Nicolas Thant

Nicolas Thant

Share

Photos from Nicolas Thant's post 16/04/2026

Free All Political Prisoners 🕊️🧿💙

ခံစားချက် နဲ့ ခံယူချက်ကြောင့် အနုပညာတစ်ခုဖန်တီးတာဟာ ပြစ်မှုမဟုတ်ပါဘူး ၊
အနုပညာရှင်တွေဟာလည်း ပြည်သူတွေပဲဖြစ်တာမလို့ နိုင်ငံရေးပုဒ်မတပ် မတရားအကျဉ်းချထားတဲ့ အနုပညာရှင်များကို အမြန်ဆုံးပြန်လည်လွှတ်မြောက်စေချင်ပါတယ် ။

မတရားပုဒ်မ များနဲ့အတူ နိုင်ငံရေးအကျဉ်းချခံရသူ များကို အမြန်ဆုံးပြန်လည် လွတ်မြောက်စေဖို့ Blue Shirt Movement - Myanmar မှာပါဝင်ရင်း အသံတစ်ခုဖြစ်ကြရအောင် ✊🏻

Shirt - May Oo Lwin
Photo - Ice Myat Noe

14/03/2026

တစ်ခေတ်တစ်ခါက ထွေးမွန် လေးမွန် ဆီအရောက်သွားမဲ့ ပေါ့ကစ်တစ်ပုဒ်ပါ

လက်တွေ့ထုတ်လုပ်ထားသော Podcast များကို နားဆင်ရန်
https://open.spotify.com/show/20ScsgSCqjBb8WaUMPgQmc?si=d0748acb2707478c

ထိုင်းနိုင်ငံအခြေစိုက် Resilience Voice အဖွဲ့၏ Social Media Platform များ
https://www.youtube.com/
https://www.instagram.com/resilient.voices.podcast/

Burma Podcast Network မှ အစီစဉ်များနားဆင်ရန်
Linktree - https://linktr.ee/burmapodcastnetwork

မိတ်ဆွေ Podcast ထုတ်ဖို့ စိတ်ဝင်စားပါသလား။

Burma Podcast Network ရဲ့ လုပ်ငန်းတွေထဲမှာ Podcasting Education ဆိုတာကလည်း ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ လူတိုင်း Podcaster ဖြစ်စရာမလိုဘူးဆိုတာ မှန်ပါတယ်။ AI Tools တွေ၊ အင်မတန်လွယ်ကူလာတဲ့ Editing နည်းပညာ Apps တွေနဲ့ တစ်ကိုယ်တော် အစွမ်းပြနိုင်တဲ့ Digital ခေတ်ကြီးမှာ ကိုယ်ရဲ့ ဖြစ်နိုင်စွမ်းကို မစမ်းသပ်ခဲ့မိလေခြင်းလို့လည်း နောင်တမရစေချင်ပါဘူး။ ကိုယ်စိတ်ဝင်စား လေ့လာနိုင်တဲ့အကြောင်းရာတွေကို အများပြည်သူအဖို့ငှာ အရည်သွေးပြည့်ပြည့်တင်ဆက်နိုင်တဲ့ Podcaster တွေ အများကြီး မြန်မာ ပရိတ်သတ်အတွက် လိုအပ်နေပါသေးတယ်။

အခုဆို Burma Podcast Network ရဲ့ Intensive Podcasting Training Certification ရထားသူတွေ ၈၀ ခန့်ရှိပြီး အချို့ကတော့ ကိုယ်ပိုင် Podcast တွေစလုပ်နေကြသလို အချို့ကလဲ အဖွဲ့စည်းတွေရဲ့ Communication Strategy မှာ Podcast ကို ကောင်းကောင်းပြန်အသုံးချနေကြပြီဖြစ်ပါတယ်။

အဲ့လိုပူးပေါင်းဆောင်ရွက်မှုတွေထဲက တစ်ခုကတော့ ထိုင်းနိုင်ငံ အခြေစိုက် Resilience Voice ဆိုတဲ့ အဖွဲ့ တစ်ခုနဲ့အတူ ပူးပေါင်းဖြစ်ခဲ့တာပါ။ မဲဆောက်နဲ့ ချင်းမိုင်မြို့မှာ ၅ ရက်တာ လက်တွေ့ သင်တန်းပို့ချပြီးတော့ သင်တန်းတက်ရောက်သူ အကုန်လုံးကလည်း Podcast ထုတ်လုပ်တဲ့လုပ်ငန်းကို အစအဆုံး နားလည် တတ်မြောက်သွားတဲ့အထိ တက်ကြွစွာပါဝင်ခဲ့ကြပါတယ်။

သင်တန်းက တကယ်ထိရောက်ရဲ့လားဆိုရင်တော့ ၅ ရက်အပြီး နောက်ဆုံးသင်တန်းရက်မှာတင် ကိုယ်ပိုင် Podcast အသီးသီးထွက်လာကြတာက သက်သေပါပဲ။ သူတို့ရဲ့ Podcast တွေကိုတော့ Resilience Voice ရဲ့ Channel မှာ သွားရောက်နားထောင်ဖို့တိုက်တွန်းပါတယ်။

သင်တန်းတက်ရောက်ဖို့ စိတ်ဝင်စားသူတွေကတော့ BPN ရဲ့ Page မှာ လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

11/03/2026
Photos from Nicolas Thant's post 08/03/2026

International Women Day 2026 at The Space

Photo - သံလွင်ခက် - Than Lwin Khet News

Want your business to be the top-listed Interior Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon