Amber-GGI Nippon Life Insurance Agent

Amber-GGI Nippon Life Insurance Agent

Share

24/09/2023

#အသက်၃၅ နှစ်ရှိသူ တစ်ယောက်က ရှေ့ရေးအတွက် စိတ်ချရအောင် ( သိန်း ၁,၀၀၀ ) အသက်အာမခံ ထားမယ်ဆိုရင် ...
သိန်း ၁,၀၀၀ အပြင် ရှင်သန်ခွင့်အကျိုးခံစားခွင့် #သိန်း၁,၈၀၀ပါ ရနိုင်တဲ့ Flexi Life Insurance အကြောင်းရှင်းပြပေးပါမယ်။

နှစ်စဉ် ပရီမီယံကြေး အနေနဲ့ တနှစ်စာကို ၁၇၅ သိန်းကျော်ကို ပေးသွင်းပေးသွားရုံပါပဲ။ ခြောက်လတစ်ခါ ပေးသွင်း လို့လဲ ရပါတယ်။
Benefit အနေနဲ့
===========

💟 Medical Checkup အခမဲ့ ဆေးစစ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

💟 နှစ်နှစ်မြောက်မှာ သိန်း၁,၀၀၀ ရဲ့ ၃၀% သိန်း ၃၀၀ ကို ရှင်သန်ခွင့် အကျိုးခံစားခွင့်အနေနဲ့ Cash Back ရရှိပါမယ်။
💠ခြောက်နှစ်မြောက်မှာ သိန်း ၁,၀၀၀ ရဲ့ ၄၀% သိန်း ၄၀၀ ကို ရှင်သန်ခွင့် အကျိုး ခံစားခွင့် အနေနဲ့ Cash Back ရရှိပါမယ်။
💠ဆယ်နှစ် မြောက်မှာ သိန်း ၁,၀၀၀ ရဲ့ ၅၀ % သိန်း ၅၀၀ ကို ရှင်သန်ခွင့် အကျိုးခံစားခွင့် အနေနဲ့ Cash Back ထပ်ရမယ်။
💠ဆယ့်လေးနှစ်မြောက်မှာ တစ်ခါ သိန်း ၁,၀၀၀ ရဲ့ ၆၀ % သိန်း ၆၀၀ ကို ရှင်သန်ခွင့် အကျိုးခံစားခွင့်အနေ နဲ့ Cash Back ထပ်ရမှာ ဖြစ်ပါတယ်။
💟 အာမခံစာချုပ်သက်တမ်း (၁၅) နှစ် ပြည့်တဲ့အခါမှာလည်း
အာမခံထားထားတဲ့ သိန်း ၁,၀၀၀ ကို တလုံးတည်း အပြည့်အဝ ထုတ်ပေးမှာ ဖြစ်ပါတယ်။
(နှစ်ပြည့် အကျိုးခံစားခွင့် ဖြစ်ပါတယ်)

♥ကိုယ် စုထား တဲ့ ၁၅ နှစ်အတွင်း မှာCash back လေး ကြိမ် ထုတ်ခွင့် ရှိသလို မထုတ်ဘဲ ထားရင်လဲ ရှင်သန် ခွင့် အကျိုး ခံစားခွင့် တဲ့ ငွေ သိန်း ၁၈၀၀ အတွက် တိုးရင်းပေါင်းခံစားခွင့် ရှိပါတယ်။ (ဗဟိုဘဏ် ရဲ့ အတိုးနှုန်း ၇ % အတိုင်း ပေးပါတယ်)

📌Cash Back လေးကြိမ် စာ ထုတ်ပေးငွေ သိန်း ၁,၈၀၀ ကို မထုတ်ဘဲ ငွေ ဆက်လက် စုထားသူက တိုးရင်းပေါင်း+သိန်း ၁၈၀၀+သိန်း ၁၀၀၀
စုစုပေါင်း သိန်း သုံးထောင့်ရှစ်ရာ ကျော် ရရှိမှာ ဖြစ်ပါတယ်။

📌ကိုယ့် ၁၅ နှစ်စာ သွင်းငွေ သိန်း နှစ်ထောင့်ခြောက်ရာ သုံးဆယ်ငါးသိန်း ကျော်သာ ရှိပေးမဲ့ ကိုယ် ပြန်ရငွေ က
သိန်း သုံးထောင့် ရှစ်ရာ ကျော် ဖြစ်တဲ့ အပြင်ကိုယ့်ကို ၁၅ နှစ်စာလုံးစာ အသက်အာမခံ ပေးနေမှာဖြစ်ပါတယ်။

💟 အာမခံသက်တမ်းအတွင်း မမျှော်လင့်ဘဲ မိဘက တိမ်းပါး (သို့) ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့သည် ရှိသော် ... သွင်းလက်စ ပရီမီယံကြေးကို ဆက်ပေးသွင်းစရာ မလိုတော့ဘဲ အာမခံထားငွေ သိန်း ၁၀၀၀ ကို တလုံးတည်း ထုတ်ပေးမှာ ဖြစ်ပါတယ်။
*** အဆိုပါ အကျိုးခံစားခွင့်ကို စာချုပ်ထဲမှာ ထည့်သွင်းထားတဲ့ သားသမီးကိုသာ ထုတ်ပေးမှာ ဖြစ်ပါတယ်။
(မိမိ သားသမီး ရှေ့ရေးအတွက် နောက်ဆံတင်းမနေရဘဲ စိတ်အေးချမ်း လုံခြုံမှုကို ရရှိစေပါတယ်)

💟 အကျိုးခံစားခွင့် ထုတ်ပေးတဲ့ ငွေဟာ အခွန်ကင်းလွတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

- ခုလို စီစဉ်ထားခြင်းအားဖြင့် ကိုယ်ရှိသည်ဖြစ်စေ မရှိတော့သည်ဖြစ်စေ ကိုယ်မျှော်မှန်းထားတဲ့ သားသမီး အနာဂတ်ပန်းတိုင် ပြည့်မြောက်ဖို့အတွက် ငွေကြေးပိုင်းဆိုင်ရာ စိတ်ချရပြီးသား ဖြစ်စေပါတယ်။
- သားသမီး အတွက် သတ်သတ်မှတ်မှတ် ကြိုတင် အမွေ စီစဉ်ပြီးသား ဖြစ်စေလို့ Peace of mind ရရှိနေမှာပါ။

မိဘ အနေနဲ့ သားသမီးတွေရဲ့ ရှေ့ရေးအတွက် ဖြစ်စေ၊ ပညာရေးအတွက် ဖြစ်စေ အမွေတစ်ခု ကြိုတင်စီစဉ်ထားချင်တဲ့အခါ ဒီလို ငွေကြေးစီမံထားခြင်းက လုံခြုံစိတ်ချရတဲ့ စိတ်အေးရစေတဲ့ အစီအမံမျိုး ဖြစ်ပါတယ်။

အနည်းဆုံး အာမခံထားငွေ သိန်း ၅၀ ကနေ စထားလို့ရတာကြောင့် တစ်လ ပရီမီယံ ၃၀,၀၀၀/- ကျပ် လောက်ကစပြီိး မိမိ နိုင်သလောက်နဲ့ တိုင်းတာပြီး လုံခြုံစိတ်အေးရစေတဲ့ ငွေကြေးစီမံခန့်ခွဲမှုတစ်ခုကို ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါတယ်။

အသက်အာမခံကို ...
💟 မိဘရဲ့ ကျေးဇူးတရားတွေအတွက် အစီအမံတစ်ခု ပြန်လုပ်ထားပေးချင်တဲ့အခါ
💟 သားသမီးအတွက် လုံခြုံခိုင်မာတဲ့ အမွေတစ်ခု ကြိုတင်စီမံထားပေးချင်တဲ့အခါ
💟 တန်ဘိုးထား ချစ်ခင်ရသူတွေရဲ့ အနာဂတ်ကို လုံခြုံစိတ်ချရအောင် စီမံထားပေးချင်တဲ့အခါ
💟 မိမိနောင်ရေး ရည်မှန်းချက်တွေ အတွက် သီးသန့် ငွေကြေးစုဆောင်းထား ချင်တဲ့ အခါမျိုးတွေမှာ 👍 #အသက်အာမခံ ကို ကောင်းစွာ အသုံးချ ပြင်ဆင်လုပ်ဆောင်ထားလို့ ရပါတယ်.....။

ငွေပမာဏ အနည်းအများက အရေးမကြီးပါဘူး။
ကိုယ်နိုင်သလောက် ... လစဥ် သောင်း ဂဏန်းကနေ စပြီး မိသားစုအတွက် အကာအကွယ် ပေးထားချင်သလောက်ကို ကိုယ့်ဝင်ငွေပေါ် ချင့်ချိန်ပြီး စီမံထားနိုင်ပါတယ်။

💝 မိသားစုတွေရဲ့ အနာဂတ်တွေဟာ ဂရုစိုက်ဖို့ ထိုက်တန်ပါတယ်။
🛡️ "အာမခံထားပါ" လို့ ဆိုတာထက် ....
မမြင်ရတဲ့ အနာဂတ်ကို #ကြိုတင်ကာကွယ်ပါ ရှင်။

မိမိထားချင်တဲ့ ငွေပမာဏ နဲ့ အသက်ပေါ်မူတည် ပြီး ပရီမီယံ ကြေး ကို တွက်ပေးတာဖြစ်တဲ့အတွက် အသေးစိတ် သိရှိလိုပါက ကျမ ဆီ အချိန်မရွေး ဖုန်းဆက်မေးမြန်းနိုင်သလို page cb မှာ ဖုန်းနံပါတ် ထားပေးခဲ့ရင်လဲ ပြန်လည်ဆက်သွယ်ရှင်းပြပေးပါမယ်ရှင် ။

Amber GGI NL Insurance Agent
📲09265737215



Agent

22/09/2023

Parenting နဲ့ပတ်သက်လို့ စာတွေလဲ အများကြီးမဖတ်နိုင်ဘူးဆိုရင် ဒီဇာတ်ကားလေးကြည့်ပြီး parenting knowledge တွေ ယူကြဖို့ movie review ရေးဖြစ်တယ်… ဒါက အမေတယောက်အမြင်နဲ့ရေးတာဖြစ်လို့ မိဘမဟုတ်တဲ့သူအနေနဲ့ ကြည့်တဲ့အခါ view pointက တူချင်မှတူပါလိမ့်မယ်။ ကိုယ်ကတော့ ဒီဇာတ်လမ်းတွဲလေးကို တမိသားစုလုံးအတူတူ ကြည့်သင့်တယ်လို့ယူဆတယ်။

✅ရှယ်ဒန်
သူလေးက Geniusလေးပါ။ သူ့ရဲ့အသက်အရွယ်ထက် သာလွန်တဲ့ ဥာဏ်ရည်နဲ့ သိမြင်မှူလွန်ကဲနေတာမို့ လူမှူအဖွဲ့အစည်းမှာလဲ အံဝင်ဂွင်ကျဖို့ နဲနဲခက်ခဲတဲ့ ကလေးငယ်ပါ။ ဒီလိုကလေးမျိုးကလဲ တကယ်တော့ special needs ပါ။ ဒါကို သူ့အမေက ကောင်းကောင်းသိတယ်။ special needs ဆိုတာ တနည်းအားဖြင့် ပုံမှန်ထက်ပိုမိုသော ဂရုစိုက်မှုနဲ့ မေတ္တာကိုပေးရန်လိုအပ်သောပါ။

✅ရှယ်ဒန့်အမေ
သိပ်တော်တဲ့ မိခင်ပါ။ သူက working momတော့မဟုတ်ဘူး။ ရှယ်ဒန်တို့မောင်နှမသိပ်ငယ်နေသေးလို့ အလုပ်လုပ်ခွင့်မရသေးတဲ့ အိမ်ထောင်ထိန်းသိမ်းမှုနဲ့ ကလေးပျိုးထောင်မှုသိပ်တော်တဲ့ အမျိုးသမီးပါပဲ။ ကျန်ကလေး၂ယောက်နဲ့စာရင် ရှယ်ဒန်လေးအပေါ် ပိုဂရုစိုက်တယ် မျက်နှာလိုက်တယ်ထင်ရပေမယ့် ရှယ်ဒန်ကလဲ အဲ့လိုကို ပိုဂရုစိုက်ဖို့လိုအပ်နေတဲ့ကလေးလေးဆိုတာ ဒီအမေက ကောင်းကောင်းသိနေလို့ပါပဲ။

✅ရှယ်ဒန့်အဖေ
ယောကျ်ားပီသပြီး မိသားစုအပေါ်သိပ်ချစ်သောအမျိုးသား၊ ဖခင်ပါပဲ။ ရှယ်ဒန့်အပေါ် သူ့မိန်းမဖြစ်သူ သဲလွန်းတာကို တခါတရံသူထိန်းညှိသွားတာလေးတွေ သိပ်ကောင်းတယ်။(spoilသလိုဖြစ်မှာစိုးလို့မပြောတော့ပါ။ ကိုယ်တိုင်ကြည့်ပါ) ရှယ်ဒန့်အဖေကို ဘယ်နေရာမှာအကြွေဆုံးလဲဆို အပိုင်း၁၄မှာ ရှယ်ဒန့်အမေတွက် အလုပ်အခွင့်ရေးကောင်းရတဲ့အခါ အမေဖြစ်သူက သူ့ကလေးတွေကို ခနပစ်ထားခဲ့ရမှာတွေးပြီး ဇဝေဇဝါဖြစ်နေတာကို မဖြစ်ဖို့ သူ့မိန်းမကို အားပေးတာ၊ အလုပ်လုပ်ဖို့ စိတ်ခွန်အားဖြစ်စေတာက တကယ်ကို touchedပါပဲ☺️

✅ရှယ်ဒန့်အဘွား
မိသားစုမှာ အရမ်းကဲသဲနေတဲ့သူရှိသင့်သလို ရှယ်ဒန့်အဘွားလို အလွန်အကျွံမဟုတ်ရင်တော်တန်ရုံပေါက်ကရကို လက်တွေ့ကျကျမြှောက်ပေးမယ့် ဇာတ်ပို့ကလဲ တကယ်မရှိမဖြစ်ပါပဲ😁

✅ရှယ်ဒန့်အမြွှာ မစ်စီ
သူလေးကတော့ ရှယ်ဒန်နဲ့အမြွှာသာဖြစ်တယ် genderကအစ အရာရာအကုန်ဆန့်ကျင်ဘက်ပါ။ မာချာလွန်းလို့ တခါတရံအပယ်ခံလေးလိုဖြစ်နေပေမယ့် ဒါလဲ စိတ်ထဲသိပ်ခံစားမနေတတ်သူလေး။ လက်တွေ့မှာ အားကိုးရမယ့်သူမျိုးလေးပေါ့။

✅ရှယ်ဒန့်အကို
သူကတော့ လူဆိုးလေးပါ။ ဂျစ်ကန်ကန် စာမလူပ်တဲ့ ငရှုတ်ကောင်လေးပေါ့။ သူ့idolက သူ့အဖေပါ။ အဖေကိုချစ်လို့ အဖေက သူ့ညီကိုပိုသာတဲ့အရိပ်အယောင်လေးတွေ့ရင် ဂျေဝင်ချင်ပါတယ်။ သူလဲ ဥာဏ်မကောင်းပါဘူး။

ဒီဇာတ်ကားက 1980-1990ခုနှစ်ဝန်းကျင်က ပုံစံနောက်ခံထားရိုက်ကူးတာဖြစ်လို့ အဲ့တုန်းက အမေရိကန်ရဲ့ အတွေးအခေါ်ပုံစံနဲ့ အခုလက်ရှိမြန်မာပြည်မိဘမိသားစုတွေရဲ့ ပုံစံသိပ်မကွာခြားတာမို့ ဇာတ်လမ်းနဲ့ လက်တွေ့ချိန်ညှိလို့ရတယ်လို့မြင်မိတယ်။ Parenting style တွေမှာ အဲ့တုန်းက သူတို့ကလေး​တွေကို ပျိုးထောင်တဲ့ပုံစံ အတွေးအခေါ်အမြင်တွေလောက်သာ အခုကိုယ့်နိုင်ငံက မိဘတွေလိုက်လုပ်နိုင်ရင်ကိုပဲ အတော်လေးအဆင်ပြေပါပြီ။
ဒါကြောင့် ဒီ series လေး မေမေရောဖေဖေရော တမိသားစုလုံးကြည့်သင့်တယ်။

မေမေနဲ့ဖေဖေကတောက်ကဆဖြစ်ရင်ရော ဘယ်လိုပြေလည်ကြ ညှိနှိုင်းကြလဲ.. မိသားစုအပေါ်အချင်းချင်းအပေါ်သူတို့ဘယ်လိုတွေးပေးတတ်ကြလဲ.. မိသားစုဝင်တွေကြားကချစ်ခြင်းမေတ္တာ.. စိတ်ခွန်အားဖြစ်စေမှု စတာတွေအကုန် ဒီဇာတ်ကားလေးမှာကြည့်ပြီး အတုယူစရာဗဟုသုတရစရာတွေအများကြီးမို့ review ရေး sharing လုပ်လိုက်ပါတယ်။

✅အင်္ဂလိပ်စာလေ့လာနေတဲ့လူငယ်တွေအတွက်လဲ အသံထွက်တွေ ကြည်ရှင်းပြီး ပြောတဲ့ စကားတွေက ရိုးရှင်းတာမို့ နားလည်လွယ်တယ်။ အဆင်ပြေတယ်။

ဇာတ်ကားlinkက telegram linkပါ👇

https://t.me/c/1293098759/5356

https://t.me/c/1892068466/4

ကိုရီးယားကားလိုရင်တမမနဲ့ မချင့်မရဲဖြစ်ပြီး တရက်ထဲအပိုင်းအကုန်ကြည့်စရာမလိုပါဘူး..
တပိုင်းစီက အကြောင်းအရာတပုဒ်စီဖြစ်နေတာမို့ အေးအေးဆေးဆေးလေးကြည့်ကြပါ.. ဒါမှ ဆိုလိုရင်းလေးက အဓိပ္ပါယ်ရှိမှာပါ။ ကျွန်မတော့ တနေ့တပိုင်းနှုန်းလောက်ပဲကြည့်လာတာ အခုမှ အပိုင်း၁၇ပဲရှိပါသေးတယ်။ တပိုင်းချင်းစီမှာ parenting နဲ့ပတ်သက်လို့ သဘောကျစရာ သတိထားစရာ အတုယူစရာလေးတွေကို တဖြည်းဖြည်းကြည့်ရင်း သိပ်သဘောကျလွန်းလို့ စာဖတ်သူမေမေဖေ​ဖေတို့လဲ အချိန်ပေးကြည့်စေချင်မိတယ်ရှင်☺️

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon