1XBET

1XBET

Share

02/12/2023

ဒီရာသီ ဈေးဦးပေါက် အရင်ဆုံး ထုတ်ခံရမယ့် နည်းပြ အဖြစ် အဲရစ်တန်ဟက် က ထိပ်ဆုံးက ရေပန်းစားနေ
---------------------------------

ဒီတလော ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဈေးဦးပေါက် အဖြစ် ပထမဆုံး အထုတ်ခံရမဲ့ နည်းပြအဖြစ် ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂါလာတာစာရေးနဲ့သရေကျခဲ့တာကြောင့် အဲရစ်တန်ဟက်အတွက် ဖိအားပိုများလာပြီဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂါလာတာစာရေးကို ၂-၀ ဂိုး၊ ၃-၁ ဂိုးတွေနဲ့ အကြိမ်ကြိမ် ဦးဆောင်နိုင်ခဲ့ပေမဲ့ အနိုင်ရလဒ်မထိန်းနိုင်ဘဲ ၃ ဂိုးစီ သရေကျခဲ့တာကြောင့် အခုဆိုရင် ချန်ပီယံလိဂ်အုပ်စုကနေ လှည့်ပြန်ရဖို့ နီးစပ်နေပါပြီ။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ၆၁ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစမှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၁၃ ပွဲကစားအပြီးမှာပဲ ၅ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ချန်ပီယံလိဂ်အုပ်စုကနေ ထွက်ရဖို့ နီးစပ်သွားပြီးတဲ့နောက် ရာသီမကုန်ခင် နည်းပြရာထူးက အထုတ်ခံရဖို့ ဘွတ်ကီဒိုင် တွေရဲ့အလေးပေးချက်မှာ ထိပ်ဆုံးက ရေပန်းစားနေပြီဖြစ်ပါတယ်။

နာမည်ကျော် ဘွတ်ကီဝက်ဘ်ဆိုက်ဖြစ်တဲ့ Betfair က ရာသီမကုန်ခင် အဲရစ်တန်ဟက် ရာထူးက အထုတ်ခံရဖို့ အတွက် ၄ လေး/၆ လေးနဲ့ အလေးပေးချက်ဖွင့်လှစ်ထားပြီး အဲရစ်တန်ဟက်သာ အထုတ်ခံရရင် ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ ဇီဒန်းက ၇ လေး/၂ လေးနဲ့ ရေပန်းစားနေပါတယ်။မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲကြပ် ကစားရမှာ ဖြစ်ပြီး အဲဒီနောက် အိမ်ကွင်းပွဲတွေအဖြစ် ချယ်လ်ဆီး၊ ဘုန်းမောက်တို့နဲ့ ဆက်တိုက်ကစားရမှာပါ။

အဲဒီနောက် ချန်ပီယံလိဂ်အရေးကြီးပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းပွဲ လက်ခံကစားရမှာဖြစ်တာကြောင့် လာမယ့် ပွဲတွေမှာ ရလဒ်မကောင်းရင် အဲရစ်တန်ဟက်ရဲ့အနာဂတ် မသေချာနိုင် တော့ပါဘူး။

02/12/2023

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေအား ဆောရီးပါ ဆိုတဲ့ ဂါနာချိုရဲ့ တောင်းပန်စကား
---------------------------------

ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ဂါလာတာစာရေးနဲ့ ၃-၃ သရေပွဲအပြီးမှာ မန်ယူ တောင်ပံ ကစားသမား ဂါနာချို ကတော့ ဆိုရှယ်မီဒီယာ ကနေတဆင့် အသင်းပရိသတ်တွေအား တောင်းပန်လိုက်ပါတယ်။မဖြစ်မနေနိုင်ဖို့လိုခဲ့တဲ့ အစ္စတန်ဘူလ်က ပွဲမှာ ဂါနာချိုဟာ မန်ယူအတွက် အဖွင့်ဂိုးကိုသွင်းပေးခဲ့တာပါ။ ဖာနန်ဒက်စ် ပေးလိုက်တာကို လွတ်လွတ်ကျွတ်ကျွတ် ဖြစ်နေတဲ့ အာဂျင်တီးနားသားက ဂိုးသမားမဖမ်းနိုင်တဲ့ကန်ချက်မျိုးနဲ့ ကန်ခဲ့ပါတယ်။

အဲဗာတန်နဲ့ပွဲမှာ ဘိုင်စကယ်ကစ်ဂိုးသွင်းခ့တဲ့ ဂါနာချိုတစ်ယောက် ၂ ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာပါ။ ပွဲချိန် ၁၈ မိနစ်မှာလည်း ဖာနန်ဒက်စ်ရဲ့ဂိုးကြောင့် မန်ယူဟာ ၂ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းအစမှာလည်း ၃-၁ နဲ့ ဦးဆောင်နိုင်ခဲ့သေးပေမယ့် အိုနာနာရဲ့အမှားတွေကြောင့် နောက်ဆုံးမှာ ၃-၃ သရေ ကျခဲ့ကာ အုပ်စုက ပြုတ်လုနီးပါး ဖြစ်သွားတာပါ။အဲဒီပွဲပြီးတော့ ဂါနာချိုက Instagram ပေါ်မှာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ အဲဒီပို့စ်ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။”ဆောရီးပါ ယူနိုက်တက်ပရိသတ်တို့ရေ .. ဒါဟာ ချန်ပီယံလိဂ်ပါ။ အဲဒါကို ကျွန်တော်တို့ နားလည်သလို တာဝန် ယူလည်း ယူပါတယ်။ တစ်ပွဲ ကျန်နေသေးသလို ကျွန်တော်အစွမ်းကုန်ကြိုးစားသွားမှာပါ”လို့ ရေးထားခဲ့ပါတယ်။မန်ယူဟာ အုပ်စုနောက်ဆုံးပွဲမှာ ဘိုင်ယန်ကို နိုင်ရင်တောင် တစ်ဖက်ကပွဲမှာ ဂါလာတာစာရေးနဲ့ ကိုပင်ဟေဂင်တို့ သရေကျမှ နောက်တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။

02/12/2023

'' ဒိုင်လူကြီးတွေ လုပ်ပွဲ လုပ်တာလား ပြောခံနေရတဲ့ ဂါလာတာစာရေး ၃-၃ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် ''
---------------------------------

မနေ့ညက ဂါလာတာစာရေးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ တော်မီနေးရဲ့ လက်ထိဘောကို ပင်နယ်တီ မပေးခဲ့တာ၊ အငြင်းပွားစရာ လူကျွံဆုံးဖြတ်ချက်တွေကြောင့် ဒိုင်လူကြီးတွေ လုပ်ပွဲဖန်တီးခဲ့တယ်လို့ ပရိသတ် တွေက စွပ်စွဲနေကြပါတယ်။ပထမပိုင်း ၁၁ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖန်တီးမှုကနေ ဂါနာချိုက အဖွင့်ဂိုးသွင်းခဲ့ပြီး နောက် ၄ မိနစ်အကြာမှာပဲ ဂါလာတာစာရေးတို့ ပင်နယ်တီ ကန်ခွင့် ရသင့်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။

ပင်နယ်တီဧရိယာအတွင်း အန်ဒွန်ဘီလီရဲ့ကန်ချက်က တော်မီနေး လက်မောင်းနဲ့ထိသွားပေမဲ့ VAR က ပင်နယ်တီ မပေးသလို ကွင်းလယ်ဒိုင် ဟိုဆေးဆန်းချက်ဇ်ကလည်း ရုပ်သံပြန်မကြည့်ခဲ့ပါဘူး။ အင်္ဂါနေ့က PSG-နယူးကာဆယ်တို့ရဲ့ပွဲမှာ နယူးကာဆယ်နောက်ခံလူ လစ်ဗရာမန်တိုရဲ့ အငြင်းပွားစရာ လက်ထိဘော ကနေ ပယ်နယ်တီပေးခဲ့ရပြီး ၂၄ နာရီအကြာမှာကစားတဲ့

ဂါလာတာစာရေး-ယူနိုက်တက်ပွဲမှာတော့ တော်မီနေးရဲ့လက်ထိဘောကို ပင်နယ်တီပေးဖို့ VAR က ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ပရိသတ်တွေက ပွဲအပြီးမှာ အခုလို မှတ်ချက်တွေ ပေးနေကြပါတယ်။ ‘စဉ်းစားကြည့်လေ .. ယူနိုက်တက်သာ အုပ်စုက ထွက်ရရင် UEFA အတွက် အမြတ်ငွေ အများကြီး ဆုံးရှုံးမှာဖြစ်လို့ ယူနိုက်တက်ကို မဖြစ် ဖြစ်တဲ့နည်းနဲ့ အုပ်စုက တက်ခွင့်ရအောင် ဂွင်ဖန်မှာပဲ.. လုပ်ပွဲကြီးပါကွာ . .’၊

‘ဒါက သေချာပေါက် ပယ်နယ်တီပေးရမှာပါ . .VAR ဟာ ယူနိုက်တက်ဘက်ကို သိသိသာသာ ဘက် လိုက်ခဲ့ပါတယ် ’ လို့ လူမှုကွန်ရက်မှာ ဝေဖန်ရေးသားခဲ့ကြပါတယ်။ဒါ့အပြင် ပထမပိုင်းပြီးခါနီးမှာ ဂါလာတာစာရေးတိုက်စစ်မှူး အီကာဒီ လွတ်လွတ်ကျွတ်ကျွတ် ပြေးထွက်ပြီး ဂိုးသွင်း ခဲ့ပေမဲ့ စည်းကြပ်ဒိုင်က လူကျွံအလံထောင်ခဲ့သလို VAR ကလည်း စည်းကြပ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လူကျွံပေး ခဲ့ပါတယ်။

ဒါပေမဲ့ ရုပ်သံပြကွက်အရ လင်ဒီလော့ဖ်ရဲ့ လက်မောင်း အနေအထားက အီကာဒီကို Onside ဖြစ်စေတာကြောင့် VAR ရဲ့ဆုံးဖြတ်ချက်က အငြင်းပွားစရာဖြစ်ခဲ့ရပါတယ်။
ချန်ပီယံလိဂ်မှာ လူကျွံဘောကို VAR က Line မဆွဲဘဲ semi-automated စနစ်နဲ့ ဆုံးဖြတ်တာဖြစ်ပေမဲ့ အငြင်းပွားစရာတွေက ရှိနေဆဲပါပဲ။

လူကျွံဘောဖြစ်ရပ်နဲ့ပတ်သက်ပြီး ပရိသတ်တွေက
‘ဒါက လူကျွံဘောမဟုတ်ပါဘူး . .ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်က ရှက်စရာပါပဲ . .’၊ ‘ဂါလာတာစာရေးဟာ ဒိုင်လူကြီးတွေရဲ့ဓားပြတိုက်တာခံခဲ့ရပါတယ်’လို့ X(Twitter)မှာ ဝေဖန်ရေးသားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၁၈ မိနစ်အတွင်း ဂါနာချို၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဇီယက်ချ်က ဖရီးကစ် ကနေ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။

၅၅ မိနစ်မှာ တွမ်မီနေးက တတိယဂိုး သွင်းခဲ့ပေမဲ့ ဇီယက်ချ်ကပဲ ဖရီးကစ်ကနေ ဒုတိယချေပဂိုး၊ ၇၁ မိနစ်မှာ အက် ခ်တာကော့ဂလူက တတိယချေပဂိုးပြန်သွင်းခဲ့တာကြောင့် ၃-၃ ဂိုးစီ သရေကျခဲ့ပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Address


Yangon