Living Water
12/06/2026
Living Water Learning Center (Special Needs School) အင်းစိန်ကျောင်းနှင့် တောင်ဥက္ကလာကျောင်းအတွက် ဝန်ထမ်းခေါ်ယူခြင်း
သန့်ရှင်းရေး ဝန်ထမ်း - မ ၂ ဦး
ရုံးချိန် - မနက် ၈: ၀၀ မှ ၄:၃၀ နာရီ
ပိတ်ရက် - တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များ
လစာ - ညှိနှိုင်း
နေရာ - စာဂ (၂၁) လမ်း၊ တောင်ဥက္ကလာမြို့နယ်နှင့် အဝေရာလမ်း၊ အင်းစိန်မြို့နယ်တို့တွင် ခန့်ထားရန်။
လျှောက်ထားလိုပါက - 09880849603 Viber မှတစ်ဆင့် ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပါသည်။
11/06/2026
Living Water, Learning Center တောင်ဥက္ကလာကျောင်းအတွက် ဝန်ထမ်းခေါ်ယူခြင်း ✨
Job Title: Assistant HR & Admin (Male -1 post)
HR Responsibilities
* အလုပ်ခေါ်ယူရေး (Recruitment) လုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း
* အင်တာဗျူးအချိန်ဇယားများ စီစဉ်ပေးခြင်း
* အလုပ်ခန့်အပ်စာချုပ်များနှင့် HR ဆိုင်ရာ စာရွက်စာတမ်းများ ပြင်ဆင်ထိန်းသိမ်းခြင်း
* ဝန်ထမ်းမှတ်တမ်းများနှင့် HR Database များကို စနစ်တကျ ထိန်းသိမ်းခြင်း
* ဝန်ထမ်းအသစ် ကြိုဆိုခြင်း (On boarding) နှင့် အလုပ်ထွက်ခြင်း (Off boarding) လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ခြင်း
* လစာတွက်ချက်မှု (Payroll)၊ ခွင့်ယူမှု (Leave) နှင့် Attendance Records များကို စီမံထိန်းသိမ်းခြင်း
* ဝန်ထမ်းများ၏ မေးမြန်းမှုများကို အချိန်မီ ဖြေကြားပေးခြင်း
* SSB ကိစ္စများ ဆောင်ရွက်ခြင်း
* ကျောင်း၏ HR Policy များနှင့် အလုပ်သမားဥပဒေများကို လိုက်နာစေရန် ကူညီဆောင်ရွက်ခြင်း
Admin Responsibilities
* ရုံးသုံးပစ္စည်းများ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းခြင်း
* ဖုန်းခေါ်ဆိုမှုများ၊ Email များနှင့် စာပို့စာလာများကို စီမံခန့်ခွဲခြင်း
* အစည်းအဝေးများ၊ ခရီးစဉ်များနှင့် School Event များကို စီစဉ်ပေးခြင်း
* ဖိုင်များနှင့် မှတ်တမ်းများကို စနစ်တကျ သိမ်းဆည်းထိန်းသိမ်းခြင်း
* နေ့စဉ် ရုံးလုပ်ငန်းများ ချောမွေ့စွာ လည်ပတ်နိုင်ရန် ကူညီဆောင်ရွက်ခြင်း
Required Qualifications
* တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိသူ
* Microsoft Word, Excel နှင့် PowerPoint အသုံးပြုနိုင်သူ
* Communication Skills ကောင်းမွန်သူ
* စာရွက်စာတမ်းများကို တိကျသေချာစွာ စီမံထိန်းသိမ်းနိုင်သူ
* Confidential Information များကို လုံခြုံစွာ ကိုင်တွယ်နိုင်သူ
* Multitasking နှင့် Time Management Skills ကောင်းမွန်သူ
Benefits
* Attendance Allowance, Traveling Allowance
* Learn new skills on the job
📍Location : စာဂ (၂၁) လမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့
🕘 Working Hours: 8:30 AM – 4:30 PM
📆 Off Day: Sunday & Public Holidays
📩 စိတ်ဝင်စားသူများသည် CV/Resume ကို [email protected] သို့ Email ပေးပို့၍ လည်းကောင်း၊
Viber – 09 880849603 သို့ ဆက်သွယ်၍ လည်းကောင်း လျှောက်ထားနိုင်ပါသည်။
02/04/2026
အော်တစ်ဇင်ဆိုတာ ပုံမမှန်တာ မဟုတ်ဘဲ၊ မတူကွဲပြားတဲ့ ဖြစ်တည်မှုတစ်ခုပါ။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ "ပုံမှန် (Normal)" ဆိုတဲ့ စံနှုန်းတစ်ခုကို လူအများစုက သတ်မှတ်ထားတတ်ကြပါတယ်။ အဲဒီဘောင်ထဲကို မဝင်ရင် "ပုံမှန်မဟုတ်ဘူး" လို့ ပြောတတ်ကြပါတယ်။ အော်တစ်ဇင် (Autism) ရှိသူတစ်ယောက်ကိုမြင်ရင် လူတွေက "သနားစရာလေး" လို့ အရင်တွေးကြသလို "ပုံမှန်ကလေးတွေလို ဖြစ်လာအောင် ဘယ်လိုပြုပြင်ရမလဲ" ဆိုတဲ့ မမေးသင့်တဲ့ မေးခွန်းတွေ၊ ထူးဆန်းတဲ့ အကြည့်တွေနဲ့ တုံ့ပြန်တတ်ကြပါတယ်။
ဒါပေမယ့် အမှန်တရားကတော့ အော်တစ်ဇင်ဆိုတာ ချို့ယွင်းချက်တစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးက ဘာသာစကားတစ်ခုတည်းနဲ့ နားလည်ဆက်သွယ်နေကြတဲ့ ကမ္ဘာမှာ သူတို့ကတော့ ကိုယ်ပိုင်ဘာသာစကားတစ်ခုနဲ့ စဉ်းစားတွေးခေါ်နေကြသူတွေပါ။ စကားချင်းမတူတာဟာ ပုံမမှန်တာ မဟုတ်သလို၊ သူတို့ဘာသာစကားကို ကျွန်တော်တို့က နားမလည်သေးတာပဲ ရှိတာပါ။ အော်တစ်ဇင်ရှိသူတွေရဲ့ ဦးနှောက်ဟာ အချက်အလက်တွေကို လက်ခံပုံ၊ တုံ့ပြန်ပုံနဲ့ ခံစားပုံချင်း မတူညီတဲ့ "အာရုံကြောဆိုင်ရာ ကွဲပြားစုံလင်မှု" သဘောတရားသာ ဖြစ်ပါတယ်။
ကျွန်တော်တို့က သူတို့ကို "ပုံမှန်လို့ သတ်မှတ်ထားတတ်ကြတဲ့ ရှိရင်းစွဲဘောင်တစ်ခုထဲ" ဖြစ်နေအောင် အတင်းဖိအားပေးတတ်ကြပါတယ်။
- မျက်လုံးချင်းဆုံကြည့်ဖို့ အတင်းခိုင်းတာဟာ သူတို့အတွက် အချက်အလက်တွေ အများကြီးကို တစ်ပြိုင်တည်း လက်ခံရသလိုမျိုး စိတ်ဖိစီးမှုအကြီးမားဆုံး အလုပ်ဆိုတာကို ကျွန်တော်တို့ သတိမထားမိကြဘူး။
- လက်ခါတာ၊ ခုန်တာ၊ တစ်ယောက်တည်း စကားပြောတာတွေကို "ရှက်စရာ" လို့ သတ်မှတ်ပြီး တားဆီးတယ်။ ဒါဟာ သူတို့ရဲ့ဦးနှောက်က ပြင်ပကလာတဲ့ အာရုံခံစားမှုတွေကို ထိန်းညှိနေတဲ့ နည်းလမ်းဆိုတာကို နားမလည်ကြဘူး။
- သူတို့ကို လူကြားထဲမှာ အတင်းငြိမ်ခိုင်းတာ၊ တခြားသူတွေလို ဟန်ဆောင်ခိုင်းတာဟာ သူတို့ရဲ့ စိတ်ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး နောက်ဆုံးမှာ စိတ်ရောလူပါ အားအင်ကုန်ခမ်းသွားတာကို ကျွန်တော်တို့ သတိမထားမိကြပါဘူး။....
ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့အော်တစ်ဇင် အသိပညာပေးရေးနေ့ (World Autism Awareness Day) လေးမှာတော့ သူတို့အကြောင်းကို သိရုံတင်မကဘဲ Acceptance ဆိုတဲ့ "ရှိရင်းစွဲအတိုင်း လက်ခံပေးခြင်း" ကိုပဲ ဦးတည်စေချင်ပါတယ်။ ပြောင်းလဲဖို့ မကြိုးစားဘဲ၊ ပုံမှန်လို့ သတ်မှတ်ထားတတ်ကြတဲ့ ရှိရင်းစွဲဘောင်တစ်ခုထဲ အတင်းသွင်းဖို့ ကြိုးစားနေမယ့်အစား သူတို့ရဲ့ ထူးခြားတဲ့ကမ္ဘာလေးကို လေးစားပေးဖို့ ကျွန်တော်တို့ရဲ့ အတွေးအမြင်တွေကိုပဲ အရင် ပြင်ဆင်ကြည့်ရအောင်ပါ။
ဒါ့အပြင် အော်တစ်ဇင်ဆိုတာ စောစောသိနိုင်ရင် ဖွံ့ဖြိုးမှုတွေ နောက်မကျရအောင် ကြိုစားဖို့ အခွင့်အလမ်းများပါတယ်။ သာမန် ကလေးတစ်ယောက်ကိုတောင် ကျွေးမွေးစောင့်ရှောက်ဖို့ မလွယ်ကူချိန်မှာ အော်တစ်ဇင် ကလေးတစ်ယောက်ကို လူလားမြောက်အောင် ကြိုးပမ်းအားထုတ်ပေးကြတဲ့ မိဘ အုပ်ထိန်းသူများကိုလည်း လေးစားဦးညွှတ်သင့်ပါတယ်။
တကယ်တော့ အော်တစ်ဇင်ဆိုတာဟာ ကုသရမယ့် "လူနာ" တွေ မဟုတ်ဘဲ နားလည်ပေးရမယ့် "လူသား" တွေပါ။ မတူညီတဲ့ အချိန်ဇယားတွေ၊ မတူညီတဲ့ စည်းချက်တွေနဲ့ ခရီးနှင်နေကြတာကို အသိအမှတ်ပြုပေးရင်း အတူတူ လျှောက်လှမ်းကြရအောင်ပါ…🤝💙
#WorldAutismAwarenessDay2026
#အော်တစ်ဇင်
Credit to တယ်လီကျန်းမာ - Telekyanmar
16/03/2026
Living Water Learning Center's Academic Class မှ သားသားမီးမီးများသည် Gallery Ohmar တွင်ကျင်းပပြုလုပ်သည့် ပန်းချီပြပွဲသို့ သွားရောက်ခဲ့ပြီး ပန်းချီလက်ရာများအား လေ့လာခြင်း၊ ပန်းချီရေးဆွဲခြင်းများပြုလုပ်ခဲ့သည့် ပုံရိပ်များအား မျှဝေခြင်းဖြစ်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No, 516 Awaiyar Street, Nant Thar Gyone, Insein
Yangon
11011