MPL ID - Burmese Version

MPL ID - Burmese Version

Share

Photos from MPL Indonesia's post 27/08/2024

This is TEAM of the Week!

17/08/2024

Not only Week but also Day - 2.

ဒီနေ့မှာ အနီနှစ်သင်းတွေ့ဆုံမှုအဖြစ် စက်ရုပ်နီနဲ့ ကိုမာနတို့ ယှဉ်ပြိုင်ပါမယ်။ BTR. ကို ကြိုက်ပါတယ်။

အိမ်ကျယ်နှစ်သင်းဖြစ်ပြီး တော်ဝင်ဒါဘီလို့ခေါ်ကြတာပါ။ RRQ က လက်စွမ်း‌ကောင်းနေပေမဲ့ ပိုအိမ်ကျယ်တဲ့ ONIC ကိုကြိုက်ပါတယ်။

ငုတ်မိသဲတိုင်နေတဲ့ ကျားမျိုးစိတ်တွေက ငဂိတွေရဲ့ ဖိခြင်းခံရအုံးမှာပါ။

ဒါဘဲရေးတော့မယ်။

ဓာတ်ပုံကတော့ ထုံးစံအတိုင်း MPL Indonesia ကခိုးလာတာပါ။

16/08/2024

Week 2 will start today.

ဒီနေ့မှာတော့....
Team RRQ Hoshi က Rebillion Esports နဲ့ထိပ်တိုက်ရင်ဆိုင်ရမှာပါ။ Week 1 မှာတော့- BTR Alpha နဲ့ FNOC တို့ကို အသီးသီးရှုံးထားပြီး RRQ Hoshi ကတော့ EVOS တို့ကို အနိုင်ယူထားပါတယ်။ နှစ်သင်းစလုံးဟာ ဖျက်မြင်းတွေဖြစ်တာမို့ Playoffs တက်ရောက်ခွင့်အတွက် ပြိုင်ဆိုင်မှုကြီးမားတဲ့ ပွဲကောင်းတစ်ပွဲဖြစ်ဖို့ မျှော်လင့်ပါတယ်။

ရာနှုန်းပြည့်နိုင်ပွဲမရှိတဲ့ နှစ်သင်းတွေ့ဆုံတာကြောင့် EVOS Glory နဲ့ Team Liquid ID တို့ရဲ့ ပွဲက အကြိတ်အနယ်ရှိအုံးမှာပါ။ Game ၁ ပွဲနိုင်ထားတဲ့ EVOS က နှာတစ်ဖျားတေယ့ သာပါတယ်။ နှစ်သင်းစလုံးဟာ Week 2 မတိုင်ခင် အပြောင်းအလဲတွေလုပ်ထားပါတယ်။ အရည်အသင်းဟာ Jungler နဲ့ Midlaner အသစ်လဲထားပြီးတော့ Yawi အတွက် Backup ခေါ်ထားပါတယ်။ ကျားဖြူတို့ကတော့ Branz ရဲ့ Backup ကို လဲထားပြီး နည်းပြ Caleb ကို ပြန်လည်အားဖြည့်ထားပါတယ်။ အပြောင်းအလဲတွေနဲ့ ဒီရာသီရဲ့ ပထမဆုံးနိုင်ပွဲကို ဘယ်အသင်းရသွားမလဲ စောင့်ကြည့်ကြရအောင်....

Photo from MPL Indonesia

11/08/2024

Fnatic ONIC 2-1 Rebillion Esports
Bigetron Alpha 2-1 RRQ Hoshi
Dewa United Esports 2-0 Geek Fam

Week-1 ရဲ့ နောက်ဆုံးနေ့မှာတော့
အိမ်ကျယ် FNOC က ကျွဲပြာလေးတွေကို 2-1 နဲ့ ရိုက်ခဲ့ပါတယ်။ Kairi နေရာမှာ Albertt ပွဲထွက်လာခဲ့ပြီး လက်စွမ်းပြနိုင်ခဲ့တယ်ပြောရမှာပါ။

ဘုရင်တွေရဲ့ဘုရင်ကတော့ စက်ရုပ်နီတွေရိုက်တာခံခဲ့ရပါတယ်။ မနေ့ကပဲ ချီးကျူးထားရတဲ့ Idok ဟာ Jawhead နဲ့ Tigreal ကို အသင်းဖော်တွေကြားထဲ ပစ်ထည့်ပေးခဲ့ကာ Imposter လုပ်ခဲ့ပါတယ်။ တစ်ယောက်ပြီးတစ်ယောက် ထထဖောက်တဲ့ RRQ ဟာ မူလလက်ကျန် Skyler ထဖောက်တာကိုတွေ့ခဲ့ရပြီး 2-1 နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

နတ်ဒေဝါတွေကတော့ ကြမ်း‌ပြနေပါပြီ။
Geek တို့ကို 2-0 အပြတ် ရိုက်လွှတ်လိုက်တာပါ။ Hijume ရလိုက်တာ Dewa တို့အတွက် ရွှေပါပဲ။

ဒီနေ့ပွဲတွေမှာ Aurora ကိုမြင်တွေ့ခဲ့ရပါတယ်။

ပုံကတော့ Week-1 အပြီး ရပ်တည်မှုဇယားပါ။

Photo from - MPL Indonesia

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon