S.R.D JEANS
11/05/2026
မင်းလာတဲ့အရပ်ကို မင်းကမိတ်ဆက်ပေမယ့်လို့ မသိဖူးလို့ ပြန်ပြောခံရတဲ့အခါ မင်းဘယ်လိုခံစားရမယ်ဆိုတာ မင်းတွေးမိဖူးလား...
S.R.D JEANS ဖြစ်တည်လာရတာက ဒီအကြောင်းအရာလဲ တခုအပါအဝင်ပဲ...
04/05/2026
ဒီခေတ်မှာ မြန်မာပြည်နေပြီး PRODUCTION လုပ်ရင် ရူးလို့လုပ်တာပါ...
ခုချိန် ရှိရင်းစွဲတွေအပေါ် စျေးကစားပြီး ပိုက်ဆံရှာလို့ကောင်းနေတာမှ အများကြီး...
ဘေးပတ်ချာလည်မှာကို ရှိတယ်... မလုပ်ဖူး... ဒါတွေကြောင့် တိုင်းပြည်စီးပွားရေး နစ်မွန်းရတာ လို့ကို ထင်တာမျိုး...
ကျွန်တော်ဆို CDC 80945... လုပ်သက် ဆယ်ကျော်ပြီ ခုဆို... ဒါမလုပ်ပဲနေလဲ ဒေါ်လာထောင်ဂဏန်းကတော့ရပြီးသား...
ဒါလုပ်လို့ကို အခက်အခဲတွေ အောက်ကျို့ရတာတွေ အိပ်မရတာတွေ မူးရူးငိုယိုနေတာတွေကို ထည့်မပြောချင်ခဲ့ဖူး... သူတပါးပျော်နေချိန် ဘာလုပ်ရင်ကောင်းမလဲ ဘယ်လမ်းသွားရင်ကောင်းမလဲနဲ့ သူတပါးခေါ်လို့လိုက်ပြီးရောက်တဲ့ Club ထဲ ဝင်လေထွက်လေရှုနေရတာမျိုးဗျာ... တယောက်တည်း စကားတွေပြောနေမိပြီ... သွားမယ့်နေရာတွေ ကျော်ပြီးသွားနေမိပြီ...
ခုလဲ ကျွန်တော့ ထုတ်ကုန်လေး နိင်ငံပြင်ပရောက်နေတာတွေ ရှိတယ်... ဒါမြန်မာလုပ်တာပါလားဆိုတာ သူတို့ကနေတဆင့်သိစေချင်တယ်... ထပ်ပြီးတော့ မျိုးနွယ်စုတွေကို သိစေချင်တယ်...
နိင်ငံခြားက အော်ဒါမှာတဲ့သူတွေက အမိမြေပေါ်ထားတဲ့စိတ်တခုခုတော့ ရှိပြီးသား... သူတို့ တခြားနိင်ငံသားတွေကို ပြန်ပြမှာပဲဆိုတာ သိပြီးသားမို့ ပါတဲ့ နိင်ငံအလံနဲ့ မြေပုံတင်မရပ်တန့်ပဲ ထပ်ပြီး တိုးချင်ယုံလေးပါပဲ...
ဒါပါပဲ...
ကျွန်တော် Denim ကို ချစ်သွားတာက စီးပွားရေးမှာ မိသားစုအတွက်ပြဿနာဖြစ်စေခဲ့တာပဲ...မိဘတွေ ဆင်းဆင်းရဲရဲနေထိုင်နေရတယ်...
သို့သော် လုပ်အုန်းမှာ.... ပထမမြန်မာနိင်ငံတော်ကနေ ၃၇မင်းအထိ...
Rules & Regulations တွေကို ငွေအတွက်ဂရုမစိုက်ချင်လို့ အလုပ်သမားမလုပ်တော့တာ.... ခုလဲ ကျွန်တော် စျေးရောင်းတယ်... စိတ်အရပဲသွားတယ်... ဘယ် BRAND ပါအော်နေတဲ့သူတွေမှ ကျွန်တော့လိုမလုပ်ပါ... ဘောင်ထဲကပဲ စျေးရောင်းကျတယ်...ပိုက်ဆံရှာကျတယ်...
ထပ်ပြီး ဒါပါပဲ....
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No 79, Gandamar Street, (2)Quarter, Mayangone Township
Yangon
11061