Mac OS Applications
09/03/2025
Power Modes on Your Mac
***************************
👨💻 Mac တွေမှာ အရင်တုန်းကတည်းက Battery Life ကို ပိုကြာကြာခံအောင် (သို့) ကိုယ်သုံးနေတဲ့ Applications တွေကို မြန်ဆန်အောင် စသဖြင့် လုပ်လို့ရတဲ့ Power Modes တွေပါပါတယ်။
👨💻 အဲဒီ Power Modes မှာ
(၁) Low Power Mode
(၂) High Power Mode ဆိုပြီး (၂) မျိုးရှိတာကို တွေ့ရပါမယ်။
👉 ဒီ Mode (၂) မျိုးလုံးကတော့ battery ပါဝင်တဲ့ MacBook တွေသာမက battery မပါတဲ့ iMac တွေ၊ Mac mini တွေမှာပါ သုံးနိုင်မှာ ဖြစ်ပါတယ်။ device အပေါ်မူတည်ပြီး Low Power Mode ပဲ သုံးလို့ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
🔋 Low Power Mode ကို သုံးလိုက်ရင်
✅ Screen brightness ကို dim လုပ်တာ
✅ App Nap ဆိုတဲ့ ကိုယ်လက်ရှိမသုံးနေတဲ့ Apps တွေရဲ့ performance ကို နည်းအောင်လုပ်တာ
✅ Fan ပါတဲ့ Macs တွေဆိုရင် fan speed လျှော့တာနဲ့
✅ အခြားသော energy efficient ဖြစ်အောင် လုပ်တဲ့နည်းတွေနဲ့ Power Consumption လျော့အောင် လုပ်လိုက်ပါတယ်။
⚠️ Downside အနေနဲ့ (Review တွေ မှာ M1 MacBook Air ကို test လုပ်ထားတဲ့ အဆိုအရ )
‼️ Single core performance က ၄၀% နဲ့ multi-core performance က ၄၃% ပိုနှေးသွားတာကို တွေ့ရပါတယ်။
‼️ ပြီးတော့ GPU performance က ၂၂% ကျဆင်းသွားပြီး Battery Lifespan ကတော့ ၁၀% ပိုလာပါတယ်။
👨💻 ပုံမှန် email စစ်တာ၊ သီချင်းနားထောင်တာ စတဲ့ energy မသုံးတဲ့ apps တွေအတွက် ကိစ္စမရှိပေမယ့် video encoding, photoshop စတဲ့ apps တွေကို သုံးတဲ့အခါ encode လုပ်ရတဲ့ အချိန်ကြာတာ၊ apps တွေသုံးရတဲ့အခါ lag ဖြစ်တာ၊ နှေးတာမျိုး ဖြစ်နိုင်ပါတယ်။
🪫 Low Power Mode ရဲ့ ပြောင်းပြန် High Power Mode ကတော့ Energy ပိုသုံးပြီး ကိုယ့်စက်ရဲ့ performance ကို ပိုကောင်းအောင်လုပ်ပေးမှာပါ။ fans ပါဝင်တဲ့ MacBook Pro, Mac Mini တွေမှာ High Power Mode ကို on လိုက်ရင် fan noise ကို ပိုကြားရမှာ ဖြစ်ပြီး စက်ရဲ့ cooling ကို ပိုကောင်းအောင်လုပ်ပေးမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ graphic-intensive သုံးရတဲ့ color grading ခွဲတာ၊ video editing လုပ်တာ၊ 3D Applications တွေသုံးတဲ့အခါ smooth ဖြစ်လာတဲ့ playback တွေ၊ မြန်လာတဲ့ export လုပ်တာတွေကို တွေ့နိုင်ပါမယ်။
🔋 Apple support website ရဲ့ အဆိုအရတော့ Low Power Mode ကို
MacBook Pro (14-inch, 2024)
MacBook Pro (16-inch, 2024)
iMac (24-inch, 2024, Two ports)
iMac (24-inch, 2024, Four ports)
MacBook Pro (14-inch, Nov 2023) with M3 Max
MacBook Pro (16-inch, Nov 2023) with M3 Max
MacBook Pro (16-inch, 2023) with M2 Max
MacBook Pro (16-inch, 2021) with M1 Max
Mac mini (2024)
Mac mini (2023) (MacOS Sequoia 15.1 or later)
iMac (24-inch, 2023) (macOS Sequoia 15.1 or later)
🪫 High Power Mode ကို
MacBook Pro (14-inch, 2024)
MacBook Pro (16-inch, 2024)
MacBook Pro (14-inch, Nov 2023) with M3 Max
MacBook Pro (16-inch, Nov 2023) with M3 Max
MacBook Pro (16-inch, 2023) with M2 Max
MacBook Pro (16-inch, 2021) with M1 Max
Mac mini (2024) တွေမှာ သုံးနိုင်မှာပဲ ဖြစ်ပါတယ်။
👉 အပေါ်က lists မှာ မပါပေမယ့် ကိုယ့်စက်မှာ သုံးလို့ရ/မရကတော့ system settings > battery မှာ ကြည့်နိုင်သလို့ MacOS Sequoia 15.1 နောက်ပိုင်းမှာဆိုရင်တော့ Menu Bar ပေါ်က battery icon လေးကို နှိပ်ကာ သုံးလို့ရ/မရ သိနိုင်မှာပဲ ဖြစ်ပါတယ်။
05/03/2025
အသစ်ထွက်လာတဲ့ MacBook Air နဲ့ Mac Studio
********************************************
👨💻 ဒီနေ့မှာတော့ Apple ကနေ အသစ်အနေနဲ့ MacBook Air နဲ့ Mac Studio ကို မိတ်ဆက်လိုက်ပါတယ်။
👨💻 MacBook Air မှာတော့ M4 Chip ပါဝင်ပြီး 12MP Center Stage Camera၊ ၁၈ နာရီအထိသုံးလို့ရမယ့် battery၊ ဈေးလျှော့တာတွေပါဝင်ပြီး RAM အနေနဲ့ base model မှာဆိုရင်တော့ 16GB အထိ ပါဝင်ပါတယ်။ M4 chip ရဲ့ performance ကတော့ M1 ထက်စာရင် ၂ ဆ ပိုလာမယ်လို့ဆိုပါတယ်။
👨💻 MacBook Air အသစ်မှာတော့ အရောင်အသစ်အနေနဲ့ အရင် Space Gray နေရာမှာ Sky Blue ပါဝင်လာပြီး အခြားအရောင်တွေကတော့ Midnight, Starlight, Silver တွေပဲ ဖြစ်ပါတယ်။
👨💻 13-inch Base Model အတွက် 999$ ကျသင့်မှာဖြစ်ပြီး students တွေအတွက်ကတော့ 899$ ကျသင့်မှာ ဖြစ်ပါတယ်။ 15-inch ဆိုရင်တော့ 1199$ ကနေ စပါမယ်။
👨💻 Mac Studio ကတော့ M4 Max နဲ့ အသစ်ထွက်လာတဲ့ M3 Ultra Chip တွေနဲ့ ထွက်လာပါတယ်။
👨💻 M4 Max ကတော့ မနှစ်က MacBook Pro ထဲမှာ ပါပြီးသားဆိုတော့ သိပ်မထူးခြားပေမယ့် M3 Ultra Chip ကတော့ အသစ်ဖြစ်ပါတယ်။ သူရဲ့ performance ကတော့ M4 Max ထက်စာရင် ၂ ဆ၊ M1 Ultra ထက်စာရင် ၂.၆ ဆ ပိုမြန်ပါတယ်။
👨💻 Thunderbolt 5 ports ပါဝင်ပြီး အရင်ကထက် ၃ ဆ data transfer ပိုမြန်ပါမယ်။
👨💻 M4 Max ပါတဲ့ Mac Studio ကတော့ 1999$ ကနေ ဈေးစတင်မှာ ဖြစ်ပြီး M3 Ultra ပါတဲ့ Mac Studio ကတော့ 3999$ ကနေ စရှိမှာ ဖြစ်ပါတယ်။
02/03/2025
Myanmar Language OCR
🔹🔹🔹🔹🔹🔹🔹🔹🔹
👋 အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ မြန်မာစာအုပ် ebooks တွေ၊ ပုံတွေကနေ မြန်မာစာ(text) တွေကို ဘယ်လိုယူကြမလဲဆိုတာကို ပြောပြပေးသွားမှာပါ။
👨💻 လူတိုင်းလည်း သိကြတဲ့အတိုင်း မြန်မာ ebook စာအုပ်တွေက scanned pdf တွေများပါတယ်။ အများအားဖြင့်တော့ တရားနဲ့ဆိုင်ရာ စာအုပ်တွေကို websites တွေပေါ်မှာ ရှာပြီး download လုပ် ဖတ်ကြည့်မယ်ဆိုရင် scan လုပ်ပြီး PDF အနေနဲ့ လုပ်ထားတဲ့ စာအုပ်တွေက အများစုပါပဲ။
👨💻 Scanned PDF တွေရဲ့ အားနည်းချက်ကတော့ file size ကြီးတာ၊ page တွေရွဲ့စောင်းနေတာ၊ noise တွေပါတာ၊ ပြီးတော့ text အနေနဲ့ ရှာမရ စသဖြင့် အားနည်းချက်တွေ ရှိပါတယ်။ English အပါအဝင် အခြားသော languages အများမှာ OCR (optical character recognization) တွေနဲ့ text တွေကို convert လုပ်လို့ရပေမယ့် မြန်မာဘာသာစကားအတွက်ကတော့ ရှားပါတယ်။
👨💻 Open source အနေနဲ့ Tesseract OCR ရှိပေမယ့် language support သိပ်မရှိတော့ အဆင်မပြေပါဘူး။ ဒါပေမယ့် Google မှာတော့ ကျနော်တို့ မြန်မာစာအတွက် OCR ကို တော်တော်များများ မှန်ကန်အောင် ပြုလုပ်ပေးထားတာကို တွေ့ရပါတယ်။
👨💻 ဘယ်လိုလုပ်ရမလဲဆိုတာကို အောက်ပုံတွေနဲ့ အဆင့်ဆင့်ပြသွားပါမယ်။ ကျနော်စမ်းထားတဲ့ နည်းတွေဖြစ်တာကြောင့် အဆင့်တွေများကောင်း များနိုင်ပါမယ်။
👨💻 ကျနော်စမ်းသပ်ကြည့်သလောက် ပါဠိ+မြန်မာဘာသာတွေကို (၉၉) ရာခိုင်နှုန်းလောက် မှန်ကန်အောင် convert လုပ်ပေးနိုင်တာကို တွေ့ရပါတယ်။ စာအဖြတ်အတောက်၊ ပါဠိ၊ ပါဌ်ဆင့်၊ အသတ်တော်တော်များများကို မှန်ကန်အောင် convert လုပ်ပေးနိုင်တဲ့အပြင် အချို့မှားရေးကြတဲ့ “ဋ္ဌ” ၊ “ဌ”၊ “ဥ”၊ “ဉ”၊ “ဩ”၊ “ဈ” စသည်တို့ကိုလည်း အံဩလောက်အောင်ကို မှန်ကန်နေတာကို တွေ့ရပါတယ်။
🧐 အခြား developer တယောက်ကတော့ Google OCR ကို သုံးပြီး https://myanocr.streamlit.app မှာ သုံးလို့လွယ်ကူအောင် ပြုလုပ်ပေးထားပါတယ်။ နောက်တွေ့တာတစ်ခုကတော့ https://github.com/nchanko/Myanmar-Ebook-OCR မှာ tesseract OCR ကို သုံးပြီး ပြောင်းလို့ရအောင် လုပ်ပေးထားပါတယ်။
😇 အားလုံးအဆင်ပြေကြပါစေ။
25/02/2025
💬 Live text and translation
🔹🔹🔹🔹🔹🔹🔹🔹🔹
👋 အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ macOS မှာ ပါတဲ့ live text နဲ့ translation အကြောင်းကို ရေးပေးသွားပါမယ်။
👨💻 Live text ဆိုတာကတော့ ပုံတွေထဲမှာပါဝင်တဲ့ စာသားတွေကို copy (သို့) အခြား actions တွေကို သုံးလို့ရအောင် လုပ်ပေးတဲ့ feature ပါ။ အခြား actions တွေဆိုတာကတော့ ဥပမာ - phone no ဆို contact ထဲထည့်တာ၊ message ပို့တာ၊ ဒါမှမဟုတ် facetime ခေါ်တာ၊ အကြောင်းအရာတွေကို ရှာတာ၊ translate လုပ်တာ စသဖြင့် context menu ကနေ တခါတည်း သုံးလို့ရအောင် လုပ်ပေးတဲ့ actions တွေဖြစ်ပါတယ်။
👨💻 ဒီ Feature ကတော့ တော်တော်လေးကို အသုံးဝင်တဲ့ feature တစ်ခုပါပဲ။ နောက်ပြီး ပုံထဲက စာတွေကို translate လုပ်တာမှာ ဘာသာစကား (၂၁) မျိုးအထိ translate လုပ်လို့ရပြီး online ရော၊ offline သုံးလို့ရပါတယ်။ offline သုံးချင်ရင်တော့ ကိုယ်သုံးချင်တဲ့ language ကို download လုပ်ထားရုံပါပဲ။ ဒါပေမယ့် online ထက်စာရင်တော့ တိကျမှု နည်းနိုင်ပါတယ်။
👨💻 ဘာသာပြန်မယ့် language - input ရော၊ output ရောကိုပါ အသံထွက်နားထောင်နိုင်ပါသေးတယ်။ Live Text ကိုတော့ Safari, Preview, Photos စတဲ့ Apps တွေမှာ သုံးလို့ရပါတယ်။
👨💻 သုံးချင်ရင်တော့ system settings —> General —> Language & Region ထဲက live text ကို on ပေးပြီး translation languages တွေမှာလည်း ဆက်လက်ရွေးချယ်လို့ရပါသေးတယ်။
😇 အားလုံးအဆင်ပြေကြပါစေ။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon