HK Notary

HK Notary

Share

Photos from HK Notary's post 30/10/2025

Notary ကို Online မှ ဆောင်ရွက်ချင်သူတွေအတွက်
မင်မင်တို့ HK Notary မှ အဆင်ပြေအောင်
ဆောင်ရွက်ပေးနေပါတယ်🖤

Notary လုပ်ချင်တဲ့ document တွေကို
Viber က ပေးပို့ရုံဖြင့် ဆောင်ရွက်ပေးတာကြောင့်
အချိန်ကုန်လူပင်ပန်းတာကို သက်သာစေပါတယ်

HK Notary မှာ ရနိုင်တာတွေကတော့

🗣️ Notary
🗣️ GP/SP
🗣️ ကျမ်းကျိန်လွှာ
🗣️ လက်ထပ်စာချုပ်
🗣️ တရားရုံးလက်ထပ်
🗣️ ဘာသာပြန်
🗣️ Mofa
အစရှိတာတွေ ရရှိနိုင်ပါတယ်

Notary လုပ်ချင်သူများအနေဖြင့်
09779625983 (Viber) သို့ပို့ဆောင်၍
Notary များကိုဆောင်ရွက်နိုင်ပါတယ်

21/08/2024
21/08/2024

💁 ပြည်ပနိုင်ငံအသီးသီးသို့
အလုပ်ဖြင့်သော်လည်းကောင်း၊
ကျောင်းဖြင့်သော်လည်းကောင်း၊
အလည်အပတ်ဖြင့်သော်လည်းကောင်း
သွားရောက်ကြမည့် လူကြီးမင်းများအတွက်
လိုအပ်သော

📜 Covid ဆေးစာရွက်
📜 မှတ်ပုံတင်
📜 အိမ်ထောင်စု
📜 ရဲစခန်းထောက်ခံစာ
📜 ရပ်ကွက်ထောက်ခံစာ
📜 ကျောင်းထောက်ခံစာ
📜 မွေးစာရင်း
📜 ဆယ်တန်းအောင်လက်မှတ်
📜 အမှတ်စာရင်း
📜 ဘွဲ့လက်မှတ်
📜 ကားလိုင်စင်
📜 လက်ထပ်စာချုပ်
📜 certificate အမျိုးမျိုး
📜 ကုမ္ပဏီမှတ်ပုံတင်
📜 လိုင်စင်အမျိုးမျိုး
📜 ချလန်
📜 အခွန်စာရွက်စာတမ်း
📜 ကျမ်းကျိန်လွှာအမျိုးမျိုး စသည်တို့ကို
Notary ဆောင်ရွက်ပေးခြင်း

🇯🇵 Japan နိုင်ငံသို့ကျောင်းသွားတက်မည့်
ကျောင်းသား၊ ကျောင်းသူများနှင့်
အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအတွက်
လိုအပ်သည့်စာရွက်စာတမ်းများအား
Japan ဘာသာပြန်၍ notary ပြုလုပ်ပေးခြင်း

📌 GP/SP/ သင်္ဘောသား GP များ
ဆောင်ရွက်ပေးခြင်း

📌 English, Chinese, Japan, Korea, Thai
ဘာသာပြန်အမျိုးမျိုးတို့ကိုဆောင်ရွက်ပေးခြင်း

📌 EPS ဖြင့် Korea သွားမည့်သူများအတွက်
လိုအပ်သည့် စာရွက်စာတမ်းများအား
Blacklist မရှိသော နိုင်ငံတကာအသိအမှတ်ပြု
ဆရာများဖြင့် မှန်ကန်တိကျစွာ
Notary ဆောင်ရွက်ပေးခြင်းများ
ပြုလုပ်ပေးနေပါပြီ

📌 အချိန်ကုန် လူပင်ပန်းခံစရာမလိုပဲ
Online မှတစ်ဆင့် Viber No. 09779625983 သို့
ပြုလုပ်လိုသည့် စာရွက်စာတမ်းများအားပေးပို့၍
ဆောင်ရွက်နိုင်ပါသည်။

📌 လူကြီးမင်းတို့ သိလိုသည်များကိုလည်း
Page Messenger (or) Viber မှတစ်ဆင့်
အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။

📌 ဆိုင်သို့လူကိုယ်တိုင်လာရောက်
notary ပြန်ချင်လျှင်လည်း
အောက်ပါလိပ်စာသို့ လာရောက်နိုင်ပါသည်

လိပ်စာ - အမှတ် 368၊ ၃၈လမ်းနှင့် ဆိပ်ကမ်းသာလမ်းကြား၊ မဟာဗန္ဓုလလမ်း အလယ်ဘလောက်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်

Contact Phone No. 09779625983 📞
Viber No. 09779625983 📲

10/03/2024

Thai နိုင်ငံမှာ အလုပ်ရှာတော့မယ် ဆိုရင်
ဟိုတယ်၊ခရီးသွားနဲ့စားသောက်ကုန်လုပ်ငန်းကို ဦးစားပေးအနေနဲ့စဥ်းစားသင့်ပါတယ်။

Tourism အလွန်ဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်တာကြောင့် Hotel & Restaurant industry က ၀န်ထမ်းလိုအပ်ချက်အများဆုံးပါ။

ကိုယ်က ဟိုတယ် အလုပ်နဲ့ အလုပ်ရှာဖို့ဆုံးဖြတ်ပြီးရင်တော့ ဒီ အောက်က Facebook groups တွေကို join ထားပြီး အလုပ်တွေလိုက်လျှောက်သင့်ပါတယ်။

ထိုင်းမှာ ဟိုတယ်အလုပ်ခေါ်ရင် အဓိက platform က Facebook groups ပါ။ ဟိုတယ် HR တွေက လူလိုပြီဆိုတာနဲ့ FB groups တွေမှာ ပို့စ်တင်ပြီး လူခေါ်ပါတယ်။ တချို့ဂရုတွေဆိုရင် နာရီ ပိုင်းအတွင်းမှာတင် ပို့စ်တွေ တခုပြီးတခု တက်နေတာတွေ့နိုင်ပါတယ်။

ကိုယ်က CV ဖောင်၊ Resume ကို သပ်သပ်ရပ်ရပ် သေချာပြင်ဆင်ထားပါ။ သူတို့အလုပ်ခေါ်စာမှာရေးထားတဲ့အတိုင်း email ကဖြစ်ဖြစ်၊ Line ID ကဖြစ်ဖြစ် လျှောက်သင့်ပါတယ်။
Thai Nationality only လို့ရေးထားတဲ့အလုပ်တွေဆိုရင်တော့ သွားမလျှောက်သင့်ပါဘူး။
ပြီးတော့ ကိုယ့်အရည်အချင်းနဲ့ကိုက်ညီတဲ့ vacancy မျိုးကို လျှောက်သင့်ပါတယ်။
တဖက်က HR ကို ဖုန်းခေါ်တာတွေ၊ စာတွေ အများကြီးပို့တာတွေ၊ အင်တာဗျူးတောင် မခေါ်သေးဘဲ လစာ ကို မေးတာမျိုးလို ရိုင်းတဲ့အပြုအမူတွေရှောင်သင့်ပါတယ်။

အခုအချိန်မှာ ထိုင်းကအလုပ်တွေကို ပြုံတိုးပြီးလျှောက်နေတာ မြန်မာလူမျိုးဖြစ်နေတာပါ။
တဖက်က HR တွေ စိတ်အနှောက်အယှက်ဖြစ်စေလောက်တဲ့ အပြုအမူတွေ ရှောင်ရပါမယ်။

Thai နိုင်ငံရဲ့ Hotel အလုပ်တွေက ဘယ်လောက်ရသလဲ ?
လူမေးအများဆုံးဖြစ်ပြီးတော့ ဒါကတော့ ကိုယ့်အပေါ်နဲ့ ကိုယ်အလုပ်ရတဲ့ Organization အပေါ်မှာ မူတည်ပါတယ်။

ပျမ်းမျှအားဖြင့် ဟိုတယ်၀န်ထမ်းတစ်ယောက်ဟာ အခြေခံလစာ ဘတ် ၁ သောင်း ၀န်းကျင်ရသင့်ပါတယ်။
ဟိုတယ်နဲ့စားသောက်ဆိုင်တွေဟာ Service charge ပေးတာဖြစ်လို့ လစာစုစုပေါင်း အနည်းဆုံး တစ်လ ဘတ် ၁၂၀၀၀ လောက်ကစပြီးရပါတယ်။
Hotel ကြီးရင်ကြီးသလို service charge ချည်းပဲ ဘတ် ၃သောင်းကျော်အထိရတဲ့ 5 star hotel တွေ၊ Resorts တွေ လည်းရှိပါတယ်။

နေစရာပေးလား ? စားစရာကျွေးလား ?

Duty meal တစ်နှပ်ကတော့ ကျွေးတာများပါတယ်။
မကျွေးရင်လည်း ပိုက်ဆံပေးပါတယ်။

နေစရာက Bangkok မှာတော့ တော်တော်များများ မပေးပါဘူး။
ပတ္တရား၊ဖူးခက် လို Beach တွေ ကော့စမွေ လို ကျွန်း တွေမှာဆိုရင်တော့ shared room ပုံစံအခန်းပေးတာတို့၊ တနေ့ ၂နှပ်/၃နှပ် ထမင်းကျွေးတာတို့ များပါတယ်။ Allownace တွေက ကိုယ်အလုပ်ရတဲ့ Property ပေါ်မှာလည်းမူတည်ပါတယ်။

လုပ်ငန်းခွင်အနေအထား ?

Hotel လုပ်ငန်းခွင်ထဲမှာ ကလည်း မြန်မာလူမျိုး တော်တော်များပါတယ်။ ဒါကလည်း အထိုက်အလျှောက် အကူအညီဖြစ်ပါတယ်။

လုပ်ငန်းခွင်သုံး operation ထဲမှာတော့ ထိုင်းဘာသာစကား ကိုအသုံးပြုတာများပါတယ်။
စာမတတ်ရင်တောင် ထိုင်းစကားကို အတတ်နိုင်ဆုံးသင်ပါ။ မလာခင်လည်းသင်ပါ။ ရောက်ခါစလည်းသင်ပါ။ အလုပ်ရပြီးလည်း ဆက်သင်ပါ။

Guest/ customer ကတော့ နိုင်ငံခြားသားများပါတယ်။ ဒါကြောင့် english ကိုလည်း ကောင်းမွန်အောင် တဖြည်းဖြည်းသင်ယူစေချင်ပါတယ်။

လုပ်ငန်းခွင်ဖိအား အလွန်အကျွံမရှိပေမယ့်
ထိုင်းလူမျိုးတွေက တိကျတာ၊ အမှားမခံတာ ကြောင့်အလုပ်ကိုသေချာအာရုံစိုက်ရပါတယ်။ ရာထူးအဆင့်ဆင့် report သေချာ လုပ်ရပါတယ်။

တက်လမ်း ရှိလား ?

Why not? ကြိုးစားတဲ့ သူအတွက် တက်လမ်းဆိုတာ ဘယ်သူမှ ပိတ်ပင်လို့ မရပါဘူး။
ဟိုတယ်မန်နေဂျာ ဖြစ်နေတဲ့ မြန်မာတွေ ၊ Restaurant Manager ဖြစ်နေတဲ့မြန်မာတွေ အများကြီးရှိသလို 5 star Hotel တွေမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေလည်း အများကြီးပါ။
အခွင့်အလမ်းတွေက အများကြီးမို့လို့ ကိုယ်လမ်းကိုယ်ဖောက်ထွက်ဖို့ ကိုယ့်မှာအရည်အချင်းတွေ ပြင်ဆင်ထားဖို့တော့ လိုပါလိမ့်မယ်။

ဒီလောက်ဆိုရင်တော့ ထိုင်းက Hotel အလုပ်အကြောင်း အကြမ်းဖျဥ်းလောက် သိနိုင်မယ်ထင်ပါတယ်။
အောက်မှာ အလုပ်ခေါ်စာတွေ အမြဲတင်တဲ့ FB groups တွေ ဖော်ပြပေးထားပါတယ်နော်။
နောက်ပိုင်းလည်း Hotel ပိုင်း နဲ့ပက်သက်တာတွေ တင်ပေးသွားဦးမှာမို့လို့ Like and Follow လေး လုပ်ထားနိုင်ပါတယ်။

ဟိုတယ်အလုပ်ရှာနေတဲ့ သူငယ်ချင်းတွေ ဆွေမျိုးတွေရှိရင်လည်း ဒီပို့စ်လေးကို share ပေးပါ။

ကိုယ့် မြန်မာတွေ အဆင်ပြေကြပါစေ။

Thailand Hotel Jobs
https://www.facebook.com/groups/1902040073376321/?ref=share&mibextid=NSMWBT

Hotel Job Opportunities
https://www.facebook.com/groups/1627850497530017/?ref=share&mibextid=NSMWBT

Hotel Jobs Thailand
https://www.facebook.com/groups/1528203414162331/?ref=share&mibextid=NSMWBT

Hotel jobs Worldwide Thailand
https://www.facebook.com/groups/1277251062668306/?ref=share&mibextid=NSMWBT

Bangkok Hotel Jobs
https://www.facebook.com/groups/1369610216537746/?ref=share&mibextid=NSMWBT

Hotel Jobs and Hotel Staff
https://www.facebook.com/groups/thaihoteljob/?ref=share&mibextid=NSMWBT

F&B Bangkok Jobs

https://www.facebook.com/groups/377428216354133/?ref=share&mibextid=NSMWBT

Hotel Jobs in Thailand
https://www.facebook.com/groups/250560985382598/?ref=share&mibextid=NSMWBT

Hotel staff and Service industry people
https://www.facebook.com/groups/hotelstaff/?ref=share&mibextid=NSMWBT

Thai Hotel Resort and Spa
https://www.facebook.com/groups/758400280995638/?ref=share&mibextid=NSMWBT

Hotel Jobs
https://www.facebook.com/groups/hoteljobsthailand/?ref=share&mibextid=NSMWBT

Jobs in Bangkok
https://www.facebook.com/groups/jobsinbangkok/?ref=share&mibextid=NSMWBT

Jobs Bangkok
https://www.facebook.com/groups/jobsbkk/?ref=share&mibextid=NSMWBT

BangkokHotelJobs
https://mobile.facebook.com/groups/1369610216537746/?ref=share&fbclid=IwAR3Png6xWHGxTeI_xxKhtQk63dW0Gbzt_AQvy6TGqSLxk50K8X5ARl5oAIY&wtsid=rdr_0cJkr5tYV55j9RpJQ&_rdc=1&_rdr

PhuketHotelJobs
https://mobile.facebook.com/groups/406451116730442/?ref=share&fbclid=IwAR072sES_z5GXxMdzbp6fZ47SYDZY3TYjNoPRJ-U5HZ2Eku7w-D8jTvTKwc&wtsid=rdr_0EiTjZCTlvDvrK9iQ&_rdc=1&_rdr

PattayaHotelJobs
https://mobile.facebook.com/groups/2432518666844033/?ref=share&fbclid=IwAR1Z37RdLSg_DTlibicOBjH6GQTjTpQibg4uaPyWQC7HXEJvoKhcrqFuzgI&wtsid=rdr_0k0pi586vezb5w4Da&_rdc=1&_rdr

HuahinHotelJobs
https://mobile.facebook.com/groups/492003038265713/?ref=share&fbclid=IwAR2ATn9Js2tugpG-MLb7xsFWT31e4pCcvpBH62lBC2_1yddXivO-NrL6Org&wtsid=rdr_00RiClM6nTUSKXXf7&_rdc=1&_rdr

SamuiHotelJobs
https://mobile.facebook.com/groups/2225808514302673/?ref=share&fbclid=IwAR3vavFpgUM_ngai_orkeFkKcy4I-v9u6DH4r-rcgSzqkH_T4fKEhK1dpqM&wtsid=rdr_0o5eeXXtyxY33RjS2&_rdc=1&_rdr

KhaolakHotelJobs
https://mobile.facebook.com/groups/2439770376103150/?ref=share&fbclid=IwAR0eIFoCuNK6Aq1kNH0IoXhPOpoSphgFYntx9j-d1J0jyIU35FApv2wRqTM&wtsid=rdr_0ul1JQZjjStLfwXdy&_rdc=1&_rdr

ChiangmaiHotelJobs
https://mobile.facebook.com/groups/2356692057876761/?ref=share&fbclid=IwAR2PEbmAqRhs55itS5zBjdwwB92wD_qX9dgDWxrp5X3lmVEWgmsP5vXqqd8&wtsid=rdr_0h6DZ21f4IycShu5c&_rdc=1&_rdr

KrabiHotelJobs
https://mobile.facebook.com/groups/972078243153745/?ref=share&fbclid=IwAR1jXJ5F_uUh7qLFSQOv86SSZa9osze1qeSjo0gBxUVw9dhW8iGmYUvXG1k&wtsid=rdr_0EScIYcNkBZHWpxKo&_rdc=1&_rdr
KhaoYaiHotelJobs
https://mobile.facebook.com/groups/237865912364682?fbclid=IwAR23uWmsGDjLqgZfnsmjqxOr-b-VLEdS8LwWPxp2qIFJqvga6vSHZBOJVFw&wtsid=rdr_0GUNn2RIUGLenivUe&_rdc=1&_rdr

Thailand Hotel Service Charges
https://www.facebook.com/groups/1134675023951438/?ref=share&mibextid=NSMWBT

Myanmar Hotel Staff in Thailand
https://m.facebook.com/groups/243057388752447/?ref=share&mibextid=NSMWBT



~Dennis

02/03/2024

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Between 38th Street & Seikkanthar Street, Maha Bandula Road, Middle Block, Kyauktada Township
Yangon