Cutties Baby
29/05/2021
' အစကောင်းမှ အနှောင်းသေချာ '
Feb 1 ရက်နေ့ကတည်းက
ဘယ်သူမှတိုက်တွန်းစရာမလိုပဲ
ကိုယ့်အသိစိတ်နဲ့ကိုယ် CDM လုပ်ခဲ့တာ
ကျွန်မတို့ Online Business သမားတွေပါ
ဘာလို့လဲ???
ပြည်သူတွေ စိုးရိမ်ပူပန်နေတဲ့ အချိန်မှာ
ကျွန်မတို့ရဲ့ ဈေးရောင်းပိုစ့်တွေက
အနှောက်အယှက်ဖြစ်စေနိုင်တယ်ဆိုတဲ့ အသိစိတ်လေးရှိလို့ပါ
အခုဆို Online Business သမားတွေ
ဝင်ငွေ မရှိပဲ နေနေရတာ ယနေ့အထိပါ
ဒါပေမယ့် ကျွန်မတို့ စိတ်ဓာတ်မကျပါဘူး
ဘာလို့လဲ???
ဒီအရေးတော်ပုံ အောင်ရင်
စီးပွားရေး တွေ အသစ်တစ်ဖန် ပြန်ကောင်းလာမယ်ဆိုတာ
ကျွန်မတို့ယုံကြည်ထားလို့ပဲဖြစ်ပါတယ်
အခုဆိုရင် အရေးတော်ပုံ အောင်ဖို့
အင်တိုက်အားတိုက် ပါဝင်နေကြတဲ့ထဲမှာ
Online Business သမားအများစုပါဝင်နေတာတွေ့ရပါတယ်
ဈေးရောင်းပိုစ့် မတင်ရရင် လိုက်ဖ်မလွင့်ရရင် မနေနိုင်တဲ့
Online Business သမားတွေ
အခုဆိုရင် ယနေ့ထိ ဝင်ငွေ မရှိပဲ
အရေးတော်ပုံ အောင်ဖို့ ကိုယ်တတ်နိုင်တဲ့ဘက်က
ကြိုးစားပါဝင်နေကြတဲ့ သူတွေတိုင်းကို
တကယ်လေးစား ဂုဏ်ယူပါတယ်
အရေးတော်ပုံ အောင်ကို အောင်ရမယ်
တကယ်လည်း အောင်တော့မယ်လို့ စိတ်ထဲအပြည့်အဝ ယုံကြည်နေတယ်
ယနေ့ထိ ဖိုက်ခဲ့ပြီးပြီပဲ
အောင်တဲ့ထိ ဆက်ဖိုက်ကြမယ်
ဝင်ငွေအကန့်သတ်မရှိဈေးရောင်းနိုင်မယ့်ရက်တွေကို
မျှော်မှန်းရင်း ..... Fighting 💪💪 Online Business သမားများ
Credit
♥️ဘေဘီလေးတွေ ရဲ့ ဆောင်းတွင်း စတော်ဘယ်ရီ အာသီးရောင်ခြင်း 🍓🍓🍓🍓🍓
COVID ကာလမို့ လည်ပင်းနာ၊ ဖျား စိတ်ပူနေကြတဲ့မေမေ တို့အတွက် ပြန်လည်မျှဝေပါတယ် ။
မြူခိုးဝေတဲ့ ဆောင်းနဲ့ အတူ ဘေဘီလေး မေမေတို့ရဲ့ ညည်းတဲ့အသံလေးတွေ ကြားရပီပေါ့
"အမေရ
သမီးကလေ အသံလေးက အက်တက်တက်နဲ့ ချောင်းသံလေးလဲ ကြားနေရတယ်
ဖျားလဲ ဖျားနေပီ မရေ
သွားရည်လေးတွေလဲ အရင်ကထက်ပိုကျလာတယ်
ငိုပီး ဂျီလဲ ကျတယ် မရယ်
အစာလဲ သိပ်မစားဘူး
နို့လဲ သိပ်မစို့ နိုင်ဘူး မ ရေ
ဂျီလွန်းလို့ စိတ်တွေလဲ ဆင်းရဲနေပါပီ ""
လို အသံကြားရရင်တော့ ဘေဘီလေးတွေအတွက် ဆောင်တွင်း လက်ဆောင် အာသီးလေးတွေရောင်ပါပီ
# အာသီးရောင်တယ် ဆိုတာဘာလဲ?.
အာသီးရောင်တယ် ဆိုတာကတော့ အာခေါင်နောက်ပိုင်းက အာသီးလေတွေ ရောင်တာပါ လည်ပြွန်လေးတွေပါ ရောင်တတ်ပါတယ်
# ဘာကြောင့် အာသီးရောင်ပါသလဲ?
များသောအားဖြင့်တော့ ဘေဘီလေးတွေကို ဖြစ်စေတာ VIRUS ပိုးကြောင့်ပါ
Streptococcus ဘတ်တီးရီးယားပိုးကြောင့်လဲ ဖြစ်နိုင်ပါတယ်
# ဘယ်လိုကူးလဲ ?
အားသီးရောင် ချောင်းဆိုးနေတဲ့ လူကြီးတွေဆီက ကူးပါတယ်လို့ပဲပြောပါရစေ
ကလေးတွေကို လက်မဆေးပဲ ကိုင်ရင် ရှေ့မှာချောင်းဆိုရင် အနားမှာ ချောင်းဆိုးနေသူရှိရင်တော့ ကူးပီပေါ့နော်
ဘယ်လို လက္ခဏာတွေရှိမလဲ ?
ဘေဘီလေးတွေက သူတို့ လည်ချောင်းနာကြောင်းကို စကားကလဲ မပြောတတ်သေးတေ့ာ သိပ်သနားဖို့ကောင်းပါတယ်
နားလွန်းတော့ ငို
သွားရည် မြိုရင်တောင် နာ တော့ ငို
နို့ စိုတော့ မြိုလဲ ငို
မစို့နိုင်တော့ ဗိုက်ဆာလို့ငို နဲ့ မျိုးစုံ ဂျီတော့တာပါပဲ
ဖျားလာမယ်
ချောင်းဆိုးမယ်
အသံလေးတွေ အက်တက်တက်ပြောင်းလာမယ်
နို့မစို့နိုင်ဘူး ရှူးပေါက်နဲမယ်
လည်ပင်းဘေး နားနောက် အစိအကျိတ်လေးတွေ ထွက်လာမယ်
သွားရည် ပိုကျလာမယ်
ပါးစပ်က အနံ့ဆိုးတွေ ထွက်မယ်
ဒါလေးတွေ ဖြစ်တတ်ပါတယ်
# ဘာလုပ်ရမလဲ ?
နီးစပ်ရာ ဆရာဝန်ဆီပြပါ
ဆရာဝန်က ပါးစပ်ထဲငြည့်ပေးရင် စတ်ေဘယ်ရီသီးလို ရဲနေတာ တခါတလေ အဖြူဖတ်လေးတွေတွေ့တာ ရှိတတ်ပါတယ်
# ဘာစစ်ရမလဲ ?
များသောအားဖြင့် စစ်စရာမလိုပါဘူး
ကလေးကြီးတွေ ကိုတော့ လည်ပင်းက နေ ပိုးရှိမရှိစစ်တာတွေ ရှိနိုင်ပေမယ့် မစစ်ရတာများပါတယ်
ဆရာဝန်ကကြည့်ပီးဆုံးဖြတ်ပေးပါ့မယ်
ဘယ်လိုကုသပေးရမလဲ ?
များသောအားဖြင့် supportive treatment လေးတွေပဲ လိုတာများပါတယ်
နာနေတော့ paracetamol အရည်လေးတွေကို ၁၂၅ mg ပါတဲ့ အရည်လေးတွေ ၆ နာရီခြား ၄ ကြိမ်တိုက်လို့ရပါတယ်
ခပ်နွေးနွေးပျော့ပျော့ အစာလေးတွေ နဲနဲ နဲ့ ခနခန ငျွေးဖို့လိူပါတယ် ဥပမာ ဆနိပြုတ်ပူပူ , စွပ်ပြုတ်ရည် ,နွားနို့ ထမင်းပူပူလေးတွေ
ငှက်ပျောသီး , ပူတင်းလိုမျိုးတွေ ပေါင်မုန့် နို့စိမ်လေးတွေကိာ နဲနဲဆီကျွေးပါ
မာပီး စားရခက်တာ မျိုရခက်တာတွေ မကျွေးပါနဲ့
အရည် များများတိုက်ပါ
Frozen breast milk အမေနို့ညှစ် ပီး ရေခဲသေတ္တာထဲနဲနဲအေးအောင်ထားပီး နဲနဲတိုက်ပါ
အရေးကြီးတာတေ့ာ အရမ်းနာလို့ မစားမသောက်ရင်းနဲ့ ရေဓာတ်ခမ်းခြောက် ဆီး အရမ်းနဲမှာ စိတ်ပူရပါတယ် ဒါကြောင့် ဆီး အကြိမ်အရေတွက်မှန်ထားပါ
ဆီး က ပုံမှန် ၄ , ၅ကြိမ် သွားရမှာ မသွားပဲ နဲနေရင် ကျောက်ကပ် ထိနိုင်ပီး ရေဓာတ်ပြန်ဖြည့်ဖို့ နီးစပ်ရာ ဆရာဝန်ပြသင့်ပါတယ်
Virus လာ ဘတ်တီးရီးယားလားကိုတော့ ဆရာဝန်မှကြည့်ပီး ပိုးသတ်ဆေးလိုရင်ပေးပါလိမ့်မယ်
တချို့ပိုးက နှလုံးလေးဘတ်နာဖြစ်တတ်လို့ပါ
ဒါပေမယ့် အာသီးရောင်တိုင်းအရမ်းစိတ်ပူနေဖို့ မလိုပါဘူး
တနှစ်အထက်ကလေးများ
ရေကျက်နွေးလေးထဲ သံပရာနဲနဲလေးထည့်ပီး တိုက်ကြည့်ပါ သို့ ပျားရည်လေးထည့်တိုက်ပါ
တနှစ်အောက် ကလေးများကို ပျားရည် လုံးဝမတိုက်ပါနဲ့ ဆားရည် မတိုက်ပါနဲ့
ကလေးအခန်းထဲ humidifier လေးထည့်ထားပေးပါ
ခြင်းဖြင့် အခန်းထဲက လေလေးတွေ စိုဆွတ်ရင်း ကလေးလည်ချောင်းလေးတွေ သက်သာစေပါတယ်
# ကလေးတွေ အားသီး ဘယ်နှကြိမ်ရောင်တတ်သလဲ ?
ကလေး ဘဝမှာ ခနခန ရောင်တတ်ပါတယ်တဲ့ နော်
# ဘယ်လိုကာကွယ်ရမလဲ ?
ဒီလိုရာသီရောက်ရင်ဖြင့် ကလေးကောလူကြီးပါ လက်ခနခန ဆေးပါ.
လူကြီးတွေတော့ လည်ချောင်းနာနေရင် ကလေးနားသိပ်မကပ်ပါနဲ့နော်
ဒီလိူ အအေးပါတ် အာသီးရောင် တုတ်ကွေးဖြစ်တတ်တဲ့ ရာသီမှာ လက်သေချာဆေးကြပါ
ကာကွယ်ဆေးတော့ ထိုးစရာမရှိပါဘူးလို့
အာသီးရောင်ခြင်းဟာ အရမ်း စိတ်ပူရတဲ့ ရောဂါမဟုတ်ပေမယ့် စကားမပြောတတ်သေးတဲ့ ကလေးမေမေတို့ ကလေး အစာမစား တချိန်လုံး ဂျီနေတော့ စိတ်ညစ်ရတဲ့ ရောဂါမို့လို့ ဒါလေးကို ဝေမျှပေးလိုက်ပါတယ်မေမေတို့ရေ
Knowledge Sharing is a kind of caring ပါလို့
မေတ္တာဖြင့်
ဒေါက်တာခိုင်ဝါဝါထွန်း
ကလေးအထူးကုဆရာဝန်
29/01/2021
Dutch Mill Kids အရောင်စုံ အရသာစုံ ထပ်ရောက်ပါပြီ
Thai quality 🇹🇭 အစစ်ပါနော်
၄ လုံးပါ တစ်ကဒ် -1100ကျပ်ပါ
09978630845 သို့မဟုတ် Cb ကိုဆက်သွယ်မှာယူနိုင်ပါတယ်
27/01/2021
၆ လ ပြည့်ပြီးသားသားမီးမီးလေးတွေကို snack လေးတွေစကျွေးဖို့ ကိုက်ပြီးစားလိုက်ရုံနဲ့ ပါးစပ်ထဲတင်အရည်ပျော်သွားစေမဲ့ baby bites နဲ့ baby guide လေးတွေ ရပါပြီနော် 😊😊
ဆန်ကိုအခြေခံပြီးပြုလုပ်ထားတဲ့ organic rice cracker လေးတွေဖြစ်လို့ မေမေတို့ရွေးချယ်ဖို့အတွက် အသင့်တော်ဆုံးပါပဲ 😇
အရသာမျိုးစုံရှိတဲ့အတွက် ကြိုက်နှစ်သက်ရာကိုရွေးချယ်ပြီးကျွေးလို့ရပါတယ်နော် 😋😋😋
Cracker လေးတွေဆိုတော့ သယ်သွားရလွယ်ကူစေတဲ့သရေစာမုန့်ဆိုလဲမမှားပါဘူးနော်.....
စျေးနှုန်းလေးလဲသင့်တင့်ပြီး ပစ္စည်း instock ရှိပါတယ်ရှင့်
တစ်ဘူး - 5500 ks
09978630845 သို့မဟုတ် Cb ကိုဆက်သွယ်မှာယူနိုင်ပါတယ်၊
21/01/2021
Love Earth Organic Quick Rolled Oat (400 g)
Quick Rolled Oat လေးဖြစ်လို့ ပြန်ကျိုစရာမလိုဘဲ ရေနွေးလေးနဲ့ ဖျော်လို့ရပါတယ်နော် နို့နဲ့ပဲရောပြီးဖြစ်စေ အသီးအနှံလေးတွေနဲ့ ရောပြီးဖြစ်စေ ကျွေးလို့ရပါတယ်...😋😋
Oat သားလေးကနူးညံ့ပြီး Organic ဖြစ်လို့ ဘေဘီလေးတွေကို စိတ်ချလက်ချ ကျွေးလို့ရပါတယ်နော်
အစာကြေလွယ်တဲ့အပြင် Vitamin , Minerals, Fiber & Antioxidant တွေ ကြွယ်ဝစွာ ပါဝင်လို့ ကလေးများအတွက်အာဟာရပြည့်စေပါတယ်
Fiber အမျှင်ဓာတ်လေးတွေ များပြားစွာ ပါဝင်လို့ ကလေးများရဲ့ အစာခြေစနစ်ကိုလဲ အထောက်အကူပြုစေပါတယ်ရှင်
ဝိတ်ချချင်တဲ့သူတွေအတွက်လဲ Cholesterol လျော့ထားတာကြောင့် အဆင်ပြေပါတယ်နော်......☺☺☺
မေမေရော ဘေဘီလေးတွေအတွက်ပါ အဆင်ပြေတဲ့ Love Earth တံဆိပ် Organic Quick Rolled Oat ကို Cutties Baby မှာ မှာယူလို့ရပါပြီနော်
စျေးနှုန်းလေးကတော့ -၅၅၀၀ကျပ် ပါနော်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11051