ABC Car Rental & Transportation
27/09/2021
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ကို
သွားရောက် ဖူးမျှော်ချင်သူများအတွက် လမ်းညွှန်...🙏
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
▪ရန်ကုန်မြို့ အမြန်လမ်း Toll Gate မှ စထွက်ချိန်
မနက် 7:00
▪မန္တလေး Toll Gate သို့ နေ့လည် 2:00 ရောက်ရှိ...
▪မန္တလေးမြို့ထဲသို့ မဝင်ဘဲ...
စစ်ကိုင်းမြို့သို့ တန်းမောင်းကာ
စစ်ကိုင်း~မုံရွာလမ်းတိုင်း မိနစ် 20 လောက်မောင်းပြီး ရွှေဘို လမ်းခွဲတွင်...ရွှေဘိုမြို့ သို့ထပ်မောင်းပါရှင့်...
▪ရွှေဘိုမြို့ သို့ ညနေ 4:00 ရောက်ရှိ...
ရွှေဘို မြို့ထဲသို့မဝင်ဘဲ...
ရွှေဘိုမြို့ရှောင်လမ်း မှ သွားကာ
ရွှေဘို~မြစ်ကြီးနားလမ်းအတိုင်း ဆက်မောင်းပါရှင့်...
▪1:30 နီးပါးလောက် ထပ်မောင်းပြီးရင် ရေကြည်အိုင်ရွာ ရောက်ပါပြီ...
☑ရေကြည်အိုင်ရွာ ရောက်လျှင် မေးလို့ရပါပြီ...
▪ဆရာတော်ဘုရား ရဲ့ရိပ်သာလမ်း
ဘယ်ဘက် မုဒ်ဦးကနေ မြေနီလမ်းအတိုင်း
10 မိနစ်လောက် မောင်းရပါတယ်...
☑ရိပ်သာမှာဘဲညအိပ်ရမှာပါ...
(ကျောင်းထိုင်ဆရာတော်ကိုလျှောက်ပြီး တည်းလို့ ရပါတယ်...ရှင့်)
🚨ညနေ 5:30 လောက်ရောက်မှာဖြစ်လို့
ညနေစာ အတွက်တော့ အဆင်ပြေသလိုယူသွားကြပါနော်
(ဘာဆိုင်မှမရှိပါဘူး)
🚨တောကျောင်းမှာ ညအိပ်ရမှာဖြစ်လို့ ခြင်ကိုက်ပါတယ်
(ခြင်ထောင်ယူသွားလို့ရပါတယ်)
▪နောက်တရက် မနက် 4:30 ထပြီး
ဆရာတော်ရှိတဲ့နေရာဆက်သွားရပါမယ်...
☑ရိပ်သာကနေ တစ်နာရီလောက် ထပ်သွားရမှာပါ...
▪ရိပ်သာကနေ ရွှေဘို~မြစ်ကြီးနားလမ်းကိုပြန်ထွက်ပါ
▪မြစ်ကြီးနားဘက်ကို မိနစ် 30 လောက်မောင်းပြီး
လမ်းဆုံ တစ်ခုတွေ့လျှင်...ညာဘက်လမ်း သို့ ကွေ့ရပါမယ်ရှင့်...
(ဘယ်ဘက်က သကြားစက်လမ်း)
✅ညာဘက်ကွေ့ပြီး မိနစ် 30 လောက်မောင်းရင် ရောက်ပါပြီ...ရှင့်
(လမ်းကောင်းပြီးအိမ်စီးကားလေးတွေသွားလို့ရပါတယ်)
🔴ဆရာတော် ကို မနက် 7:00 တွင် ဖူးမျှော်နိုင်ပါတယ်...
🔸ကြာချိန် 4 မိနစ်
🔹ကျောင်းတံခါးဖွင့်ချိန် 5:30
(စောစောသွားတာကနေရာဦးရလို့ပါ)
နယ်ခံရွာခံတွေက နေ့တိုင်း လာဖူးကြလို့ လူကတော့
အရမ်းများပါတယ် ရှင့်...🙏
🚗 ကားအဌား လိုအပ်ပါက...ကျွန်မတို့
A B C Transportation တွင် ဌားရမ်းနိုင်ပါတယ်ရှင့်...
☎ 09 - 4 4000 95 45
14/09/2021
ₚₒₛₜ ᵢdₑₐ...Fₒᵣ Gᵢᵣₗₛ...💃
06/09/2021
ကို ဒီလိုလုပ်ပြီး...✨ABC Clients တွေကို
ဝန်ဆောင်မှု ပေးလိုက်ရရင် ဖြင့်... ❓❓❓
01/09/2021
💬ဒီတသက် လူညီပြီး သွားဖြစ်ပါ့ဦးမလား...😁
Click here to claim your Sponsored Listing.
Category
Website
Address
52st
Yangon