Voice of Rangoon

Voice of Rangoon

Share

24/05/2022

🌹🌹 ကြီးပွားတော့မယ့်သူ 🌹🌹

ဘုရားရှိခိုးဖြစ်ရဲ့လား။
သောက်တော်ရေရောနေ့စဉ်ကပ်ဖြစ်ရဲ့လား။
ဘုရားပန်းလည်း အပတ်စဉ်လှူ ဖြစ်ရဲ့လား။
အဲ့လိုနေ့စဉ်လုပ်ရင်
#ကုသိုလ်ကိုစွဲသွားတာလို့ခေါ်တယ်။
မကြာခင် #ကြီးပွါးတော့မယ့်လက္ခဏာပဲ။

သေချာမှတ်ထား၊
လောကမှာ
အကုသိုလ်ကို စွဲသွားတဲ့လူရယ်၊
ကုသိုလ်ကို စွဲသွားတဲ့လူရယ်လို့
လူနှစ်မျိုးရှိတယ်။

လူတစ်ယောက်ဟာ
#အကုသိုလ်ဘက်မှာ စွဲသွားပြီဆိုရင်
အဲဒီလူဟာ မကြာခင် မွဲသွားတတ်တော့တာပဲ။
တွေ့ဖူးတယ်မလား၊ အရက်သေစာသောက်
စားမှုကို စွဲသွားတဲ့သူတွေ၊ မကောင်းတဲ့
နေရာတွေမှာ စွဲလမ်းသွားတဲ့သူတွေကိုလေ။

အဲ့သလိုလူမျိုးတွေဟာ မကြာခင်
မွဲသွားတတ်တယ်။
ငါတို့ ဒေသအခေါ်ကျတော့ အဲ့ဒါမျိုးကို
ကင်ပွန်းသင့်တယ်လို့ ခေါ်တာပေါ့ကွာ။

#ကုသိုလ်ဘက်မှာ စွဲသွားတဲ့လူတွေကြတော့
မကြာမတင်မှာပဲ ချမ်းသာလာတတ်တယ်ကွ။

နေ့စဉ် ပြုနေကျ သောက်တော်ရေကပ်၊
ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတာလောက်မှ
မလုပ်ရရင် တစ်ခုခုလိုနေသလို တွေ့လာပြီ
ဆိုရင် အဲဒါမျိုးကို ကုသိုလ်ကို စွဲသွားတာလို့
ခေါ်တယ်။

အဲ့သလို ဖြစ်လာပြီဆိုရင်
စိတ်သာချပေတော့ကွ၊
မကြာခင် ကြီးပွါးချမ်းသာတော့မယ်။
ဘာကြောင့်လဲဆိုတော့
ကုသိုလ်ကို စွဲသွားလို့ပဲ။

စွဲသွားတဲ့အခါကျတော့
ကုသိုလ်ကောင်းမှုဆိုတာ
နေ့စဉ်ပြု ဖြစ်လာတော့တာပဲ။
အဲ့ဒါမျိုးကို
#အာစိဏ္ဏကံကုသိုလ်လို့ ခေါ်တယ်။

သေချာမှတ်ထားနော်၊
#အာစိဏ္ဏကံကုသိုလ်ဆိုတာ နေ့စဉ်၊
အပတ်စဉ်၊ လစဉ် ဆိုသလို
အချိန်မှန်မှန်ပြုတဲ့
ကုသိုလ်မျိုးကို ဆိုလိုတယ်။
အချိန်မှန်မှန် ပြုတယ်ဆိုရင်
#ပဋ္ဌာန်းလိုအာသေဝနပစ္စည်း
တပ်တော့တာပဲကွ။
(အာသဝေနဆိုတာ
အထပ်ထပ်အခါခါ
ပြုတာမျိုးကို ပြောတာပဲ)

ဓားသွေးသလိုပေါ့ကွာ။
အချိန်မှန်မှန်၊ အထပ်ထပ်အခါခါ
သွေးဖန်များများတော့၊
ဓားဟာ ထက် လာရသလိုပဲ၊
ကုသိုလ်ကောင်းမှုဆိုတာလည်း
အချိန်မှန်မှန်
အထပ်ထပ်အဖန်ဖန် ပြုဖန်များတော့
ထက်မြက်လာတော့တာပဲကွ။

အလုပ်ကိုလည်း ကြိုးစားပြီး လုပ်သလို၊
သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊
အမျှဝေတဲ့ အခြေခံကုသိုလ်အလုပ်တွေကို
လည်း စွဲသွားသည်အထိ ကြိုးစားပြီးတော့
လုပ်ကွာ။

မကြာခင် #ကြီးပွားချမ်းသာလာပါလိမ့်မယ်။

#အရှင်ဝိသာရဒ (ရမ္မာဝတီ)
🙏🙏🙏

🙏

19/03/2022

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
=============================
(၂၀၂၂ခုနှစ်၊ မတ်လ(၁၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
=============================
(က) အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
------------------------------------------------------------
ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန်တိုင်းထွာချက်များ
အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well MarkedLow Pressure Area)သည် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း
(Well Marked Low Pressure Area)သည် ပိုမိုအားကောင်းလာနိုင်ပြီး၊ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ နောက်(၁၈)နာရီအတွင်းကပ္ပလီပင်လယ်ပြင်၊ နီကိုးဘားကျွန်းနှင့် ကိုကိုးကျွန်းတို့အနီးတွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ လည်းကောင်း၊ နောက်(၄၂)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့်ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့လည်းကောင်း အားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။

အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် မုန်တိုင်းငယ်(Depression) အဖြစ် ရောက်ရှိပြီးနောက် (၂၀.၃.၂၀၂၂)ရက်နေ့၌ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ (၂၁.၃.၂၀၂၂)ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ (၂၂.၃.၂၀၂၂)ရက်နေ့၌ ရခိုင်ကမ်းရိုးတန်းသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ) သတိပေးနှိုးဆော်ချက်
-----------------------------
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏အရှိန်ကြောင့် ယနေ့ညနေမှ (၂၂.၃.၂၀၂၂)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင်ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

(ဂ) အကြံပြုချက်
--------------------
သို့ဖြစ်ပါ၍ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့် အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
Credit: DMH (မိုး/ဇလ)

Photos from Voice of Rangoon's post 04/11/2021

🟠UPDATE : အမေရိကန်ဒေါ်လာအတု ၁၀၀ တန်တစ်ရွက်ကို ဘတ်ငွေ ၁၀၀ ဖြင့် Facebook ပေါ်မှရောင်းချနေတဲ့ အဖွဲ့ကို ထိုင်းရဲဖမ်းစီး

✅အမေရိကန်ဒေါ်လာအတုများကို အွန်လိုင်းပေါ်ကနေရောင်းချနေသူတစ်စုနှင့် ထုတ်လုပ်တဲ့စက်တွေကို ထိုင်းရဲတပ်ဖွဲ့က နိုဝင်ဘာ(၃)ရက်နေ့တွင် ဒေါ်လာ ၁၀၀ တန် အရွက်ရေ ၅၀၀၀၀ နဲ့အတူ ဖမ်းစီးလိုက်ပါတယ်။

✅အဆိုပါရောင်းချသူတွေဟာ ဒေါ်လာအတုတွေကို ထုတ်လုပ်ရောင်းချနေတာ အချိန်အတော်ကြာနေပြီဖြစ်ပြီး ဘတ်ငွေသန်း (၁၅၀)ကျော်ဖိုး ရောင်းချပြီးဖြစ်ကာ လွန်ခဲ့တဲ့လပိုင်းအတွင်းကမှ Facebook ပေါ်တင်ပြီး ရောင်းချခဲ့တာကြောင့် ရဲတပ်ဖွဲ့ကခြေရာခံ ဖမ်းစီးခံခဲ့ရတာဖြစ်ပါတယ်။

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

Photos from Voice of Rangoon's post 12/10/2021

🔴အွန်လိုင်းမှ ထိုင်းထီရောင်းချသူများကို ထိုင်းရဲဖမ်းစီး
@ Bangkok Guide Media
✅ဒီကနေ့ အောက်တိုဘာလ(၁၂)ရက်နေ့မှာ ထိုင်းနိုင်ငံ စားသုံးသူအကာအကွယ်ပေးရေး မှုခင်းနှိမ်နင်းရေးဌာနခွဲ (PCB)မှ အွန်လိုင်းထီရောင်းချနေတဲ့အဖွဲ့တစ်ခုကို ဖမ်းစီးခဲ့ပါတယ်။

✅အဆိုပါ ထိုင်းထီရောင်းချသူတွေဟာ အွန်လိုင်းမှဝယ်ယူသူ နှင့် အပြင်တွင်ဝယ်ယူသူများကို တစ်ဆောင်လျင် နှစ်ကြိမ်ရောင်းချကာ အွန်လိုင်းဝယ်ယူသူများကို လက်မှတ်မပေးပဲထားရှိပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Source - M Thai

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

Photos from Voice of Rangoon's post 05/10/2021

ပကျွတ်ခီလီခမ်ခရိုင်တွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၈ဦးအဖမ်းခံရ
-----------------------------------------------------------------------

အောက်တိုင်ဘာ ၄ ၂၀၂၁ ၊ ပကျွတ်ခီလီခမ်၊ အလုပ်သမားဟစ်တိုင်

ထိုင်းမြန်မာနယ်စပ်အနီးရှိ ပကျွတ်ခီလီခမ်ခရိုင်တွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၅၈ ဦး နှင့် လမ်းပြခေါ်ဆောင်လာသူ၂ ဦးနှင့် ကား၁စီးတို့ကို အောက်တိုဘာလ ၃ရက်နှင့် ၄ရက်နေ့တို့တွင်း သီးခြားဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းစစ်တပ်၏ သတင်းထုတ်ပြန်များအရသိရသည်။

အောက်တိုဘာလ ၃ ရက်နေ့ ည ၇နာရီအချိန်ခန့်တွင် ပကျွတ်ခီလီခမ်ခရိုင်
အွတ်နွဲ့မြို့နယ် ဘန်နောင်စုနယ်မြေတွင် ၃၄ ဦး (ကျား ၅ ၊ မ ၂၉ )နှင့် အောက်တိုဘာလ၄ ရက်နေ့ နံနက် ၈နာရီအချိန်တွင် ၂၄ ဦး ( ကျား ၁၀ ၊ မ ၁၄ )တို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသူများသည် မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ မြိတ်ခရိုင် နှင့်ပုလောမြို့နယ်တို့မှဖြစ်ကြကြောင်းသိရသည်။

News Score_Army PR Center
ပကျွတ်ခီလီခမ်ခရိုင်တွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၈ဦးအဖမ်းခံရ
-----------------------------------------------------------------------

အောက်တိုင်ဘာ ၄ ၂၀၂၁ ၊ ပကျွတ်ခီလီခမ်၊ အလုပ်သမားဟစ်တိုင်

ထိုင်းမြန်မာနယ်စပ်အနီးရှိ ပကျွတ်ခီလီခမ်ခရိုင်တွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၅၈ ဦး နှင့် လမ်းပြခေါ်ဆောင်လာသူ၂ ဦးနှင့် ကား၁စီးတို့ကို အောက်တိုဘာလ ၃ရက်နှင့် ၄ရက်နေ့တို့တွင်း သီးခြားဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းစစ်တပ်၏ သတင်းထုတ်ပြန်များအရသိရသည်။

အောက်တိုဘာလ ၃ ရက်နေ့ ည ၇နာရီအချိန်ခန့်တွင် ပကျွတ်ခီလီခမ်ခရိုင်
အွတ်နွဲ့မြို့နယ် ဘန်နောင်စုနယ်မြေတွင် ၃၄ ဦး (ကျား ၅ ၊ မ ၂၉ )နှင့် အောက်တိုဘာလ၄ ရက်နေ့ နံနက် ၈နာရီအချိန်တွင် ၂၄ ဦး ( ကျား ၁၀ ၊ မ ၁၄ )တို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသူများသည် မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ မြိတ်ခရိုင် နှင့်ပုလောမြို့နယ်တို့မှဖြစ်ကြကြောင်းသိရသည်။

News Score_Army PR Center

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon