KAEDE Japanese Language Center
10/11/2022
N5သင်တန်းလေးတေစပါတော့မယ်
5ယောက်ဝိုင်းဘဲသင်မှာဖြစ်တဲ့အတွက်၅ယောက်ပြည့်ရင်လက်မခံတော့ပါဘူးနော်
ဂျပန်နိုင်ငံသင်ရိုးညွှန်တန်းနည်းနဲ့သင်မှာဖြစ်တဲ့အတွက်စာမရမှာကိုတော့စိတ်မပူပါနဲ့
22/10/2022
PRသမားရဲ့မှီခိုဗီဇာ ဘယ်လိုလျှောက်ကြမလဲ
ဂျပန်မှာ ကိုယ့်ရဲ့အိမ်ထောင်ဖက်(သို့)မိဘက PRရပြီဆိုလျှင် မိသားစုဝင်တွေဟာလည်း PRရဲ့မှီခိုဗီဇာကို ပြောင်းလျှောက်လို့ ရပါတယ်။
PRရဲ့မှီခိုဗီဇာနဲ့ ရိုးရိုးမိသားစုမှီခိုဗီဇာ ဘာကွာသလဲဆိုလျှင်....
ရိုးရိုးမှီခိုသမားဟာ တစ်ပတ်ကို ၂၈နာရီပဲ အလုပ်လုပ်ခွင့်ရှိပါတယ်။
PRရဲ့မှီခိုသမားမှာ အလုပ်ချိန်ကန့်သက်ချက်မရှိပါဘူး။
PRရဲ့မှီခိုဗီဇာလျှောက်ဖို့ ဒါတွေလိုအပ်ပါတယ်။
၁။ ဓါတ်ပုံ လှလှတစ်ပုံ
၂။ passport မူရင်း၊ copy
၃။ 在留カード မူရင်း၊ copy
၄။ သန်းခေါင်စာရင်း (住民票)
၅။ လက်ထပ်စာချုပ် (結婚証明書(翻訳文))ဂျပန်နိုထရီပြန်
၆။ ဗီဇာလျှောက်လွှာ
၇။ PRသမားရဲ့ 在職証明書
၈။ PRသမားရဲ့ 課税納税証明書
၉။ PRသမားက ဗီဇာလျှောက်မယ့်လူကို အာမခံကြောင်းထောက်ခံစာ 身元保証書
၁၀။ PR သမားရဲ့ passport မူရင်း၊ copy
၁၁။ PR သမားရဲ့ 在留カード မူရင်း၊ copy
ဗီဇာလျှာက်လွှာကို ဒီမှာ down ပါ။
နံပါတ်၁၄ 【永住者の配偶者等】
http://www.moj.go.jp/ONLINE/IMMIGRATION/16-3-1.html
身元保証書 ကို ဒီမှာ down ပါ။http://www.moj.go.jp/content/000007381.pdf
ဗီဇာပြောင်းဖို့အတွက် မေးခွန်း 質問書 လည်းလိုအပ်ပါတယ်။
質問書 ကို ဒီမှာ down ပါ။http://www.moj.go.jp/content/001226222.pdf
စာရွက်စာတမ်းတွေစုံလျှင် ဂျပန်လဝကမှာ ဗီဇာသွားတင်ပါ။
တစ်လနှစ်လဆိုလျှင် ဗီဇာကျပါပြီ။
အမေးအဖြေ
မေး ၁). PRရဲ့မှီခိုဗီဇာလျှောက်ဖို့ ဘယ်လိုအရည်အချင်းတွေလိုအပ်ပါသလဲ
ဖြေ ၁). PRသမားနဲ့ တရားဝင်လက်ထပ်ထားတဲ့ဇနီး(သို့)ခင်ပွန်း၊ ဒါမှမဟုတ် PRသမားရဲ့ကလေး ဖြစ်ရပါမယ်။
မေး ၂). PRရဲ့မှီခိုသမားဟာ အလုပ်ချိန်ကန့်သတ်မှုရှိပါသလား။
ဖြေ ၂). အလုပ်ချိန်ကန့်သတ်မှုမရှိပါ။ လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိပါတယ်။
မေး ၃). PRရပြီးနောက် ဂျပန်မှာကလေးမွေးလျှင်၊ ကလေးက ဂျပန်နိုင်ငံသားရပါသလား။
ဖြေ ၃). ဂျပန်နိုင်ငံသားမဟုတ်တဲ့ အဖေနဲ့အမေမှမွေးတဲ့ကလေးဟာ ဂျပန်နိုင်ငံသားမရနိုင်ပါဘူး။ PR ရဲ့မှီခိုဗီဇာပဲ ရပါလိမ့်မယ်။
မေး ၄). ကျွန်တော်က PR ရထားပါပြီး။ ကျွန်တော့ချစ်သူက ကျောင်းတက်နေပါတယ်။ လက်ထပ်ပြီး PRမှီခိုဗီဇာပြောင်းလို့ရပါသလား။ အလုပ်လုပ်ချိန် ၂၈နာရီထက်ပိုလုပ်လို့ရပါသလား။
ဖြေ ၄). ရပါတယ်။ PRမှီခိုဗီဇာပြောင်းသင့်ပါတယ်။ အလုပ်လုပ်ချိန်ကန့်သတ်ချက် မရှိပါဘူး။
မေး ၅). ဂျပန်နိုင်ငံမှာ PR ရလို့ မြန်မာနိုင်ငံက ချစ်သူ၊ ရည်းစားကို ပြန်လက်ထပ်မယ်ဆိုရင် ရပါသလား။
ဖြေ ၅). PR ရဲ့မှီခိုအနေဖြင့် ခေါ်လိုရပါတယ်။ အလုပ်လုပ်ချိန်ကန့်သတ်ချက် မရှိပါဘူး။
မေး ၆). ဂျပန်နိုင်ငံမှာ PR ရလို့ မြန်မာနိုင်ငံက ကလေးကို ဂျပန်ခေါ်လို့ရပါသလား။
ဖြေ ၆). ရပါတယ်။
မေး ၇). ဂျပန်နိုင်ငံမှာ PR ရလို့ မြန်မာနိုင်ငံက မိဘကို ဂျပန်မှာ ခေါ်နေလို့ရပါသလား။
ဖြေ ၇). မရပါ။ အလည်အပတ် ဆိုရင်တော့ ခေါ်လို့ရပါတယ်။
ဂျပန်လိုလေ့လာချင်ရင်တော့ ဒီအောက်က link မှာ ဝင်ရောက်လေ့လာပါ။
http://www.moj.go.jp/ONLINE/IMMIGRATION/ZAIRYU_KOSHIN/zairyu_koshin4.html
အားလုံးအဆင်ပြေကြပါစေ
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
တိုတ်၅၄(A), Room(401), သူရသတီလမ်း, ကဘာအေးစာတိုတ်မှတ်တိုင်, မရမ်းကုန်း
Yangon