Genius Book House

Genius Book House

Share

09/06/2026

❝ ဖျံဖမ်းသမား ❞ - မောင်ချောနွယ်

ဘာမှမဟုတ်ပါဘူး
ဘာမှမဟုတ်တဲ့ အလကားကောင်ပါ
ဘဝမှာ မဖြစ်ချင်တာတွေ ခပ်များများနဲ့ကောင်ပါ
ဖို့(ဒ်)ကားကုမ္ပဏီပိုင်ရှင်လည်း မဖြစ်ချင်ဘူး
စပျစ်ခြံပိုင်ရှင်လည်း မဖြစ်ချင်ဘူး
ဂေါက်သီးသမား အားနိုးပါးမားလည်း မဖြစ်ချင်ဘူး
ဝါရင်ဘီတီလည်း မဖြစ်ချင်ဘူး
ဖြစ်ချင်တာက တစ်ခုတည်းရယ်ပါ
ဖျံဖမ်းသမားပဲ ဖြစ်ချင်တယ်
ဒါနဲ့ပဲ
ဖျံတွေကိုဖမ်းဖို့ လိုက်ရှာခဲ့တယ်
ဖျံတွေက ဘယ်နေရာတွေမှာ
ဘယ်လိုကျက်စားကြသလဲ
ဖျံတွေရဲ့ အသွားအလာတွေက
ဘယ်အချိန်တွေမှာ ဘယ်လိုတဲ့လဲ …
ခု …
သူတို့တွေက
လီဗာပူးအသင်းနဲ့ မန်ချက်စတာအသင်းတွေမှာ
ဝင်ကစားနေကြတယ်ဆိုပဲ
ဟုတ်လား
ဒါဆိုရင်သွားမယ်
သွားဖမ်းမယ်
မရှိကြတော့ဘူးတဲ့
အလန်ရှီးယား ခြေထောက်ကိုဝယ်ပြီး
ထွက်သွားကြပြီ … တဲ့။

ဒါဆိုရင်
ဘရာဇီးလ်က ကော်ဖီခင်းတွေမှာ
ကျက်စားနေကြတာဖြစ်မှာ
ဟော … မရှိကြပြန်ဘူး
မြေထဲပင်လယ်ဘက်ကို ထွက်သွားကြပြီတဲ့

အဲဒီမှာ …
ကာရေဗီယန် ငါးဥကျော်တွေ စားသောက်လို့တဲ့။
ဟော … မဟုတ်ပြန်ဘူးတဲ့
ဟိုတယ်ကာလီဖိုးနီးယားမှာ
ဟိုတယ်ကာလီဖိုးနီးယားသီချင်းနဲ့
ကခုန်နေကြပြန်ပြီတဲ့
ကြည့် မရှိပြန်ဘူး
ခက်ပြီ
သတင်းထွက်လာတာက
ဘေ့စ်ဘောလုံး သွားကစားနေကြပြန်ပြီတဲ့။

ဟော … မဟုတ်ရပြန်ဘူး
နိုင်ရာဂါ ရေတံခွန်ဆီသွားပြီး
ရေတံခွန်အလှကို ရှုစားရင်း
ဒင်းတို့ ဇိမ်ခံနေကြပြန်ပြီတဲ့
လိုက်သွားတော့ လန်ဒန်ဇူးရစ်မှာ
ရွှေသွားဝယ်ကြတယ် … တဲ့
ဟော … မဟုတ်ရပြန်ဘူးတဲ့
ဟော … မဟုတ်ရပြန်ဘူးတဲ့

ဒင်းတို့က မယ်ဒိုနာနဲ့ ပလူးပလဲ ဖြစ်နေကြပြန်သတဲ့
ခက်ပြီ
ကာစပါးရော့နဲ့လဲ ချက်ကစားပြန်ပြီတဲ့
ခက်ပြီ
ဒီကောင်တွေ
တော်တော်ဖျံကျတဲ့ ကောင်တွေပါလား
အေးလေ ဒီကောင်တတွေက ဖျံတွေပဲကိုး
ဒါနဲ့ငါလေ
လိုက်မောရှာမော အမောကျောပိုးအိတ်နဲ့
ရထားစီးပြီး မြို့ပြန်ခဲ့တယ်။

ဟာကြည့်စမ်း
တွေ့ပြီ တွေ့ပြီ
ဒက်ထိကို တွေ့တော့တာပဲကိုး
ကြည့်စမ်း တွေ့မယ့်တွေ့တော့
ခေါင်းမွေးစုတ်ဖွားနဲ့ လယ်ဝေးပျဉ်းမနားက
ပျော်ဘွယ်ကြံခင်းထဲမှာ
ဇပ် ဇပ် ဇပ် ဇပ်
ဂတ် ဂတ် ဂတ် ဂတ်နဲ့
ဘဲတွေ မစင်နင်းသလို နင်းပြီး
နှုတ်သီးချွန်ချွန်ကလေးပေါ်မှာ
ဘောလုံးကို မြှောက်မြှောက်ပြီးကစားလို့
အား ပါး ပါး။

ဒီလိုပါ
ဖျံဖမ်းသမား အောင်မြင်ခဲ့တယ်ဆိုတာ
ပြောပြတာပါ။ ။

▪️မောင်ချောနွယ်


#မောင်ချောနွယ် #ဖျံဖမ်းသမား

08/06/2026

အများနှင့် မတူဘဲ တမူထူးကဲ၍ တမိုးအောက်မှာ
တယောက် ထွန်းပေါက်အောင်မြင်သူ ပါရမီရှင်
စစ်ရေးနည်းဗျုဟာသမားအဖြစ် သမိုင်းတွင်တဲ့—
ဗိုလ်ချုပ်ဝင်းဂိတ်ရဲ့ ဘဝအတ္ထုပ္ပတ္တိကိုအခြေပြု၍
ကိုယ်ပျောက်စစ်သည်များသဖွယ် ဂျပန်တပ်များ၏
နောက်တန်းကို ထိုးဖောက်၍ ချောက်ချားစေခဲ့သော
ချင်းဒစ်(ခြင်္သေ့) တပ်သားများရဲ့ တောကို ဖြတ်ကာ
တောင်ကိုကျော်၍ ချင်းတွင်းနဲ့ ဧရာဝတီမြစ်များကို
စုန်ဆန် ကူးခဲ့သော အကြမ်းပတမ်း စစ်ချီခရီးလမ်း
တလျှောက်မယ် ကြုံရ ဆုံရပုံ အဖုံဖုံကို စစ်သမိုင်း၊
ကိုယ်တွေ့မှတ်တမ်း စတဲ့ စာအုပ်အစောင်စောင်ကို
အကိုးအကား၍ ရေးသား ပြုစုထားသော စာအုပ်။

ထူးချွန်သူပုဂ္ဂိုလ်တဦးရဲ့အတ္ထုပ္ပတ္တိလိုလည်းကောင်း၊ရှေးဖြစ်ဟောင်း စစ်သမိုင်းကျမ်းတစောင်တဖွဲ့ကဲ့သို့
လည်းကောင်း၊ တောတွင်းစွန့်စားခန်း ဖြစ်ရပ်မှန်များ
စာအုပ်တအုပ်ကဲ့သို့ လည်းကောင်း….
မိမိတို့ အာရုံသန်ရာ ရှုထောင့်အထွေထွေက နေပြီး
ဖတ်လို့ ရနိုင်တဲ့ —
အချက်အလက်မှန်ကို အခြေတည်ထားသော်လည်း
ရသမြောက် တင်ပြပုံ ဆန်းသစ်သမို့ ဖတ်ရှုလို့ဖြင့်
မငြီးငွေ့နိုင်တဲ့— စာအုပ်။

ဝင်းဂိတ်စာအုပ်နဲ့ပတ်သက်လို့ အခုထက် ပိုပြီးတော့
ညွှန်းချင်သော်ငြားလည်း ပေါ့လေ၊ စာရှည်မှာစိုးရဲ့။
သဟာကြောင့် ရှေ့မှာ နှစ်ခါ ပြောခဲ့ပြီးသလိုပါပဲ။
ဒီစာအုပ်ဟာ ဆိုရင် ရှေ့က ပုံနှိပ်ထုတ်ဝေထားတဲ့
အကြာဆုံးစစ်ပွဲ မြန်မာပြည် စာအုပ်ကြီးကဲ့သို့ပင်
အဆင်အပြင် အသွင်ဒီဇိုင်း အရည်အသွေးပိုင်းမယ်
မလျော့တဲ့၊ အကြောင်းအရာပိုင်းမယ် အင်မတန်ကိုမှ
စိတ်ဝင်စားစရာဖြစ်တဲ့—
အကြာဆုံးစစ်ပွဲစာအုပ်နဲ့အတူ တဆက်တစပ်တည်း
ပူးတွဲပြီး ဖတ်စရာ စာတအုပ်လည်း ဖြစ်ပေတဲ့—
ဗိုလ်ချုပ်ဝင်းဂိတ်နှင့် သူ၏ ရဲခေါင်ပြောက်ကျား
ချင်းဒစ်တပ်ဖွဲ့များရဲ့ ဒုတိယကမ္ဘာစစ်ကြီးအတွင်း
မြန်မာပြည်စစ်မြေပြင်တခွင် ထိုးဖောက် ချဉ်းနင်း၍
ဂျပန်တပ်တွေကို ဘတပြန် ကျားတပြန် စစ်ဆင်ခဲ့ပုံ
အကြောင်းစုံကို—
စစ်သမိုင်းစာအုပ် ထူထူထဲထဲ ဧရာမကြီးများ
ရေးသားပြုစုရာမှာ စာဖတ်သူတွေနဲ့ ရင်းနှီးနေ
ပြီးသား ဆရာထွန်းသစ်ရဲ့လက်ရာ………
#ဝင်းဂိတ်အော့ဖ်ဘားမား လို့ အမည်သညာပေး
ထားတဲ့ စာအုပ်ကြီးဟာဖြင့်—
ဇော်ဂျီဖိုလ်ဝင်တိုက်ရဲ့ ၁၆နှစ်ပြည့်မြောက်တဲ့
#နှစ်လည်အထူးထုတ် စစ်သမိုင်း/အတ္ထုပ္ပတ္တိစာအုပ်
အဖြစ် မကြာမီ ထွက်ပါတော့မယ်လို့သာ ဆိုပါစေ။

စာအုပ်တိုက်ရဲ့ နှစ်လည်အထူးထုတ် စာအုပ်ကြီးမို့
အခန့်ချုပ်၊ ရုပ်ပုံ၊ မြေပုံတွေနဲ့ အတူ သပ်ရပ် ခံ့ထည်
အရည်အသွေးမြင့် ကိုးကားကျမ်းတစောင်တဖွဲ့နှယ်
ရေရှည် ဖတ်နိုင်ဖို့၊ စာအုပ်စင်ပေါ်မှာ သိမ်းထားနိုင်ဖို့
အသေအချာ ဂရုဓမ္မထားပြီး၊ စီစဉ်နေပါပြီ။

ဪ- ပြောရဦးမယ်။
ဆရာထွန်းသစ်က ဒီစာမူကြီးကို ၂၀၁၇ ခုနှစ်မှာ
ထုတ်ဝေသူလက်ထဲ ပေးထားခဲ့ပေမယ့်လည်းပေါ့
ကြားထဲမယ် အကြောင်းကြောင်းသော အကြောင်း
တွေကြောင့် အခု ၁၀ နှစ်နီးပါး ကြာပြီးမှသာ ပုံနှိပ်
ထုတ်ဝေနိုင်တဲ့ စာအုပ်လည်း ဖြစ်ပါတယ်။
………………………………………………….

ခေါင်းစီး လက်ရေးစာလုံး - ဆရာတင်ထွဏ်း
အတွင်းရေခံ ပန်းချီ+ မျက်နှာဖုံးအပြင်အဆင်
ဆရာလင်းဝဏ္ဏ တို့က အနုပညာပိုင်းဆိုင်ရာမှာ
အားဖြည့်ထားမှုနှင့်အတူ—

စာမျက်နှာ ၄၀၀ ကျော် + ဓာတ်ပုံ ၁၆ မျက်နှာ။
စာအုပ်အရွယ်အစား ၆-၉ လက်မ။
စက္ကူဖြူ ထူ ချော။
ကြွေစက္ကူသန့် (အတွင်းပုံများအတွက်)

အခန့်ချုပ်ဖြင့်— သန့်သန့်ခံ့ခံ့ ပုံနှိပ်သည်။

တန်ဖိုး #ကျပ်_လေးသောင်းငါးထောင်

#ဝင်းဂိတ်

08/06/2026

လက်တင်အမေရိက စာပေလောကရဲ့ ပြိုင်ဘက်ကင်း ဇာတ်လမ်းဆင်ပုံတွေ၊ ဆန်းပြားတဲ့ အတွေးအခေါ်တွေနဲ့ စာဖတ်သူကို ဆွဲဆောင်နိုင်မယ့် ကမ္ဘာကျော် စာရေးဆရာကြီး Julio Cortázar ရဲ့ ဘာသာပြန် ဝတ္ထုတိုစုစည်းမှု စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။
မူရင်းစာအုပ်ဖြစ်တဲ့ Blow-Up and Other Stories ထဲကအတိုင်း လက်တွေ့ဘဝရဲ့ ဖြစ်တည်မှုတွေ၊ ထူးဆန်းအံ့ဩဖွယ်ရာ နာယူမှုတွေနဲ့ စိတ်ကူးစိတ်သန်းတွေကို ဆန်းသစ်လှတဲ့ ပုံစံတမျိုးနဲ့ ချဉ်းကပ်ပုံဖော်ထားပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ချင်းစီက စာဖတ်သူကို ရိုးရိုးရှင်းရှင်း ရသပေးရုံတင်မကဘဲ စာအုပ်ပိတ်လိုက်တဲ့အချိန်အထိ ရင်ထဲမှာ တွေးတောစရာ ဝေဖန်စရာ အချက်အလက်တွေကို ရိုက်ခတ်ကျန်ရစ်စေမှာပါ။
မှော်ဆန်တဲ့ လက်တွေ့ပကတိ (Magical Realism) အငွေ့အသက်တွေနဲ့ လေးနက်ဆန်းပြားတဲ့ ဘာသာပြန် ရသဝတ္ထုတိုတွေကို မြိန်ရေယှက်ရေ ခံစားချင်တဲ့ စာချစ်သူတွေအတွက်တော့ ဒီစာအုပ်လေးက လက်မလွှတ်တမ်း ဖတ်ရှုရမယ့် လက်ရာမွန်တစ်ခုဖြစ်ပါတယ်။

✍️ဒီနိုဗို
▪️ပုံကြီးချဲ့ခြင်းနှင့်အခြားဝတ္ထုတိုများ
✅တန်ဖိုး - ၂၅၀၀၀ ကျပ်
📖စာ - ၂၉၂

_________

● မှာယူလိုပါက 𝐏𝐚𝐠𝐞 𝐜𝐡𝐚𝐭 𝐛𝐨𝐱 (သို့)

𝐏𝐡 𝐍𝐨 - 09799455963 , 𝐕𝐢𝐛𝐞𝐫 𝐧𝐨 09799455963

တို့ကနေမှာယူနိုင်ပါတယ်ခင်ဗျာ။

🚚 ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ကျန်
တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့အတော်များများကို အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ) နဲ့ ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ ။

● စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ 𝐔𝐊 ၊ဂျပန်၊ ကိုးရီးယားစတဲ့ ပြည်ပ နိုင်ငံများကိုလည်း သက်ဆိုင်ရာ 𝐂𝐚𝐫𝐠𝐨 များနဲ့ ချိတ်ဆက်ပို့ဆောင်ပေးနေပါတယ်ခဗျ။
[ ငွေကြိုလွှဲစနစ်ဖြင့် ]

● အိမ်အရောက်ငွေချေစနစ် မရတဲ့ မြို့နယ်တွေကိုလည်း ကားဂိတ်တင်ပေးပါတယ်ခဗျာ။ (ကားဂိတ်ကငွေကောက်ခံမပေးတာကြောင့် ငွေတော့ကြိုလွှဲရပါမယ်ခဗျ)

● အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 )
ယူပြီးမှ ပစ္စည်းလက်ခံရရှိတဲ့အခါ ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 )ဖြင့်
ငွေပေးချေမှု လက်မခံပါကြောင်း မေတ္တာရပ် ခံပါတယ်ခင်ဗျာ 🚫

● ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 ) ဖြင့် မှာယူလိုပါက ငွေကြိုချေ ရမှာဖြစ်ပါတယ်ခင်ဗျာ ❤️

● 𝐏𝐚𝐲𝐦𝐞𝐧𝐭 အနေနဲ့ ~ 𝐂𝐚𝐬𝐡 , 𝐊𝐁𝐙 𝐩𝐚𝐲, 𝐊𝐁𝐙 𝐛𝐚𝐧𝐤, 𝐀𝐘𝐀, 𝐘𝐎𝐌𝐀, 𝐂𝐁, 𝐔𝐀𝐁, 𝐖𝐚𝐯𝐞𝐩𝐚𝐲 စသဖြင့် အဆင်ပြေရာ နဲ့ ငွေပေးချေနိုင်ပါတယ်ခဗျ။

● မှာယူအားပေးမှုအတွက် ‌𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 မှ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တယောက်ချင်းစီ တိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 💙

● 𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 ရဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://t.me/GeniusBookHouse23 ကနေလည်း

အသစ်ထွက်ရှိစာအုပ်များနှင့် စာရေးဆရာများရဲ့စာအုပ်ကောင်းများကို ၀င်ရောက်ကြည့်ရှူနိုင်ပါတယ်ခဗျာ 📚🩵

#ဒီနိုဗို #ပုံကြီးချဲ့ခြင်း

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


အမှတ် ၂၉၄ ( ပထမထပ် ) ၊ လမ်းလေးဆယ် ၊ အထက်ဘလောက် ၊ ကျောက်တံတားမြို့
Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00