CareDiary

CareDiary

Share

29/06/2024

အသည်းကင်ဆာအကြောင်း သိကောင်းစရာ

ကိုယ်တွင်းအင်္ဂါထဲက တစ်ခုဖြစ်တဲ့အသည်းဟာ အစာချေစနစ်၊ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ကူညီဆောင်ရွက်ပေးပြီး အရေးကြီးတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ် အသည်းကင်ဆာဟာဆိုရင် အသည်းထဲမှာပုံမှန်မဟုတ်တဲ့ cells လေးတွေဖြစ်လာပြီး tumors (အကျိတ်)လေးတွေအဖြစ် ပြောင်းလဲသွားတဲ့ဖြစ်စဉ်မျိုးဖြစ်ပါတယ်

အသည်းကင်ဆာဖြစ်ရတဲ့အကြောင်းအရာများစွာရှိပါတယ် အဲ့ဒီအထဲကမှ
• အသည်းရောင် B ပိုးနဲ့ အသည်းရောင် C ပိုးတို့ ကူးစက်ခံရခြင်းကြောင့် အဓိက အဖြစ်များလေ့ရှိပါတယ် ဒါ့အပြင်
• အသည်းအဆီဖုံးရောဂါဝေဒနာခံစားနေရသူများ၊
• အရက်အလွန်အကျွံသောက်သုံးသူများ၊
• အခြားရောဂါဝေဒနာတွေကြောင့် သောက်သုံးနေရသောဆေးများမှတဆင့် အသည်းကိုထိခိုက်ခြင်း၊
• အသည်းရောင်ရမ်း၊ အသည်းခြောက်ခြင်းတို့ကြောင့် အသည်း enzyme တက်လာပြီး အသည်းလုပ်ဆောင်မှုကျဆင်းခြင်း စတာတွေကြောင့် အသည်းကင်ဆာဖြစ်နိုင်ချေ ပိုများလာစေပါတယ်

အသည်းကင်ဆာရောဂါဟာ အမျိုးသမီးများထက် အမျိုးသားများမှာပိုတွေ့ရတတ်ပြီး ရောဂါလက္ခဏာသိပ်မပြပဲ ရောဂါပြန့်နှုန်းမြန်ဆန်တာကြောင့် သိရချိန်မှာ အဆင့်အမြင့်ဆုံးနီးပါးထိ ရောဂါကျွမ်းနေတတ်ပါတယ်

အသည်းကင်ဆာရဲ့ လက္ခဏာများ

• Juandice လို့ခေါ်တဲ့ အသားအရည်အရောင်၊ မျက်လုံးထဲက အဖြူရောင်နေရာများ အဝါရောင်အဖြစ်သို့ပြောင်းလဲခြင်း
• ဝိတ်ကျသွားခြင်း
• အစားအသောက်ပျက်ခြင်း
• မူးဝေပြီး အော့အန်ခြင်း
• ဗိုက်အောင့်ခြင်း
• အပေါ့အလေး မူမမှန်သောအရောင်ဖြစ်လာခြင်း
• ထိခိုက်လွယ်၊ သွေးထွက်လွယ်လာခြင်း တို့ဖြစ်ပါတယ်

ထို့ကြောင့်
• အသည်းရောင် B ပိုး၊ C ပိုးများ ရှိမရှိ စစ်ဆေးခြင်း၊
• လိုအပ်ပါက သွေးစစ်ခြင်း၊
• အသည်းအနေအထားမြင်ရအောင် Ultrasound (သို့) CT scans ရိုက်ခြင်း၊
• Biopsies အသားစ စစ်ဆေးခြင်း၊
• လိုအပ်သော ကာကွယ်ဆေးများထိုးခြင်း၊
• အရက်သောက်သုံးခြင်းကို လျော့ချခြင်း သို့ ရှောင်ကြဉ်ခြင်း၊
• အာဟာရမျှတသော အစားအစာ စားခြင်း၊
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းခြင်းနဲ့
• ကျန်းမာရေးစစ်ဆေးခြင်းများ ပုံမှန်ပြုလုပ်ခြင်းဖြင့် အသည်းကင်ဆာရောဂါကို ကြိုတင်ကာကွယ်သင့်ပါကြောင်း အသိပေးလိုက်ရပါတယ်ရှင်

နောက်ရက်တွေမှာလည်း ကျန်းမာရေးဗဟုသုတဆိုင်ရာလေးတွေ ဖတ်ရှုရအောင် care diary page ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်

26/06/2024

ဆေးဆိုင်တွေအတွက် Free trial (၁)လ အစမ်းသုံးခွင့်ပေးထားတဲ့ Care Diary POS System အကြောင်းလေးသိပြီးပြီလား

Care Diary POS Systems ဟာဆိုရင်
• ပိုင်ရှင်ကိုယ်တိုင် internet ရှိရုံနဲ့ ဖုန်း၊ laptop၊ tablet စတဲ့ device မျိုးစုံကနေ အချိန်နေရာမရွေး မိမိတို့ဆေးဆိုင်နဲ့ပတ်သက်တာမှန်သမျှ စီမံခန့်ခွဲနိုင်မယ့် cloud-based system တစ်ခုဖြစ်ပါတယ်

Care Diary POS Systems ထဲမှာဆိုရင်
• အရောင်းစာရင်း၊ လချုပ် နှစ်ချုပ်စာရင်း၊ အရှုံးအမြတ်စာရင်း စတာတွေကို တာဝန်ရှိတဲ့သူက အလွယ်တကူထုတ်ကြည့်နိုင်မယ့် Reporting ဆိုင်ရာအပိုင်းတွေ

• ဆိုင်ခွဲတိုင်းမှာ stock လက်ကျန်ရှိတဲ့ဆေးတွေ၊ expired date နီးနေတဲ့ဆေးတွေကဘာတွေလဲ ဘယ်ဆေးတွေကို ထပ်ဖြည့်ဖို့လိုအပ်နေပြီလဲဆိုတာအပြင် နေ့စဉ်ဆေးအဝင်အထွက်ကို မှတ်ထားပေမယ့် Inventory Management ဆိုင်ရာအပိုင်းတွေ

• တစ်ချိန်ထဲမှာပဲ ဆိုင်ခွဲတိုင်းမှာရှိတဲ့ ဝန်ထမ်းတွေကို သက်ဆိုင်တဲ့တာဝန်တွေခွဲဝေပြီး အသုံးပြုနိုင်မယ့် Employee Management ဆိုင်ရာအပိုင်းတွေ

• မိမိတို့ ဆိုင်နာမည်နဲ့ ကိုယ်ပိုင်အမှတ်အသားတွေပါဝင်တဲ့ invoices တွေလည်း ထုတ်ပေးနိုင်ပြီး

• ဝယ်ယူသူများနေချိန်မှာလည်း ကျသင့်ငွေကို system က အလိုအလျောက်တွက်ချက်ပြီးထုတ်ပေးတာကြောင့် ဝန်ဆောင်မှုလည်း မြန်ဆန်စေမှာဖြစ်ပါတယ်

ဒီလို ဆေးဆိုင်တွေအသုံးပြုရလွယ်ကူစေတဲ့ features တွေပါဝင်တဲ့ Care Diary POS System လေးကိုအသေးစိတ်သလို၍လည်းကောင်း၊ အစမ်းအသုံးပြုချင်၍သော်လည်းကောင်း page ရဲ့ chat box လေးမှာလာရောက်စုံစမ်းနိုင်ပါတယ်

11/06/2024

GENI Kid Programming Course

မိမိရင်သွေးရဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို နေ့စဥ်နဲ့အမျှ ရှာဖွေနေသော မိခင် ဖခင်တို့ ခင်ဗျာ..

Geni Technology နှင့် Dr. Ei Ei (Ph.D., Chulalongkorn University, Thailand), Postdoctoral Researcher, Chulalongkorn University, Research and Development Lead, Geni Technology တို့ ပူးပေါင်းဖွင့်လှစ်မည့် GENI Kid Programming Course ဟာ သင့်ရင်သွေးအတွက် ကောင်းမွန်တဲ့ အနာဂတ် ဖော်ဆောင်ရာမှာ အထောက်အကူပေးနိုင်မယ် ဆိုတာ သေချာပါတယ် ခင်ဗျာ။

သင်တန်းနဲ့ပက်သက်တဲ့ အချက်အလက်များနှင့် သင်တန်းအပ်ရန် registration link ကို သေချာစွာရေးသားဖော်ပြပေးထားလို့ ဆက်လက်ဖတ်ရှုပေးပါ ခင်ဗျာ။

သင်တန်းကြေး အခက်အခဲ ရှိတဲ့ ကလေးများ အတွက်လဲ Scholarship Program ရှိပါတယ် ခင်ဗျာ။

ကလေး အသက် ၇ နှစ်က စပြီး သင်တန်း တက်ရန် သင့်တော်ပါတယ်။

Tentative Schedule တွေက တော့ Course 1 အတွက်ပါ။ တစ်ခြား အတန်းတွေ အတွက်လဲ အချိန် ဇယား လေးထပ် ကြေငြာပေးသွားပါမယ်။
----------------------------------------------------------------------------------------------------------------------
1. US Region
Monday & Tuesday 7:30 - 8:30 PM
(MM Time Tuesday & Wednesday 7:00 - 8:00 AM )

2. EU Region
Thursday & Friday 5:30 - 6:30 PM
(MM Time Thursday & Friday 10:00 - 11:00 PM)

3. Asia Region
Thursday & Friday MM Time 7:00 - 8:00 PM
----------------------------------------------------------------------------------------------------------------------

ဖေဖေ၊ မေမေတို့ရေ သင်တို့ရဲ့ အဖိုးတန်လှတဲ့ ရင်သွေးငယ်လေးတွေကို ကျောင်းစာတွေ၊ English စာ 4 Skills တွေ Advanced Mathematics တွေ အစရှိတဲ့ သင်တန်းတွေ တက်ခိုင်းရုံနဲ့ လုံလောက်ပြီထင်နေပါသလား???
ခေတ်မှီတိုးတက်ပြောင်းလဲလာတဲ့ ယနေ့ နည်းပညာခေတ်ကြီးမှာ ကလေးငယ်‌တွေကို Computer Science လို့ခေါ်တဲ့ ကွန်ပျူတာသိပ္ပံဘာသာရပ်များနဲ့ ငယ်စဉ်ကထဲက ထိတွေ့မှုရှိအောင်၊ ကောင်းမွန်တဲ့နည်းလမ်းနဲ့ အသုံးချတတ်အောင် ပြုစုပျိုးထောင်ပေးဖို့က မိဘတို့ရဲ့ တာဝန်တရပ်ဖြစ်လာပါပြီ။

သင့်ကလေးဟာ ဂိမ်းတွေ၊ ဖေ့စ်ဘွတ် တွေနဲ့ပဲ အချိန်ကုန်တာ များနေလား???
ယခုခေတ်ကလေးတွေဟာ ဖုန်းတွေ အင်တာနက်တွေ ဟာ လက်တကမ်းမှာပဲ လွယ်လွယ်ကူကူရနိုင်တဲ့ အတွက် ဂိမ်းကစားခြင်း Facebook လို့ခေါ်တဲ့ Social Media တွေအလွန်အမင်းသုံးစွဲနေကြပါတယ်။ ကလေးအများစုကတော့ နည်းပညာတွေကို အကျိုးရှိစွာ အသုံးမချပဲ အပျော်အပါးအတွက် လွဲမှားစွာ အသုံးပြနေခြင်းကြောင့် ဂိမ်းစွဲခြင်း၊ Facebook များ အလွန်အမင်းသုံးစွဲခြင်း စသည့်ဆိုးကျိုးများ ရရှိလာနိုင်ပါသည်။
မိဘများအနေနဲ့ သားသမီးတွေကို နည်းပညာတွေကို အကျိုးရှိရှိသုံးတတ်လာအောင် လမ်းပြပေးရမှာ ဖြစ်ပါတယ်။
• ဂိမ်းကစားရတာ အရမ်းကြိုက်တဲ့ ကလေးတွေကို ကိုယ်ကိုယ်တိုင် ဂိမ်းလေးတွေဖန်တီးနိုင်အောင်
• ဖုန်းထဲမှာသုံးဖို့အတွက် App တွေကို ဒေါင်းလုပ်ချနေမယ့်အစား ကလေးတွေကိုယ်တိုင်ဖန်တီးရေးသားနိုင်စွမ်းရှိအောင်
• ဖေ့ဘွတ်တွေနဲ့ အချိန်ကုန်နေမယ့်အစား ကိုယ်တိုင် Website လေးတွေ ဖန်တီးနိုင်အောင် ကွန်ပျူတာသိပ္ပံဘာသာရပ်များထဲက ကလေးငယ်များ စိတ်ဝင်တစားဖြင့် လွယ်လွယ်ကူကူ လေ့လာနိုင်တဲ့ Computer Programming/Coding ကိုလေ့လာစေခြင်းဖြင့် သားသားမီးမီးလေးတွေဟာ နည်းပညာတွေကို မှန်မှန်ကန်ကန်သုံးစွဲတတ်စေမှာဖြစ်ပါတယ်။

Programming/Coding နှင့်ပတ်သတ်ပြီး အနာဂတ်မှာ ကလေးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း တွေကရော ဘာတွေလဲ???
Software Company ကြီးများတွင် Programming/Coding နှင့်ပါတ်သတ်သော ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများသာမက ပြည်ပတွင်လဲ အလုပ်အကိုင်အခွင့်အလမ်း အလွန်များပြားခြင်း၊ လစာနှုန်းများများ ရရှိနိုင်ခြင်းများကြောင့် ယခုခေတ် လူငယ်အများစုရွေးချယ်ကြသော အသက်မွေးဝမ်းကြောင်းတခု ဖြစ်ပါတယ်။
ဘယ်လိုကလေးတွေက Programming/Coding ကိုသင်သင့်ပါသလဲ???
မိမိရဲ့ ကလေးငယ်တွေဟာ နောင်အနာဂါတ်မှာ ဘယ်လိုအသက်မွေးဝမ်းကြောင်းကိုပဲရွေးချယ်ချယ် Programming/Coding နည်းပညာကိုလေ့လာထားခြင်းဖြင့် ပိုမိုတိုးတက်လာမယ့် ခေတ်မှီနည်းပညာတွေကို လွယ်လွယ်ကူကူ လေ့လာနိုင်ခြင်း၊ မိမိတို့သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အသုံးချနိုင်ခြင်း စသော အကျိုးကျေးဇူးများရနိုင်သဖြင့် ကလေးငယ်တိုင်းလေ့လာသင်ယူသင့်ပါသည်။

ထိုအပြင် Coding ကို နည်းစနစ်ကျကျ လေ့လာခြင်းဖြင့်
1. Problem Solving Skill
2. Critical Thinking Skill
3. Mathematical Skill တွေလဲ ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ ကျမတို့သင်တန်းမှ ကလေးငယ်များအတွက် အကျိုးရှိမယ့် သင်တန်းလေးတွေနှင့် မိတ်ဆက်ပေးပါရစေ။

သင်တန်းအမည်...

Block Coding with Code.org Computer Science Fundamentals Course 1
(Grade 1-3) - 35000 Kyat

Course 2
( Course 1 ပြီးထားသူများ) - 40000 Kyat

Course 3
( Course 2 ပြီးထားသူများ) - 40000 Kyat

Course 4
(Course 3 ပြီးထားသူများ) - 40000 Kyat

Python for Kids
( Cambridge IGCSE Computer Science Programming Book for Python)
(Block coding Course ပြီးထားပြီး or Coding အခြေခံရှိပြီး Laptop နှင့်တက်ရောက်နိုင်သူ ဖြစ်ရပါမည်) - 45000 Kyat

Web Development for Kids
(*** Laptop နှင့်တက်ရောက်နိုင်သူ ဖြစ်ရပါမည်) - 45000 Kyat

(သင်တန်းကြေးများသည် Course တစ်ခုစာ အပြီးအစီး ဖြစ်ပါသည်)

သင်တန်းကာလ

Course 1 (18 Lessons)
approximate 3 weeks
(1 hour /day, 2 days/week) 6x1 = 6 hours

Course 2 (19 Lessons)
approximate 3-4 weeks
(1 hour /day, 2 days/week) 6-8 hours

Course 3 (21 Lessons)
approximate 3-4 weeks
(1 hour /day, 2 days/week) 6-8 hours

Course 4 (22 Lessons)
approximate 4 weeks
(1 hour /day, 2 days/week) 8 hours

Python for Kids (13 Chapters)
approximate 6 months
(1 hour /day, 2 days/week) 8x6= 48 hours

Web Development for Kids (HTML)
approximate 3 months
(1 hour /day, 2 days/week) 8x3 = 24 hours

သင်တန်းပို့ချမည့်သူ

Dr. Ei Ei (Ph.D., Chulalongkorn University, Thailand),
Postdoctoral Researcher, Chulalongkorn University
Research and Development Lead, Geni Technology

ပုံမှန်သင်တန်းချိန် အခက်အခဲရှိပါက တစ်ယောက်ချင်း (သို့) အဖွဲ့လိုက် တက်ရောက်နိုင်ရန် one to one or small group အသက်သာဆုံးစျေးနှုန်းဖြင့်စီစဉ်ပေးပါသည်။
စိတ်ဝင်စားပါကအသက်အရွယ်နှင့် အချိန်ဇယားများကို FB Chat box မှအသေးစိတ် ဆက်သွယ် မေးမြန်းနိုင်ပါသည်။

လိုအပ်ချက် များ
1) Laptop or Tablet or Phone
2) Internet Access
နည်းပညာဆိုင်ရာများကို မိဘများ စိုးရိမ်မှု မရှိစေရန်အတွက် သင်တန်းဆရာမှ တာဝန်ယူဖြေရှင်းပေးပါမည်။

သင်တန်းအပ်နှံရန် အောက်ဖော်ပြပါ link တွင် register ပြုလုပ်နိုင်ပါတယ် ခင်ဗျ။

Registration Link

https://docs.google.com/forms/d/e/1FAIpQLSetgoPJHClYj7Z7HN3iaujPDv6QcuUfl1Nyc6W1RwYURVpeOg/viewform?usp=pp_url

09/06/2024

ပြည့်ဝတဲ့ အိပ်စက်ခြင်းရရှိဖို့အတွက် ကောင်းမွန်တဲ့အလေ့အကျင့်တွေကဘာတွေလဲ?

ခေါင်းစဉ်လေးအတိုင်းပဲ ဒီနေ့မှာတော့ ဘယ်လိုအမူအကျင့်လေးတွေလုပ်ပြီးအိပ်တဲ့အခါ စိတ်ရောကိုယ်ပါ လန်းဆန်းပြီး အိပ်ရေးဝစေမလဲဆိုတာကို ဝေမျှပေးသွားမှာဖြစ်ပါတယ်

• နေ့တိုင်း အိပ်ရာဝင်ချိန်နဲ့ နိုးထချိန်ကို အချိန်တစ်ခုသတ်မှတ်ထားပါ၊ ညတိုင်းအိပ်ရာဝင်ချိန်တူပါစေ၊ မနက်တိုင်း အိပ်ရာထချိန်တူပါစေ

• Weekdays ကြားရက်တွေရဲ့ အိပ်ချိန်အတိုင်း Weekends ပိတ်ရက်တွေမှာလည်း အိပ်စက်ပါ၊ ပိတ်ရက်တွေမှာ နောက်ကျမှအိပ်တာ၊ မနက်ပိုင်းပိုအိပ်တာက အိပ်ချိန်စက်ဝန်းကို ထိခိုကိစေလို့ဖြစ်ပါတယ်

• မအိပ်ခင် တစ်နာရီလောက်အလိုကို တိတ်ဆိတ်စွာဖြတ်သန်းပါ၊ ပြင်းထန်လေ့ကျင့်ခန်းတွေ မျက်လုံးကနေတစ်ဆင့် ဦးနှောက်ကို နိုးကြားဖို့ Alert ပေးနေမယ့် TV Screen, Computer နဲ့ Mobile Device တွေသုံးတာရပ်သင့်ပါတယ်

• အိပ်ရာဝင်ခါနီး အစာပမာဏအများကြီးစားသုံးခြင်းနဲ့ အရက်သေစာသောက်သုံးခြင်းလည်း ရှောင်ရှားသင့်ပါတယ်

• နောက်တော့ Ni****ne ပါဝင်တဲ့ဆေးလိပ် နဲ့ Caffeine ဓာတ်ပါဝင်တဲ့ Coffee, Tea မှန်သမျှ အိပ်ခါနီးသောက်သုံးခြင်းကိုရှောင်သင့်ပါတယ် Caffeine ဓာတ်ရဲ့ Effect ဟာဆိုရင် ၈နာရီတောင်ခံတာမလို့ နေ့လည် ၃နာရီလောက်မှာသောက်ထားတဲ့ ကော်ဖီတစ်ခွက်က ညဘက်အိပ်ချိန်ကိုတောင် လာထိခိုက်နိုင်ပါတယ်

• တစ်နေကုန် တစ်နေရာထဲမှာပဲအလုပ်ထိုင်လုပ်ရတဲ့သူမျိုးဆို အပြင်ထွက်လမ်းလျှောက်တာမျိုး ခြေလက်လှုပ်ရှားလေ့ကျင့်ခန်းမျိုးကို အချိန်တစ်ခုပေးပြီးလုပ်သင့်ပါတယ်

• အိပ်ခန်းကိုလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ သက်တောင့်သက်သာရှိအောင် အပြင်အဆင်ထားသင့်ပါတယ် ညဘက်အိပ်ချိန်မှာတောက်ပတဲ့မီးတွေပိတ်ပြီး မီးအိမ်လေးသာ ထွန်းထားတာမျိုးလုပ်ဆောင်သင့်ပါတယ်

• အိပ်ရာမဝင်ခင်ရေချိုးရတာနှစ်သက်တဲ့သူတွေအနေနဲ့ ရေပူနဲ့ချိုးပေးခြင်းက ကောင်းစွာအိပ်စက်ခြင်းကို အထောက်အကူဖြစ်စေပါတယ်

• မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ ဟင်းနုနွယ်ရွက်၊ တူနာ၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ကီဝီသီး၊ သင်္ဘောသီး၊ အာလူး၊ တို့ဟူးတို့ကိုစားပေးပါ၊ မဂ္ဂနီဆီယမ်ဓာတ်ဟာ အိပ်ရေးဝအောင် ကူညီပေးတဲ့ အာရုံကြောစနစ်ကိုအထောက်အကူပြုပါတယ်

“Sleep Diary”

အချိန်မှန်မှန်အိပ်နိုင်အောင် အကျင့်ကောင်းလေးတွေလုပ်‌နေရင်းက လိုအပ်တဲ့အိပ်ချိန်ပြည့်ဝ/မဝ သိလို့ရအောင် မှတ်သားထားတာမျိုးလည်းလုပ်သင့်ပါတယ်
• ဘယ်အချိန်မှာ အိပ်ဖြစ်လဲ
• ဘယ်အချိန်မှာ ပြန်နိုးလဲ
• တစ်ရေးပြန်အိပ်ဖြစ်လား ဘယ်အချိန်မှာ ဘယ်လောက်ကြာအောင် ပြန်အိပ်ဖြစ်လဲ
• နိုးလာတဲ့အခါဘယ်လိုခံစားရလဲ
• နေ့လည်ဘက်တွေ ဘယ်ချိန်မှာ ဘယ်လိုအိပ်ငိုက်တတ်လဲ
ဒီလိုမှတ်သားထားတဲ့အခါ မိမိတို့အိပ်ချိန်ကိုတွက်ချက်လို့ရသလို အိပ်ရေးပျက်တာများလို့ ဆရာဝန်နဲ့ပြသရမယ်ဆိုပါကလည်း မှတ်တမ်းကိုအလွယ်တကူပြနိုင်မှာဖြစ်ပါတယ်

အပေါ်မှာပြောသွားခဲ့တဲ့အထဲမှာ အိပ်ရာဝင်ခါနီးလုပ်သင့်တာနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေပါဝင်ပါတယ် ဒါတွေကို အိပ်ရေးပျက်စဉ်ခဏ လုပ်ကြည့်တာမျိုးမဟုတ်ပဲ နေ့စဉ်ပုံမှန် ဖြေးဖြေးနဲ့မှန်မှန် လုပ်သွားသင့်ပါတယ် အိပ်ရေးဝနေမှလည်း မိမိတို့ တစ်နေ့တာ လုပ်ငန်းဆောင်တာအားလုံးကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်ပါတယ်

နောက်နေ့များမှာတော့ ဘယ်လိုအကြောင်းအရာလေးတွေ ဝေမျှပေးသွားမလဲဆိုတာသိရအောင် Care Diary page လေးကို Like and Follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon