Takaboshi Japanese Language Centre
13/01/2021
JFF Plus: Online Festival ဂျပန်ရုပ်ရှင်ပွဲတော်ကို ဒီနေ့ စတင်ကျင်းပပြီဖြစ်ပြီး ပထမဆုံးနေ့မှာ ကြည့်ရှုရမယ့် ဂျပန်ရုပ်ရှင်ဇာတ်ကား ၃ကားရဲ့ ပွဲချိန်ဇယားကို ဖော်ပြလိုက်ပါတယ်။
ဒီရုပ်ရှင်ကားတွေကို ကြည့်ရှုဖို့အတွက် https://watch.jff.jpf.go.jp/page/myanmar/ မှာ "အခမဲ့" အကောင့်ဖွင့်ရုံနဲ့ ဇာတ်ကားများကို ပြသချိန်မှစပြီး ၂၄နာရီအတွင်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ မြန်မာစာတန်းထိုးနဲ့ ကြည့်ရှုနိုင်အောင်လည်း စီစဉ်ထားပါတယ်။
အကောင့်ဖွင့်ပုံအသေးစိတ်ကို အောက်ပါ ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/134543210560417/videos/450669959286971
ဇန်နဝါရီ ၁၃ရက်ကနေ ၂၂ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် အွန်လိုင်းကနေ ကျင်းပသွားမယ့် ဂျပန်ရုပ်ရှင်ပွဲတော်ကို အိမ်မှာနေရင်း ကြည့်ရှုရမှာဖြစ်လို့ မိသားစုနဲ့တူတူ၊ သူငယ်ချင်းတွေနဲ့တူတူ ကြည့်ရှုအားပေးရင်း ပျော်ရွှင်စရာ အချိန်ကလေးတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
မကြာမီ live စပါတော့မယ်နော်
Click here to claim your Sponsored Listing.
Category
Website
Address
No. 56, 3rd Floor(B), 14street(middle), Lanmadaw Township
Yangon
11131