Befriend Real Estate One

Befriend Real Estate One

Share

28/07/2025

❗️ရွာမြေဝယ်မယ်ဆိုလျှင်ဒါကိုဖတ်ပါ❗️

ပုံစံ ( ၇ ) လွတ် မြေစာရင်းပုံစံ (၈) နှင့် ရွာမြေ ...

မှော်ဘီခရိုင် တစ်ခုလုံးနီးပါးက
ဂရန် ပါမစ် လိုင်စင် မြို့မြေစလစ်ဖယ်ပီး ရွာမြေအကုန်နီးပါးက လက်ဖ၀ါးသာသာရှိတဲ့ မြေစာရင်းပုံစံ( ၈ ) ဆိုတဲ့ မြေခွန်ပြေစာနဲ့ ဆက်စပ် စာချုပ် ကိုင်ပီး အရောင်း၀ယ်ပြုကြပါတယ် ...

ပထမဦးစွာ မြေပြေစာခွန် စလစ် အကြောင်းရှင်းပြပါမယ် ..

မူလရွာဧရိယာနှင့်ရွာ၏ဆက်စပ်မြေမှဝယ်ယူလို့ရတဲ့မြေများနှင့်သိမှတ်စရာများ

မြေစာရင်းပုံစံ( ၈ ) မြေခွန်ပြေစာဆိုသည်မှာ လူအများခေါ်ကြတဲ့
ပြေစာခွန်စလစ် ..

စလစ်ဆိုတာမြန်မာလို ဖြတ်ပိုင်း
ဝင်ငွေခွန်ဆောင်တဲ့ဖြတ်ပိုင်းပေါ့
အဲ့ဒိ့စလစ် ခေါ် ဖြတ်ပိုင်း မှာ
ဦးပိုင်အမှတ် / မြေစည်းကြပ်ခွန်
မြေအမျိုးတန်းစားကိုကြည့်ပီး ခိုင်မာမူရှိမရှိ ဆုံးဖြတ်၀ယ်ယူကြတယ် ...

မြေစာရင်း ပုံစံ (၈) က အမှန်တစ်ကယ်မှာ လယ်မြေခွန်ပြေစာစလစ်ပါ
သို့သော် မှော်ဘီခရိုင် တစ်ခုလုံးမှရွာမြေသည် (ဂရံ ပါမစ် လိုင်စင် မြို့မြေစလစ်) မှ လွဲရင် ပုံစံ (7) လွတ် မြေစာရင်း( ၈) ပြေစာ / အရပ်စာချုပ်တို့သာ ပိုင်ဆိုင်ပါသည် ...

ရွာမြေဆိုသည်မှာ
ခေတ်ကာလအဆက်ဆက်တွင်

လူအများနေထိုင်ရန် သီးသန့်သတ်မှတ်ထားသော မြေအမျိုးအစားများထဲမှ တစ်မျိုးဖြစ်ပါသည်။
ပါမစ် ဂရန်တို့ကဲသို့ စာရွက်စာတမ်းအနေနှင့်သီးခြားပုံသေသတ်မှတ်ထားခြင်းမရှိသော်လည်း ရှေးအစဉ်အဆက်က ဘိုးဘွားများလက်ထက်မှ သတ်မှတ်လာခဲ့သောနယ်နိမိတ်အတိုင်း မျိုးဆက် တဆက်ပြီးတဆက် နေထိုင်လာခဲ့ကြပြီး စာချုပ်အနေနှင့် အရောင်းအ၀ယ်ပြုလုပ်လေ့ရှိကြပါသည်။

ရွာနှင့်ဆက်စပ်လျက်ရှိသော ဧရိယာများမှာ တခါတလေတွင် လယ်မြေများဖြစ်နေတတ်ပြီး ကျွဲနွားလွှတ်ကျောင်းရန် ချန်လှပ်ထားသော စားကျက်မြေများလည်း ဖြစ်နေတတ်ပါသည်။

ဥယျာဉ်ခြံမြေများလည်း တဆက်တစပ်တည်းတည်ရှိနေသည်ကို တွေ့မြင်ရဖူးပါသည်။

ရွာမြေကို ၀ယ်ယူရာတွင် သတိထားစရာအချက်အလက်များမှာ
*********************************

(၁) ရွာမြေဖြစ်ကြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှုး၊ အနီးအပါးတွင်နေထိုင်သောရွာခံလူကြီးများ၊ ပါတ်၀န်းကျင်ရှိ ရွာမြေတွင်နေထိုင်လာခဲ့သော နယ်ခံ လူထုများ အားမေးမြန်းစုံစမ်းပြီး နေရာနှင့်တကွ ဟုတ်မဟုတ် သေသေချာချာ သတိပြု၀ယ်ယူသင့်ပါသည်။
တချို့ရွာမြေများတွင် မြေခွန်ပြေစာ မြေစာရင်းပုံစံ ၈ စာရွက် ရှိပါသည်
ထိုစာရွက်ဖြင့် ရပ်ကျေးတို့မြေစာရင်းရုံးတို့မှာ လွယ်လင့်တကူ စစ်ဆေးနိုင်သည် ။

(၂) အချို့ မြေကွက်ရောင်းချသူများမှ လယ်မြေအား ရွာမြေ၊ ဘိုးဘွားပိုင်မြေသဖွယ် စိတ်ပိုင်းရောင်းချတတ်ပါသည်။ ထိုမြေကွက်များကို ၀ယ်ယူမိသူများမှာ အိမ်ရာဆောက်လုပ်ခွင့်မရ၊ အမည်ပေါက်လဲပြောင်းလဲမရသဖြင့် အခက်အခဲကြုံ ငွေလဲဆုံးရူံးခဲ့ကြရသည်ကိုကြားသိခဲ့ဖူးပါသည်။ဒါကြောင့် သေချာစစ်ဆေးဖို့လိုတယ် ..

(၃) ရွာမြေများသည် ဧရိယာအမျိုးမျိုးဖြင့်ရှိနေနိုင်ပါသည်။ 20'×60'/ 20'×50'/ 50'×100'/ 50'x60' / 45'x90'/ 60'x120' စသည်ဖြင့် ပြန်လည်စိတ်ပိုင်းရောင်းချသော သူများ၏ ဆန္ဒအတိုင်း ဧရိယာသတ်မှတ်ချက်အတိုင်း၀ယ်ယူရန်သာဖြစ်ပါသည်

ရွာမြေသည် မြို့မြေလို ကွက်စိပ်ကွက်ကျဲ တိုင်းတာခြင်းမရှိသောကြောင့် တစ်ကွက်ခြင်းစီ မြေစာရင်းရုံးတွင်ကြည့်၍ စစ်၍ မရပါ .. မြေစာရင်း ၈ စလစ် ရှိလျှင် မြို့နယ်မြေစာရင်းရုံးမှာစစ်လို့ရပါမည် .. မရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမူးထံ မြေရာဇ၀င်နဲ့ ခိုင်မာ မူရှိမရှိ မေးမြန်းစုံစမ်းနိုင်ပါသည် ..

ရွာမြေသည် ရှေးယခင်ဘိုးစဥ်ဘောက်ဆက်ထဲက တည်လာတာဖြစ်သောကြောင့်မြေအနေထားအရခိုင်မာသော်လဲ စာရွက်စာတမ်းပိုင်းအားနည်းပါသည် .. အရပ်ထဲကလူအချင်းချင်း၀ယ်ယူမူသည် နားလည်ကြပမယ့် အဝေးကလာရောက်၀ယ်သည့်အခါ စာရွက်စာတမ်းအပိုင်းကြည့်ပီး အရပ်စာချုပ် ၁ခုထဲအပေါ် ဘ၀င်မကျ ဖြစ်နိုင်ပါသည် ..

ထို့အပြင်ရွာမြေသည်
မှတ်ပုံတင်စာချုပ်ချုပ်၍ မရပါ
ဂရံလျှောက်၍မရပါ
•••ကျေးရွာစီမံချက်ဖြင့် ချပေးလာမှသာ ကျေးရွာဂရန်ရရှိနိုင်ပါသည်•••

စလစ်မပါသောရွာမြေ၀ယ်ပီးမိမိကတော့ ဆက်စပ် စာချုပ်ကြီးပဲမကြိုက်ဘူး ပိုင်ဆိုင်မူခိုင်မာတာတစ်ခုခုကိုင်ထားချင်တယ်ဆိုသောသူများအတွက် ....

အရောင်း၀ယ် မဖြစ်ခင်တွင်

ပထမဦးစွာ ...
ရပ်ကျေးတွင် စလစ်လျှောက်လို့ အဆင်ပြေမပြေမေးပါ
အမည်ပေါက် မြေစရင်း ၈ ပြေစာ စလစ်သာ ပြန်လျှောက်၍ရနိုင်မလား
အရင်စုံစမ်းပါ ..

ဒုတိယအနေဖြင့်
တစ်ချို့ရပ်ရွာတွင် အုပ်ချုပ်ရေးမှူးက ထွေအုပ်စလစ် ချပေးသည် ..
ထိုစလစ်ဖြင့် မြေစာရင်းရုံးမှာစလစ်သွားလျှောက်လို့ရအောင် မြေပြင်ရပ်ကျေးက ထောက်ခံချက်သဘောဖြစ်သည်

ဒါကြောင့် စလစ်ရမရ အရင်စုံစမ်းပီးမှ၀ယ်ယူဖို့လိုပါမယ်

အချုပ်အားဖြင့်ဆိုသော်
________________________

ရွာမြေ၀ယ်လျှင် ဒါတွေလက်ခံနိုင်ရမည် ...

ရွာမြေသည် မြေအနေထားအရခိုင်မာသော်လည်း စာရွက်စာတမ်းအားနည်းသည် .. စလစ်မရှိလျှင်စပ်ဆက်စာချုပ်ကိုသာစစ်ဆေးနိုင်ပါမည် ... ​

မြေစာရင်း (၈) စလစ် ၏ အဓိပ္ပါယ်မှာ လယ်ယာမြေစလစ်သာဖြစ်ပါသည်..တချို့ရှေ့နေတွေက လယ်မြေစလစ်ကြီးဆိုကာ စာအုပ်ကြီးအတိုင်းပြောဆို၍ ၀ယ်ယူမူကို ဟန့်တားပါသည် .. အထက်ပါပြောသလိုပဲ ဂရံ ပါမစ် လိုင်စင် မြို့မြေ မှလွဲ ရွာမြေအကုန်သည် ပုံစံ (၇) ပျောက် မြေစာရင်း(၈) ဖြင့်သာ အရောင်း၀ယ်ပြုရာတွင် မြေနဲ့သက်သက်ပီးအထောက်ထားပြကြပါသည် ... မခိုင်မာဘူး လယ်စလစ်ကြီးပဲဆိုလျှင်မှော်ဘီခရိုင်တစ်ခုလုံး ဖျက်သိမ်းရလိမ့်မယ်..

အထူးသတိပြုရန်မှာ ...
ထိုစာရွက်ဖြတ်ပိုင်း မြေစရင်းပုံစံ (၈) က တစ်နှစ်တစ်ကြိမ် အမြဲထွက်ပါသည် .. အခွန်ဆောင်တဲ့ပြေစာပါ . ရွာမြေကိုအရပ်စာချုပ်နှင့်သာ အရောင်း၀ယ်ပြုပြီး ထိုစာရွက်ကို မြေစာရင်းရုံးတွင်စစ်ဆေးခြင်း ရပ်ကွက်ရုံးတွင်စစ်ဆေးခြင်းပြုလုပ်ရန် အထောက်ထားအဖြစ် အသုံးပြုပြီး လက်၀ယ်အမည်ပြောင်းအခွန်ထမ်းထားလျှင်တော့ ဒီမြေမှာ ပေအကျယ် ဘယ်လောက် ဘယ်လောက်ကို ဒီလူက အခွန်ထမ်းဆောင်ရွက်ထားပါတယ်လို့ မြေစာရင်းရုံးမှာ တရား၀င်အမည်ရှိပါမယ် ..

စကားချပ်အနေဖြင့် ...............................

၈လပိုင်း ၂၀၂၃ ခုနှစ် အစောပိုင်းကာလတွင် လျော့သွားသောလယ်ယာမြေ နှင့် တိုးလာသော လူနေ အိုးအိမ်ကို ကျေးရွာအလိုက် စာရင်းကောက်ယူ၍ ရွာ၏စပ်ဆက်နေရာများ ခွင့်ပြုသင့်သော နေရာများအားခွင့်ပြုပီး မခွင့်ပြုသင့်သောနေရာများအား တည်စဲ ဥပဒေ အရ ဆောင်ရွက်သွားမည်ဟု သိရပါသည် ... ၈လပိုင်း၂၀၂၃ ကျော်လွန်ပီးမှ လယ်လာမြေပေါ်ဖြစ်တည်လာသော ခိုင်မာသောအိမ်များအားလုံး၀ ခွင့်မပြု အခြားနည်းသုံးစွဲခွင့်လဲပိတ်ထားပါသည်

မြေ၀ယ်ယူမယ်ဆိုလျှင် သေချာလေ့လာပါရှင့်

ရှေ့နေက ဥပဒေအရ နားလည်သလို
မြေပြင်မှာ မြေအနေထားရပ်ကွက်အနေထား ပိုင်ဆိုင်သူ၏ အရှုပ်ရှင်းကို ရပ်ကွက် အပိုင်အုပ်ချုပ်ရေးမှူးကသာသိရှိတာပါ ...

မြေယာ အိုးအိမ်၀ယ်ကြသော မိတ်ဆွေအားလုံး စစ်မှန်သော ပိုင်ဆိုင်မူများ ရနိုင်ကြပါစေ😃

25/02/2024

ဒီနေ့ဧည့်သည်တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက်မေးတယ်၊ဝယ်လို့ရမရပေါ့။ ရွာမြေလို့ပြောတာပဲ၊ပေ ၆၀×၇၀ လောက်ကျယ်တယ်၊အကြံပေးပါအုံးတဲ့။

ဒါနဲ့ကျနော်လည်း ခင်များဝယ်မဲ့မြေအတွက်
ရှိတဲ့စာရွက်လေးပို့ပေးပါပေါ့ ။
သူကလည်း viber ကနေ မြေပုံလေးတစ်ပုံပို့ပေးတယ်။
ကျနော်ကကြည့်ပီး ခင်များဟာ လယ်မြေအမျိုးအစားပဲ
သစ်ပင်စိုက်ဖို့ဝယ်တာလားလို့မေးတော့

မဟုတ်ဘူး နေဖို့ပဲ
၊ဘေးပတ်ဝန်းကျင်မှာ အိမ်တွေ၊ဝိုင်းကွက်တွေနဲ့ပဲတဲ့။
ဆရာကဒီနေရာကိုရောက်ဘူးလားတဲ့။
ကျနော်ကလည်း မရောက်ဘူးပါဘူး။
မြေပုံမှာ ပါတဲ့ သင်္ကေတနဲ့ မြေပုံဆွဲထားတဲ့
အရောင်ကိုကြည့်ပီးပြောတာပါလို့ပြောလိုက်တော့ ။
အဲလိုကြည့်လို့ရလားတဲ့။

ရပါတယ်
ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်ဗျာ၊

ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်ဗျာ၊

အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်ဗျာ၊
ဒီလိုပဲ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပီး၊သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။

အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း
ဘာမြေအမျိုးအစားဖြစ်နိူင်တယ်
၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား
၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့်
ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင်၊
ကျနော်လည်း စုပီးသားဖြစ်သွားအောင်
သိထားသလောက်လေး ပြောရရင်..

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....

၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပီး၊
ပထမတန်းစားဆိုရင် R1
ဒုတိယတန်းစားဆိုရင် R2
တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3
တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။

၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM

၅။ မူရင်းလယ်မြေဆိုရင် M/MY

၆။ ချောင်းရေဝင် မြေဆိုရင် C

၇။ ယာမြေ ဆိုရင် Y

၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉။ တောင်ယာ မြေဆိုရင် TY/YY

၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY

၁၁။ ကိုင်းမြေရင့်ဆိုရင် KY

၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃။ ဓနိမြေဆိုရင် D

၁၄။ အပိုင်ရမြေ O

၁၅။ အပိုင် ဂရန်မြေ G

၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။မိမိဝယ်မဲ့မြေရဲ့မြေပုံမှာပါတဲ့ သင်္ကေတလေးကိုကြည့်ပီး မိမိဘာသာ အကြမ်းဖျင်းခွဲခြားနိူင်ပါတယ်။

စာ သား - စီ အာ ဒီ

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Kyaung Lan Street
Yangon