Success Computer Online Class
" ကွန်ပျူတာ စက်ရှင်းနည်း "
ကိုယ့်ကွန်ပျူတာအသုံးပြုနေရင်း စက်လေးနေတယ်လို့ ခံစားရရင် ဒီလိုနည်းေလးနဲ့ ဖြေရှင်းကြည့်ပါနော်😚 ...
ကွန်ပျူတာစက်ရှင်းလို့ရတဲ့နည်းလမ်းတွေက အများကြီးရှိပါတယ် အဲထဲမှာမှ အသုံးများတဲ့နည်းလမ်းလေးကို ဝေမျှပေးမယ်နော်
Win key + R ကိုနှိပ်ပါ
Run boxလေးကျလာရင်
(1) Temp
(2) %temp%
(3) Prefetch
(4) Recent
အစရှိတဲ့ အမည်လေးတွေ တစ်ခုချင်းစီအသုံးပြုလို့ရပါတယ်။
(eg.Temp ကိုနှိပ်ပီးရင် Ctrl A + Delete ကိုနှိပ်ပါ)
ဤနည်းအတိုင်း
တခြား စက်ရှင်းနည်းများကိုလဲ အသုံးပြုပေးပါ
Desktop ပေါ်မှ Recycle Bin ကို Clean ပါ။
Run boxကနေ Cleanmgrနဲ့လည်းရှင်းလို့ရပါတယ်
23/01/2022
Microsoft Word 2013, 2016 စာအမှန်မထွက်လျင်
Myanmar3, Pyidaungsu-1.x စတဲ့ဖောင့်တွေ Office 1013, 2016 တို့မှာ အဆင်မပြေတော့တာ တွေ့ရပါတယ်။ ဒီဖောင့်တွေက Office 2010 အထိပဲ အလုပ်လုပ်ပါတယ်။ Office 1013, 2016 မှာသုံးမယ်ဆိုရင် “Myanmar Text” font, “Pyidaungsu-2.x.ttf” font ကသင့်တော်ပါတယ်။ ပြောင်းလဲသုံးစွဲဖို့အကြံပြုပါတယ်။ အကယ်၍ မလွဲမသွေ ဆက်သုံးရမယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းလေးကို ပြုလုပ်ပြီးသုံးစွဲနိုင်ပါတယ်။
ပြုလုပ်နည်း-
Control + D နှိပ်ပါ။ Font Dialog box ပွင့်လာပါမည်။ Advanced tab ကိုရွေးပါ။ “Use Contextual Alternates,” ကိုအမှန်ချက်ပေးပါ။ ထိုနောက် Ligatures to ကို “All,” ဟုထားပေးပါ။ အိုကေ နှိပ်ပါ။
Computer basic အကြောင်းအရာကို အသေးစိတ်ရှင်းပြထားတဲ့ video ဖြစ်ပါတယ်ရှင့်။
Click here to claim your Sponsored Listing.
Category
Website
Address
SouthDagon
Yangon