Spring Post Office " S.P.O "
17/06/2024
ပြည်သူလူထုရဲ့ ထက်သန်တဲ့စိတ်ဆန္ဒနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိရင် တိုင်းပြည်ရဲ့ ဘယ်လိုအမျိုးသားရေး လုပ်ငန်းကိုမှ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
၂၆ နိုဝင်ဘာလ ၂၀၁၉
11/06/2024
ဘဏ္ဍာရေးစာရင်းရှင်းတမ်း
၂၀၂၄ ဖေဖော်ဝါရီလမှ မေလကုန်အထိ
ဘဏ္ဍာငွေ ၃၄၅၈၀၀ ကျပ်
(သုံးသိန်းလေးသောင်းငါးထောင့်ရှစ်ရာကျပ်တိတိ) ရရှိခဲ့ပြီး ၃၄၅၀၀၀အား တော်လှန်ရေးအတွင်း
လိုအပ်လျက်ရှိသော ကဏ္ဍများသို့ ထောက်ပံ့နိုင်ခဲ့ကြောင်း တင်ပြအပ်ပါသည်ခင်မျာ။
အက်မင်တို့ မြေပြင်အခြေအနေတစ်ချို့ကြောင့်
အခုမှ နောက်ကျ၍ တင်ပြရတာပါဗျ။
17/05/2024
သို့/ NUGPay မှ တာဝန်ရှိသူများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသို့
NUGpay ကို အသုံးပြုတယ်ဆိုတာ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ဖို့၊ အသိမိတ်ဆွေတွေနဲ့စုပေါင်းထောက်ပံ့ဖို့၊ ကမ်ပိန်းတွေလုပ်ဖို့၊ project တွေလုပ်ဖို့ အစရှိတဲ့အရာတွေကို လုံလုံခြုံခြုံနဲ့ပြုလုပ်နိုင်ပြီး တော်လှန်ရေးမှာပါဝင်နိုင်ဖို့ အသုံးပြုကြခြင်းဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့နိုင်ဖို့ nugpay account ဖွင့်ရန် အလှမ်းဝေးလွန်းပါတယ်။ account ဖွင့်ချင်ရင် account ဖွင့်လို့ရမယ့် code ကို နီးစပ်ရာ ထောက်ပို့တွေ ဘဏ္ဍာရေးပိုင်းက ရဲဘော်တွေကိုပဲ အကူညီတောင်းပြီး ဝယ်ခိုင်းကြရတာပါ။ ဒါ့ကြောင့် code လာဝယ်တဲ့အခါ ငွေပေးချေမယ့် nugpay account က Fundraising လုပ်ထားတဲ့ account တွေပဲ အများအားဖြင့်ဖြစ်နေနိုင်ပါတယ်။
account transaction note မှာ Fundraising နဲ့ပတ်သက်တာ ပါမပါကြည့်ပြီး Fundraising လုပ်ထားတဲ့ account ဆိုရင် nugpay code ဝယ်ယူခွင့်ပိတ်ပင်ကြောင်း ကိုယ်တိုင်တွေ့ကြုံခဲ့ရမှုအရ သိရှိရပါတယ်။ အဆိုပါစကားဟာ ငွေကြေးအရှုပ်အရှင်းကင်းတဲ့ Fundraising account တွေကိုအသုံးပြုနေပြီး မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့နေတဲ့ ထောက်ပို့တွေအပေါ် ဂုဏ်သိက္ခာပိုင်းအရ စော်ကားတဲ့ စကားမျိုးသက်ရောက်နေပါတယ်။ Fundraising လုပ်တဲ့ account ပဲဖြစ်ဖြစ် မည်သည့်အတွက်ပြုလုပ်ထားတဲ့ account ပဲဖြစ်ဖြစ် ငွေကြေးအရှုပ်အရှင်းကင်းတဲ့ account မျိုးဆိုရင် ထောက်ပို့မယ့်ပြည်သူတိုင်းသုံးနိုင်အောင် ခွင့်ပြုပေးသင့်ပါတယ်။
အရေးယူကန့်သက်ပိတ်ပင်မယ်ဆိုရင် ငွေကြေးလိမ်လည်တာမျိုးရှိတဲ့ account မျိုး ငွေကြေးအရှုပ်အရှင်းရှိတဲ့ acc မျိုးတွေကိုပဲ အရေးယူဆောင်ရွက်သင့်ပါတယ်။ ငွေကြေးအရှုပ်အရှင်းမရှိတဲ့ အခြားသော account တွေနဲ့ လုံးဝမသက်ဆိုင်ကြောင်း အကြံပြုချင်ပါတယ်။
အသိမိတ်ဆွေတချို့မှာလည်း ငွေကြေးလိမ်လည်တဲ့ account နဲ့ ဆက်စပ်နေလို့ဆိုပြီး nugpay account ပိတ်ခံရမှုများ ဖြစ်ပွားနေပါတယ်။ ဒါဟာ မဖြစ်သင့်ပါ။ ကိုယ်တိုင်မှန်မှန်ကန်ကန်သုံးစွဲနေတဲ့ nugpay account များကို ယခုလို မပိတ်သင့်ပါ။ ဒါ့ကြောင့် Nugpay အနေနဲ့ အထက်ပါကဲ့သို့ လုံးဝ မဖြစ်သင့်တဲ့ ကန့်သက်ချက်များကို ပြန်လည်ပြင်ဆင်ပေးစေလိုပါတယ်။ ပြန်လည်ပြင်ဆင်မပေးပါက ကျတော်အနေနဲ့ nugpay ကို Boycott လုပ်ရပါလိမ့်မယ်။
ငွေကြေးအရှုပ်အရှင်းကင်း မကင်းကို မကြည့်ဘဲ Fundraising လုပ်ထားတဲ့ account တွေအားလုံးအပေါ်ကို nugpay အနေနဲ့ ယခုလို ကန့်သက်ပိတ်ပင်တားဆီးနေသည့်အတွက်ကြောင့် မေးစရာမေးခွန်းဟာ ပြည်သူတွေရဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ မြေပြင်တိုက်ရိုက် ထောက်ပံ့ငွေစီးကြောင်းကို ဖြတ်တောက်ချင်တဲ့သဘောမျိုးလားလို့ မေးခွန်းထုတ်ချင်ပါတယ်။
ယခုလို တင်ပြရခြင်းဟာလည်း nugpay အနေနဲ့
ပြည်သူတွေအခက်အခဲဖြစ်နေတဲ့ အဆိုပါ Fundraising လုပ်ထားတဲ့ Nugpay account ဆိုရင် code ရောင်းချမှုတားမြစ်ကန့်သက်ချက်ကို ပြန်လည် ပြင်ဆင်ပေးဖို့ရယ် ၊ ငွေကြေးလိမ်လည်တဲ့ account နဲ့ဆက်စပ်တယ်ဆိုပြီး အရှုပ်အရှင်းကင်းတဲ့ ကိုယ်ပိုင် account များထိ လိုက်ပိတ်နေတာမျိုးကို သေချာစဥ်းစားပြီးလုပ်ကြစေချင်တာရယ်၊ Nugpay ကို ယခုထက်ပိုမိုကောင်းမွန်အောင် အားလုံးဝိုင်းဝန်း အကြံပြုထောက်ပြစေချင်တာရယ် ၊ ထောက်ပို့ပြည်သူတွေတိုင်း Nugpay ကို လုံလုံခြုံခြုံနဲ့ အသုံးပြုပြီး ထောက်ပံ့နိုင်စေချင်တာရယ် စတဲ့ ရည်ရွယ်ချက်နဲ့ ပေးပို့ရခြင်း ဖြစ်ပါတယ်။
ပေးပို့သူ _ #မက်အိမ်
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
Yangon