LOYAL Professional Engineering Group
05/09/2022
ယနေမှာတော့ မိတ်ဆွေတို့ အတွက် ကွန်ကရစ်သက်တမ်းနုချိန်မှာ ဖြစ်ပေါ်တတ်တဲ့ အက်ကြောင်းများ အကြောင်းကို ချစ်သော မိတ်ဆွေများအတွက် ကျွန်တော်များ LOYAL Professional Engineering Group မှ ထပ်ဆင့်တင်ပြအပ်ပါသည် ခင်ဗျာ ။
*********
သက်တမ်းနုတယ်ဆိုတာကတော့ ကွန်ကရစ်ကို သွန်းလောင်းပြီးတဲ့ (၇)ရက် တစ်ပတ်အတွင်းကို ဆိုလိုတာဖြစ်ပါသည် ခင်ဗျာ ။
တစ်ပတ်(၇)ရက်ကြာပြီးတဲ့အချိန်မှာလည်း အလားတူ အက်ကြောင်းငယ်များလည်း သံကူကွန်ကရစ် ကြမ်းခင်းတွေမှာ ဖြစ်ပေါ်လာတတ်တာကို တွေ့ရှိရတတ်ပါတယ်။
ဒါကြောင့်မို့လို့ ကွန်ကရစ်သွန်းလောင်းပြီး ရက်ပေါင်း(၆၀)အတွင်းမှာ ဖြစ်ပေါ်/တွေ့ရှိရတတ်တဲ့ အက်ကြောင်းများကို ကွန်ကရစ်သက်တမ်းနုချိန်မှာ ဖြစ်ပေါ်တတ်တဲ့ အက်ကြောင်းများဆိုပြီး သတ်မှတ်လို့ရပါတယ်။
တကယ်လို့ Structural Design အရ ခွင့်ပြုနိုင်တဲ့ပမာဏအတွင်း မကျော်လွန်တဲ့ အက်ကြောင်းတွေဆိုရင်တော့ အဆောက်အဦကို ထိခိုက်ပျက်စီးစေလောက်အောင် မဆိုးရွားပါဘူး။ ဒါပေမယ့်လည်း ကွန်ကရစ်အတွင်း ထည့်ထားတဲ့ သံချောင်းတွေကို စောစီးစွာ သံချေးတက်မှုကို ဖြစ်စေမှု အလားအလာများပြီး ကွန်ကရစ်ကာဗာနေရာတွေမှာ အက်ကြောင်းတွေကို ဖြစ်စေပါတယ်။ အဲ့လိုမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ ပြင်ဆင်ဖို့ ပြင်ဆင်စရိတ်ကုန်ကျမှာ ဖြစ်သလို ကွန်ကရစ်အဆောက်အဦ၏ သက်တမ်းကြာရှည်ခိုင်ခန့်မှုကို ထိခိုက် တိုတောင်းစေမှာဖြစ်ပါတယ်။
ကွန်ကရစ်အရောအနှော၊ ပတ်ဝန်းကျင်အခြေအနေနှင့်ထိတွေ့မှု၊ အပူထွက်မြန်ဆန်/နှေးကွေးမှု Hydration အခြေအနေနှင့် ကွန်ကရစ်အသားနှပ်ခြင်း Curing condition အခြေအနေတွေကြောင့် အဓိကအားဖြင့် Freshly concrete တွေ သွန်းလောင်းတဲ့အခါ သက်တမ်းနု အက်ကြောင်းတွေ ဖြစ်နိုင်ချေက အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီသက်တမ်းနု အက်ကြောင်းတွေကို ဖြစ်စေနိုင်တဲ့ အကြောင်းတရားများကို သေချာနားလည်ထားဖို့လိုသလို အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်တဲ့နည်းလမ်းတွေကို အသုံးပြုရမှာဖြစ်ပါတယ်။
သက်တမ်းနုအက်ကြောင်းတွေကို ဖြစ်စေတဲ့အကြောင်းတရားနှင့် သက်တမ်းနုအက်ကြောင်းအမျိုးအစားတွေအနေနှင့် အချက်(၈)ချက်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
(၁) အတွင်းအပူချိန်ကြောင့်ဖြစ်တဲ့ သက်တမ်းနုအက်ကြောင်း (Internal Concrete Temperature)
(၂) အပူချိန်မြင့်တက်မှု (Temperature Gradient)
(၃) ကျုံ့ခြင်း/ဆန့်ခြင်း (Autogenous Shrinkage)
(၄) အနည်ထိုင်ခြင်း (Plastic Settlement)
(၅) Drying Shrinkage
(၆) ပြင်ပဝန်သက်ရောက်ခြင်း (External Loading)
(၇) Concrete Creep
(၁) အတွင်းအပူချိန်ကြောင့်ဖြစ်တဲ့ သက်တမ်းနုအက်ကြောင်း (Internal Concrete Temperature)
ဘိလပ်မြေဆိုတာ အပူထွက်တဲ့သဘောရှိတဲ့အတွက် ကွန်ကရစ်ကို အပူဖြစ်ပြီး အပူထုတ်စေတဲ့အတွက် သက်တမ်းနုအက်ကြောင်းတွေကို ဖြစ်စေပါတယ်။ ကွန်ကရစ်အတွင်းအပူချိန်က ၅၀ဒီဂရီစင်တီဂရိတ်နီးပါးပတ်ချာလည်မှာ ရှိမယ်ဆိုရင် ဘိလပ်မြေထဲမှာ ပါတဲ့ ဓာတုပစ္စည်း ettringite က တည်ငြိမ်မှုမရှိတော့ဘဲ ပျော်ဝင်သွားပါတယ်။ အဲ့လိုပဲ အတွင်းအပူချိန် လျော့နည်းလွန်းတဲ့အခါမှာလည်း ဓာတုပစ္စည်း ettringite က ပြန့်ကား(ပြန့်နှံ့)သွားပြီး ကွန်ကရစ်အတွင်းအပြင် အက်ကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။
(၂) အပူချိန်မြင့်တက်မှု (Temperature Gradient)
Temperature Gradient ဖြစ်ခြင်းကို ရှောင်လွှဲလို့မရတဲ့ ပြင်ပအပူချိန်မြင့်မားလွန်းတဲ့အခါ တွေ့ရှိရတတ်ပါတယ်။ အဲ့ဒီလို မြင့်မားတဲ့အပူချိန်မြင့်တက်မှုတွေ ကွန်ကရစ်သားတွေ၏ အတွင်းအပြင်မှာ ဖြစ်ပေါ်တဲ့အခါ Structural element တွေကို အပူဒဏ် Thermal Stress ကို ခံစားစေပါတယ်။ တကယ်လို့ ကွန်ကရစ်မန်ဘာတွေကို restraint ဖြစ်နေမယ် ရွှေ့လျားမှု၊ ပြန့်ကားမှုများကို ကန့်သတ်ထားတယ်ဆိုရင် Thermal stress တွေကနေ ကွန်ကရစ်၏ tensile strength ကို ကျော်လွန်ပြီး အက်ကြောင်းများကို ဖြစ်စေပါတယ်။
ကွန်ကရစ်၏ restraints ကို လျော့ချနိုင်ဖို့ဆိုရင် T-beam တွေမှာ web နှင့် fl**ge ဆုံတဲ့အဆက် junction ၏ မန်ဘာ section depth ကို ပြောင်းလဲခြင်း၊ beam နှင့် slab တို့မှာ အပေါ် သံချောင်းအတွက် မန်ဘာ section depth အပြောင်းအလဲလုပ်ခြင်း၊ colum တွေမှာ stirrup အတွက် section depth/width ပြောင်းလဲသတ်မှတ်ခြင်း၊ ခွဲကျောက်အရွယ်အစားနှင့်ပုံစံကာဗာတွေအတွက် အကျန်ကို ပြောင်းလဲသတ်မှတ်ခြင်း စတာတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အဓိကတော့ မန်ဘာတွေအနေနဲ့ Thermal stress ကို restraint မဖြစ်စေဖို့ပဲ ဖြစ်ပါတယ်။
(၃) ကျုံ့ခြင်း/ဆန့်ခြင်း (Autogenous Shrinkage)
ကျုံ့ခြင်း/ဆန့်ခြင်းကြောင့်ဖြစ်တဲ့ အက်ကြောင်းဆိုတာကတော့ ကွန်ကရစ်သွန်းလောင်းပြီးတဲ့အချိန် လျင်မြန်စွာ/ချက်ခြင်းတက်လာတဲ့ Strength ကြောင့် ကွန်ကရစ်သား ကျုံ့ခြင်း/ဆန့်ခြင်းဖြစ်ရာကနေ tensile stress ဖြစ်စေပြီး အက်ကြောင်းများဖြစ်စေတာပဲဖြစ်ပါတယ်။
Autogenous Shrinkage ဖြစ်ခြင်းကို chemical Shrinkage တွေကို အသုံးပြုတဲ့အခါမှာ တွေ့ကြုံရတတ်ပါတယ်။ Chemical shrinkage တွေကိုအသုံးပြုတဲ့အတွက် ကွန်ကရစ်အရောအနှော(ဘိလပ်မြေ/ရေ)၏ အပူထွက်မှု Hydration က ပုံမှန်ထက် ပိုနည်းသွားစေပါတယ်။ Portland cement တွေအတွက် Chemical shrinkage ကို အသုံးပြုပြီး hydration ဖြစ်မှုကို ထိန်းချုပ်မယ်ဆိုရင်အတွက် အကောင်းဆုံး ဆေးအချိုးအစားက ကွန်ကရစ်ထုထည်၏ ၁၀% ဖြစ်ပါတယ်။
ကွန်ကရစ်သွန်းလောင်းပြီးစ ဘိလပ်မြေ စအိပ် setting ဖြစ်ပြီး cement paste က hydration အပူထွက်တဲ့အခါမှာ မျက်နှာပြင်ပေါ်မှာ ဖြစ်တတ်တဲ့ ဆံခြည်မျှင် အပေါက်လေး capillary porosity တွေကို ရေနှင့် curing မလုပ်ပဲ chemical shrinkage တွေဖြင့် ဖြည့်မယ်ဆိုရင်လည်းရပါတယ်။ အဲ့ဒီဖြစ်စဉ်ကို self-desiccation လို့ ခေါ်ပါတယ်။ အဲ့လိုလုပ်တဲ့အခါမှာလည်း အပေါက်လေးတွေဖြည့်သွားတတ်ပေမယ့် အရာလေးတွေ အကွက်လေးတွေ ထတတ်ပြီး ပေါ်တက်ပြီး အဲ့ကနေ Autogenous stress တွေကို ဖြစ်စေတတ်ပြီး အဲ့ကနေ autogenous shrinkage ကို ဖြစ်စေပါတယ်။
အက်ကြောင်းတွေကို internal restraint တွေရဲ့ အနီး ဆိုလိုတာက သံချောင်းတွေနဲ့ ရောစာကြီး ကျောက်စရစ်တွေရဲ့ အနီးအနားမှာ တွေ့ရှိရတတ်ပါတယ်။
ပြီးတော့ external restraint ဖြစ်တဲ့အခါ ကွန်ကရစ်မန်ဘာတွေရဲ့ Depth တစ်လျှောက်လုံးမှာလည်း တွေ့ရှိရတတ်ပါတယ်။
(၄) အနည်ထိုင်ခြင်း (Plastic Settlement)
ကွန်ကရစ်အနည်ထိုင်ခြင်းကလည်း သက်တမ်းနုအက်ကြောင်းတွေကို ဖြစ်စေတဲ့ အဓိကအချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဘယ်အချိန်မှာ အနည်ထိုင်တယ်လို့ သတ်မှတ်လဲဆိုရင် ကွန်ကရစ်အရောနှောတွေထဲက ရောစာကြီး ကျောက်စရစ်တွေက အောက်ဘက်မှာ အနည်ထိုင် စုပုံပြီး ဘိလပ်မြေအရည်အနှစ်တွေက အပေါ်တက်လာပြီး မျက်နှာပြင်မှာ ရေပူဖောင်းလေးတွေ ဖြစ်လာတတ်ပါတယ်။ အဲ့ဒီလို အနည်ထိုင်တဲ့အခါမှာ stress ဒဏ်ဖြစ်စေပြီး အဲ့ဒီ stress က လောလောလတ်လတ် သွန်းလောင်းထားတဲ့ ကွန်ကရစ်ရဲ့ tensile strength ထက် ပိုများတဲ့အခါမှာ သက်တမ်းနုအက်ကြောင်းတွေကို ဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။ အဲ့ဒီအက်ကြောင်းတွေကို restraint ဖြစ်စေတဲ့ သံချောင်းတွေရဲ့အနီးအနားမှာ တွေ့ရှိရတတ်ပြီး အဲ့နေရာမှာ အနည်ထိုင်မှုပိုများတတ်ပါတယ်။
Plastic settlement ကြောင့်ဖြစ်တဲ့ သက်တမ်းနုအက်ကြောင်းတွေကို ဘာကြောင့်တွေ့ရှိတတ်လဲဆိုတော့ ကွန်ကရစ်မန်ဘာတွေရဲ့ ဖြတ်ပိုင်း section အရွယ်အစားကို ရုတ်တရက်ပြောင်းလဲ(မတူ)တဲ့အတွက် ဖြစ်တာများပါတယ်။ ဥပမာ တခါတည်းလောင်းလိုက်တဲ့ Column, Beam တွေက အရွယ်အစားမတူညီတာမျိုး ကြီးတာကနေ ပိုသေးသွားတာ၊ သေးရာကနေ ပိုကြီးသွားတာ စသဖြင့် အဲ့ section ပြောင်းသွားတဲ့ နေရာ၊ ပုံစံအရွယ်အစားပြောင်းသွားတဲ့နေရာမှာ အက်ကြောင်းတွေဖြစ်တတ်ပြီး ပိုကြီးတဲ့ မန်ဘာအရွယ်အစားမှာ အနည်ထိုင်မှု ပိုဖြစ်တတ်တာကို တွေ့ရှိရပါတယ်။
(၅) Drying Shrinkage
ကွန်ကရစ်၏အတွင်း/အပြင်သော်လည်းကောင်း နှစ်မျိုးလုံးမှာသော်လည်းကောင်း မှာ ကျုံ့ခြင်းဆန့်ခြင်းကို ကန့်သတ်ထားမယ် Restraint ဖြစ်နေမယ်ဆိုရင် drying shrinkage ကြောင့် သက်တမ်းနုအက်ကြောင်းများကို ဖြစ်စေပါတယ်။ ကွန်ကရစ်မန်ဘာတွေ၏ ထု အထူက တသမတ်တည်းမဟုတ်တဲ့အခါမှာ Drying shrinkage က မတူညီစွာပြန့်နှံ့ပြီး ကျုံ့ခြင်းဆန့်ခြင်းဖြစ်စေတဲ့အတွက် မတူညီတဲ့ differential shrinkage ကို ဖြစ်စေပါတယ်။
အဲ့ဒီလို မတူညီတဲ့ differential shrinkage တွေကြောင့် မန်ဘာများကို axial moment နှင့် warping ဖြစ်စေပါတယ်။ ကွန်ကရစ်ကနေ restraint ဖြစ်နေမယ်ဆိုရင် အဲ့ဒီမတူညီတဲ့ ရွေ့လျားမှု moment နှစ်ခုကြောင့် axial stress နှင့် bending stress ကို ဖြစ်ပေါ်စေတဲ့အတွက် အဲ့ကနေ သက်တမ်းနုအက်ကြောင်းများကို ဖြစ်စေပါတယ်။ Drying shrinkage တွေက သေးငယ်တဲ့ မန်ဘာတွေမှာတောင် residual stress ဖြစ်ပေါ်စေနိုင်ပါတယ်။
(၆) ပြင်ပဝန်သက်ရောက်ခြင်း (External Loading)
တုန်ခါမှု၊ Traffic နှင့် လေတိုက်နှုန်းတွေဖြစ်တဲ့ ပြင်ပဝန်သက်ရောက်မှုများကြောင့် ကွန်ကရစ်တွေမှာ extra stresses တွေကို ဖန်တီးပြီး ကွန်ကရစ်၏ ခံနိုင်ရည်ထက် ကျော်လွန်တဲ့အခါမှာ အက်ကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။သွန်းလောင်းပြီးမကြာခင်က ကွန်ကရစ်၏ ခံနိုင်ရည်က နည်းနေမှာ သေချာတဲ့အတွက် ပြည့်ဝတဲ့ခံနိုင်ရည်မရမချင်း ပြင်ပဝန်သက်ရောက်မှုကို ဂရုတစိုက်တားမြစ်ကာကွယ်ရမှာဖြစ်ပါတယ်ခင်ဗျာ။
(၇) Concrete Creep
Concrete creep ဖြစ်ခြင်းကလည်း သက်တမ်းနုအက်ကြောင်းတွေကို ဖြစ်စေတဲ့ အကြောင်းတရားတစ်ခုပဲဖြစ်ပါတယ်။ ကွန်ကရစ်အတွင်း ရောစာကြီးတွေကနေ ကွန်ကရစ်၏ time dependent moment ဖြစ်မှုကို ကန့်သတ် restraint ဖြစ်စေတဲ့အခါမှာ ကွန်ကရစ်သားအတွင်း အပြင်မှာ stress ဒဏ်တွေ ခံစားရလာပါတယ်။ အဲ့ကနေ ကွန်ကရစ်အက်ကြောင်းတွေကို ဖြစ်စေတာပဲဖြစ်ပါတယ်ခင်ဗျာ။
From the First Step .... toward Success
ပထမဆုံးခြေလှမ်းမှသည် ... အောင်မြင်ခြင်းဆီသို့
26/04/2022
Types of Piles and Their Structural
Characteristics ( ပိုင်အမျိုးအစားများ ) ................................................................
ထမ်းဆောင်ရမယ့် load အမျိုးအစား ၊ အောက်ခံမြေလွှာအခြေအနေ နဲ့ မြေအောက်ရေမျက်နှာပြင်ပေါ်မူတည်ပြီးpiles အမျိုးမျိုးကို အသုံးပြု ကြပါတယ် ။ Piles များကိုအောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ် ။
(1) Steel piles
(2) Concrete piles
(4) Composite piles ( ပေါင်းစပ်ပိုင် )
Steel Piles ....................................
ယေဘုယျအားဖြင့် Steel piles တွေပာ pipe pilesတွေ rolled steel H-section piles တွေဖြစ်ပါတယ် ။ ထိပ်အဝနှစ်ဖက်လုံး ပိတ်ပြီးပဲဖြစ်ဖြစ် ဖွင့်ပြီးပဲဖြစ်ဖြစ် pipe piles တွေကို မြေကြီးထဲရိုက်သွင်းနိုင်ပါတယ် ။ တခြား piles အဖြစ်အသုံးပြု နိုင်တဲ့ပာတွေကတော့ Wide-fl**ge beams တွေနဲ့ I-section
beams တွေပါ ။ ဒါပေမယ့် H-section piles တွေကို ပိုအသုံးများပါတယ် ။ ဘာလို့လဲဆိုတော့ H-sectionတွေရဲ့ Web အထူနဲ့ Fl**ge အထူတွေက တူလို့ပါ ။
Wide-fl**ge နဲ့ I-section beams တွေမှာဆို
ရင် web က fl**ge ထက် ပါးပါတယ် ။ များသောအားဖြင့် pipe piles တွေကို မြေကြီးထဲရိုက်သွင်းပြီးနောက် pipe ခေါင်းထဲကို concrete တွေလောင်းပါတယ် ။
Steel piles တွေရဲ့ allowable structural
capacity ကိုရှာတဲ့ပုံသေနည်းကတော့ -
Q ( allowable ) = A ( steel ) × F ( steel )
ဖြစ်ပါတယ် ။
Q = steel pile ရဲ့ခံနိုင်အား
A= steel pile ရဲ့ လုံးပတ် ဧရိယာ
F= steel အမျိုးအစားရဲ့ ခံနိုင်အား
လိုအပ်ရင် steel piles တွေကို ဂပော ( သို့ )
သံမှိုတွေနဲ့ ဆက်ပေးရပါတယ်။ကျောက်စရစ်(gravel)တွေသိပ်သည်းနေတာမျိုး ယှေလကျောက် (shale )တွေရှိနေတာမျိုး စတဲ့မာကျောတဲ့အခြေအနေမျိုးတွေမှာ Steel piles တွေပာ ရိုက်သွင်းရခက်နေတတ်ပါ
တယ် ။ အဲ့လိုအခြေအနေမျိုးတွေမှာ မြေကြီးထဲကို ရိုက်သွင်းမယ့်ဘက် pile ရဲ့ထိပ်မှာ အချွန် ( drivingpiles ) တွေ ခြေနင်း/ဖိနပ် ( shoes) တွေ တပ်ဆင်ပေးနိုင်ပါတယ် ။
Steel piles တွေက သံကြေးတက်နိုင်တယ် ။ ဥပမာရွှံ့ညွှန် ( swamps ) မြေဆွေး(peats) နဲ့တခြားorganic soils တွေပာ သံကြေးတက်စေပါတယ် ။pH-7 ထက်ကျော်လွန်တဲ့ မြေကြီးတွေကတော့ သံကြေးသိပ်မတက်စေပါဘူး ။ သံကြေးတက်မှုကိုလျှော့ချဖို့အတွက်steel ရဲ့အထူကိုထပ်တိုးလိုက်လို့ရပါတယ် ။ များသောအားဖြင့် စက်ရုံမှာကတည်းက သံကြေးမတက်အောင်
piles တွေကို epoxy တွေသုတ်လိမ်းထားတတ်ပါတယ်။Pile ရိုက်သွင်းတဲ့အခါမှာလည်း အဲဒီကြို တင်သုတ်လိမ်းထားတဲ့ epoxy တွေက အလွယ်တကူ ပျက်စီးခြင်းမရှိပါဘူး ။ သံကြေးတက်မှု အများဆုံးဖြစ်နိုင်တဲ့မြေနေရာဇုန်
တွေမှာ steel piles တွေကို concrete နဲ့ဖုံးအုပ်
ထားခြင်းဖြင့်လည်း သံကြေးတက်ခြင်းကို ကာကွယ်နိုင်တယ် ။
Concrete Piles ( ကွန်ကရစ်ပိုင် ).............................................................
Concrete piles တွေကို အခြေခံအားဖြင့် ( ၂) မျိုးခွဲခြားနိုင်ပါတယ် ။
(1) Precast piles
( 2 ) Cast-in-situ piles
( 1) Precast piles ( ကြို တင်လောင်းပိုင်)............................................................
Precast piles တွေကို ပုံမှန် အားကူသံချောင်း
ထည့်ပြီးသွန်းလောင်းနိုင်ပါတယ် ။ စတုရန်းပုံ အဋ္ဌဂံပုံ လုံးပတ်လိုမျိုးပေါ့ ။ အားကူသံချောင်းထည့်တာကတော့ မတင်တဲ့အခါ သယ်ဆောင်တဲ့အခါ နဲ့ vertical load ကြောင့်ဖြစ်တဲ့ကွေးညွှတ်မှု တွေ lateral load ကြောင့်ဖြစ်တဲ့ကွေးညွှတ်မှု တွေကို ခံနိုင်ရည်ရှိအောင်လို့ပါ ။ အလုပ်ခွင်
ကို မသယ်ဆောင်ခင် piles တွေကို လိုအပ်တဲ့အလျှားအတိုင်း သွန်းလောင်းတယ် ။ ပြီးတော့ အသားသေအောင်လုပ်တယ် ။
ခံနိုင်အားမြင့်တဲ့ steel ချောင်းတွေသုံးပြီး precast
piles တွေကို prestress လည်းလုပ်နိုင်ပါတယ် ။
အဲဒီ steel ချောင်းတွေရဲ့ အမြင့်ဆုံးခံနိုင်အားကတော့260 ksi ( ~ 1800 MN per square M )
ခန့်ရှိပါတယ် ။ Piles တွေကို သွန်းလောင်းနေစဉ်မှာ steel ချောင်းတွေကို 130 - 190 ksi ( ~ 900 - 1300MN per square M ) ခန့် ဆွဲဆန့် ( pre -
tension )လိုက် ပြီး concrete လောင်းထည့်လိုက်
မှာပါ ။ အသားသေသွားပြီးရင် steel ချောင်းတွေကို concrete အရင်းကနေ ဖြတ်ပစ်လိုက်မယ် ။ ဒါဆိုရင်pile section ပေါ်မှာ comressive force တစ်ခုရရှိသွားပြီ ဖြစ်ပါတယ် ။
(2) Cast - in - situ (or)Caast-in-place piles.................................................( ဆိုဒ်လောင်းပိုင် )
Cast-in-situ piles တွေကို ဆောက်လုပ်တဲ့နေရာ
မှာ ပထမဆုံး မြေကြီးထဲတွင်းတူးပြီး နောက် Concreteလောင်းထည့်ပါတယ် ။ လက်ရှိဆောက်လုပ်ရေးလုပ်ငန်းတွေမှာ cast-in-situ piles အမျိုး မျိုးကို အသုံးပြု နေ
ကြပါတယ် ။ အများစုကတော့ သူတို့ရဲ့ထုတ်လုပ်တည်ဆောက်သူတွေက မူပိုင်ခွင့်တင်ပြီးသားတွေပါ ။ Cast-in-situ piles တွေကို ( ၂ ) မျိုး ထပ်ခွဲနိုင်ပါတယ် ။
( a ) Cased piles
(b) Uncased piles
နှစ်ျိုးလုံးမှာ pedestral လို့ခေါ်တဲ့ အောက်ခံ concreteအဖုတစ်ခုစီ ပါရှိနေတတ်ပါတယ် ။
( a) Cased piles (casing ပါတဲ့ပိုင် )...........................................................
Cased piles တွေကို ဆောက်လုပ်ဖို့ လွန်(mandrel) ကိုသုံးပြီး steel casing ကို
မြေကြီးထဲရိုက်သွင်းပါတယ် ။ Pile ကသင့်တော်တဲ့အနက်ကိုရောက်ပြီဆိုရင် လွန် ( mandrel ) ကိုပြန်ထုတ်ပါတယ် ။ ပြီးတော့ casing ထဲကို concrete လောင်းထည့်လိုက်တာပါ ။ Pedestal ဆိုတာကတော့ လောင်းပြီးစ concrete ပေါ်ကို hammer ရိုက်ချလို့ ဖြစ်လာတဲ့ အဖု ( concrete bulb ) တစ်ခုဖြစ်ပါတယ်။
(b) Uncased piles ( casing မပါတဲ့ပိုင် )................................................................
Uncased piles တွေကိုတော့ casing ကိုလိုချင်တဲ့
အနက်ရောက်အောင် ရိုက်သွင်းပြီး concrete လောင်းချခြင်းဖြင့် ဆောက်လုပ်တတ်ပါတယ် ။ Uncased pilesတွေမှာတော့ casing ကို ပြန်ဆွဲထုတ်ပါတယ် ။
ခံနိုင်ဝန်ကိုရှာတဲ့ ပုံသေနည်းတွေကတော့ -
Cased piles (casing ပါတဲ့ပိုင် ) အတွက်................................................................
Q(allowable)=steel( AF) + concrete(AF)
Uncased piles ( casing မပါတဲ့ပိုင်) အတွက်....................................................................
Q(allowable)=(concrete A ) ×(concrete F)
Q= ခံနိုင်ဝန်
steel A = steel ရဲ့ လုံးပတ် ဧရိယာ
steel F = အသုံးပြု တဲ့ steel ရဲ့ ခံနိုင်အား
concrete A = concrete ရဲ့လုံးပတ် ဧရိယာ
concrete F = အသုံးပြု တဲ့ concrete ရဲ့ခံနိုင်အား
တို့ပဲဖြစ်ပါတယ် ။
Composite Piles ( ပေါင်းစပ်ပိုင် ) ........................................................
Composite piles တွေရဲ့ အပေါ်ပိုင်းနဲ့အောက်ပိုင်း
တွေမှာ အသုံးပြုထားတဲ့ပစ္စည်းတွေကမတူကြပါဘူး ။ ဥပမာcomposite piles တွေကို steel နဲ့ concreteတွဲပြီးလုပ်တာရှိသလို timber နဲ့concrete လည်းတွဲပြီးလုပ်ပါတယ် ။ Steel နဲ့ concrete တွဲပြီးလုပ်တဲ့piles တွေမှာ အပေါ်ပိုင်းက concrete ဖြစ်ပြီး အောက်ပိုင်းက steel ဖြစ်ပါတယ် ။ Pile အလျားပာ ရိုးရှင်းတဲ့cast-in-place concrete piles ( ဆိုဒ်လောင်း)တွေရဲ့ခံနိုင်အားထက်ပိုပြီး လုံလောက်တဲ့ bearing ကို လိုအပ်တဲ့အခါ ဒီလို pile အမျိုးအစားကိုသုံးတတ်ပါတယ် ။
Timber နဲ့ concrete ပေါင်းစပ်တဲ့ piles တွေမှာ
ဆိုရင်တော့ အပေါ်ပိုင်းက concrete ဖြစ်ပြီး အောက်ပိုင်းက timber ဖြစ်ပါတယ် ။ အောက်ပိုင်းက timber ပာ permanent water table ရဲ့အောက်မှာထားပြီး တည်ဆောက်ပါတယ် ။
ဘယ် case မဆို မတူညီတဲ့ ပစ္စည်းနှစ်ခုကြား သင့်
တော်တဲ့ အဆက် ( proper joints ) တွေဖြစ်ဖို့ဆို
တာ ခက်ခဲပါတယ် ။ ဒါ့ကြောင့် composite piles
တွေကို သိပ်မသုံးကြပါဘူး ။
ကျွန်တော်များ LOYAL Professional Engineering Group ကို ယုံကြည်မှုနှင့် အားပေးခဲ့ကြသော မိတ်ဟောင်း မိတ်သစ် Customers များအားလုံး စိတ်ကျန်းမာ ကိုယ်ချမ်းသာ နှင့် စီးပွားရေးများ ဒီထက်မက တိုးတက်ပြီး အသက်ရှုတိုင်း ငွေတွေ၀င်ပါစေကြောင်း ကျွန်တော်များ LOYAL Professional Engineering Group မှ ဆုမွန်ကောင်း တောင်းလိုက်ပါသည်ခင်ဗျာ ။
From The First Step ... Towards Success
ပထမဆုံးခြေလှမ်းမှသည်... အောင်မြင်ခြင်းဆီသို့
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pinlon Road
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |