်းမှာတပ်ဆင်တဲ့ အလိုအလျောက်ဘက်ထရီဖြည့် ကရိယာတွေကနေဖြည့်ပေးသွားတဲ့စနစ်အထိလုပ်မယ်လု့ိဆိုပါတယ်။
လောလောဆယ်တော့ လမ်းဘေးနဲ့ ဓာတ်ဆီဆိုင်လိုနေရာတွေမှာ ဓတ်ကြိုးနဲ့သွယ်ပြီး ဘက်ထရီအလွယ်တကူဖြည့်နိုင်ဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ လက်ရှိဓာတ်ဆီကားတွေလည်း မိုင် ၂၀၀ လောက်ဘဲဓာတ်ဆီမဖြည့်ဘဲအလွန်ဆုံးမောင်းနိုင်တာပါ။
ဓာတ်ဆီမသုံးတော့ရင် သဘာဝပတ်ဝန်းကျင်အတွက်တော်ကောင်းကျိုးရှိလာနိုင်မှာဖြစ်သလို၊ ရေနံနဲ့ဓာတ်ဆီတွေကြောင့် ချမ်းသာကြွယ်ဝပြီး ပြဿနာတက်နေရတဲ့ဒေသတွေမှာလည်းတော်လေးပြောင်းလဲမှုရှိလာနိုင်မယ်လို့မျှော်လင့်ရပါတယ်။

မြန်မာပြည်သူတွေဟာ အိမ်မှာသုံးတဲ့ ကြိုးဖုန်းကိုတောင် အိမ်တိုင်းလူတိုင်းမသုံးဖူးပေမယ့် စွမ်းရည်မြင့်တယ်လီဖုန်းတွေဖြစ်တဲ့ စမတ်ဖုန်းတွေကိုခုန်ပျံကျော်လွှားပြီးသုံးခွင့်ရခဲ့ပါတယ်။ အခု မြန်မာပြည်မှာ ရေနံချက်စက်ရုံတောင်မဆောက်နိုင်ပေမယ့်၊ လျပ်စစ်ကားတွေစီးနိုင်တဲ့ အချိန်တော့ရောက်လာနိုင်ပါတယ်။

မှတ်ချက်။။ ။ကားဈေးကြီးမိထားသူများမငိုရ

ချစ်ခင်စွာဖြင့်

Crd

ဇော်မိုးကျော်။
၁၄၊ ၁၁၊ ၂၀၂၁

Photos from Crazy Drive - Car Knowledge Sharing's post 25/08/2022

ပါကင်နော် ပါကင်မျိုးစုံ ရမယ် 👍😘😁

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Ba Yint Naung Road, North Dagon
Yangon