Aviedo
10/05/2024
Passport လျှောက်မဲ့ သူတွေကြား နားလည်မှုလွဲနေတာလေးတခုကို ရှင်းပြချင်ပါတယ်ဗျ၊
အခုနောက်ပိုင်း passport အသစ်လျှောက်မယ်ဆို UID ခေါ် Unique Identification Number လိုပါတယ်၊ ဘာကိုပြောလဲဆိုရင် ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို Server ထဲကိုထည့်ထားတာပါ၊ လူဝင်မှုကြီးကြပ်ရေးကကြိုပြီးထည့်ထားတာတွေရှိပါတယ်၊ လွဲမှားတာတွေရှိတဲ့အတွက် ကာယကံရှင်ကိုယ်တိုင်ပြောင်းရတာတွေလဲရှိပါတယ်၊
ဒီနေရာမှာ သိစေချင်တာက UID သည် အသစ်ထုတ်ပေးမဲ့ Smart Card မဟုတ်သေးဘူးဆိုတာပါခင်ဗျ၊ UID သည်ရှေ့ပြေးအနေနဲ့ ကိုယ့်ရဲ့data တွေကို မှန်ကန်ကြောင်း ထုတ်ပေးတဲ့စာရွက်ပါပဲခင်ဗျ၊ Smart Card တွေထုတ်ပေးမဲ့အချိန်ရောက်တဲ့အခါ ကိုယ့်ရဲ့ နဂို မူရင်မှတ်ပုံတင်ရော UID စာရွက်ပါ ပြန်အပ်ပြီးမှ Smart Card ထုတ်ပေးမှာဖြစ်ပါတယ်ဗျ၊
UID ကို Smart Card ဆိုပြီး လွဲမှားနေတာလေးတွေရှိလို့ အသိပေးတင်ပြတာပါခင်ဗျ
08/05/2024
Singapore ကိုသွားချင်ရင်.......
ပထမဆုံးလိုအပ်တာကတော့ ဘာသာစကား အဲ့တာကအရေးကြီးဆုံးပါ၊ ကျွမ်းကျင်အနေနဲ့သွားချင်ရင် တရုတ်စာကိုတော့ တတ်ထားမှရပါမယ်
စလုံးခေါ် စင်ကာပူကို အလုပ်အကိုင်နဲ့သွားချင်ရင် နှစ်မျိုးရှိတယ်ဗျ၊ တခုက skill worker သူကျတော့ လိုအပ်ချက်တွေများတယ်၊ ဥပမာ Citi လက်မှတ်ရှိရမယ်တို့ဘာတို့... Citi လက်မှတ်တခုသည် သင်တန်းက အနည်းဆုံး USD 1500 ကစရှိတယ်ဗျ၊ အခုလိုအခြေအနေမှာ လက်လှမ်းမှီဖို့ခက်တဲ့စျေးပေါ့၊ ဒါတောင် အလုပ်ရဖို့ အေးဂျင့်ကိုပေးရမဲ့ အေးဂျင့်ခမပါသေးပါ၊
နောက်တမျိုးကတော့ အခြေခံအလုပ်သမားအနေနဲ့သွားကြတာ၊ ဥပမာ အိမ်အကူတို့ဘာတို့ အဲ့တာကျတော့ အကြွေးစနစ်နဲ့ရတယ်၊ အေးဂျင့်တော်တော်များက ၆လဖြတ်စနစ်နဲ့ပို့ကြတယ်၊
အားလုံးခြုံပြီးပြောရရင် စလုံးမှာအလုပ်လုပ်ချင်တယ်ဆိုရင် ဟိုရောက်မှ အလုပ်မရှာပါနဲ့ မလွယ်ပါဘူး၊ နောက် စလုံးရဲ့ဝန်ကြီးချုပ်အပြောင်းအလဲ ကြောင့် နိုင်ငံခြားအလုပ်သမားပေါ်လစီပြောင်းဖို့ဖြစ်လာနိုင်ပါတယ်၊ နောက်ဆုံးအနေနဲ့ကတော့ ဘယ်နိုင်ငံကိုပဲ အလုပ်သွားလုပ်ပါစေ သက်ဆိုင်ရာနိုင်ငံရဲ့အလုပ်သမားပေါ်လစီ လုပ်ခလစာ လိုအပ်ချက်တွေကို ကိုယ်တိုင်သေချာလေ့လာပြီးမှ ပြောင်းရွှေ့အလုပ်လုပ်ကြဖို့ အကြံပေးချင်ပါတယ်...
28/03/2024
မ ၂ဦး ပြည့်သွားပါပြီနော် ☺️☺️☺️
Urgent Vacancy Announcement for Thai 🔔🔔🔔🔔
ထိုင်းနိုင်ငံ ချွမ်ဘူရီရှိ အမှုန့်ကြိတ်စက်ရုံတွက် တာဝန်ထမ်းဆောင်ရန် ကျား ၈ဦး မ ၂ ဦးလိုအပ်ပါသည်။ မေလ ၅ရက်နေ့တွင် စာချုပ်ချုပ်ဆိုမည်ဖြစ်ပါသည်၊
လိုအပ်ချက်များကတော့
💡အသက် ၁၈ မှ ၄၅ နှစ်အတွင်း ဖြစ်ရပါမယ်၊
💡PJ passport ကိုင်ဆောင်ထားသူများဖြစ်ရပါမယ်၊
တနေ့လုပ်အားခ ၃၄၉ဘတ် ရရှိမည်ဖြစ်ပါသည်၊ အသေးစိတ်အချက်အလက်များအား Page Cb သို့မဟုတ် 09456232330 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ 📞📞📞📞📞
27/03/2024
Aiedo Myanmar ရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုအနေနဲ့ ရရှိမယ့် Service လေးကတော့ 🏃
✈️✈️✈️ပြည်တွင်း၊ပြည်ပ လေယာဉ်လက်မှတ်များကို Customer များ သွားရောက်လိုသော ခရီးစဉ်အလိုက် မှန်ကန်မြန်ဆန်စွာ ရောင်းချပေးမှာဖြစ်ပါတယ်ရှင်
✈️ပြည်တွင်းလေယာဉ်လက်မှတ်
✈️ပြည်ပလေယာဉ်လက်မှတ်
✈️ Customer စိတ်ကြိုက် ရွေးချယ်ဝယ်ယူလိုသော Airlines
✈️ Ticket Booking
အစရှိသဖြင့် Airlines နှင့်ပါတ်သက်သော ဝန်ဆောင်မှုများကို ကျမတို့ရဲ့ Aviedo Myanmar မှ လက်ခံဆောင်ရွက်ပြီး ဝန်ဆောင်မှုပေးနေပါပြီရှင်
Flight Booking✈️
Flight Tickets🎫
Hotel Booking များ လိုအပ်ပါက
Aviedo Myanmar ရဲ့ Hotline ဖုန်းနံပါတ်☎️☎️☎️
09456232330 သို့မဟုတ် Page Messenger⌨️ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါပြီရှင့်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Banyar Dala Road
Yangon
095
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 13:00 |