Improve Knowledge Education Premium Classes

Improve Knowledge Education Premium Classes

Share

Photos from Improve Knowledge Education Premium Classes's post 29/06/2023

အင်မတန်မှ သက်သာတဲ့ သင်တန်း​​ကြေးနဲ့ IKEရဲ့ Premium schoolမှာ TOPIK II အတန်းနဲ့ Japanese N3 အတန်း တက်ကြမယ်

ဟို​နေ့က Learner ​လေးတို့အတွက် TOPIKစာ​မေးပွဲအ​ကြောင်း မျှ​ဝေခဲ့တာကို ဖတ်ပြီးကြပြီလား 👀

TOPIK ဆိုတာက ကိုရီးယားစာကို အရမ်း ရူးသွပ်တဲ့သူ​တွေ​ကော ကိုရီးယားမှာ ​ကျောင်းတက်ချင်သူ​တွေအဖို့​ကော တကယ်ကို အ​ရေးပါတဲ့ လက်မှတ်တစ်ခုပါ​နော်

မြန်မာနိုင်ငံမှာ 90th TOPIKစာ​မေးပွဲအောက်တိုဘာလထဲ ကျင်းပမယ်လို့​ ​ပြောသံ​လေး​တွေကြားပြီး​နောက်မှာ TOPIK II Preparation class ​တွေလိုက်ရှာ​နေတာလား ?

ဒီ​နေ့မှာ IKE Premium class က​နေပြီး အင်မတန်မှ သက်သာလှတဲ့ ​သင်တန်း​​ကြေး​လေးနဲ့ ဖွင့်လှစ်မယ့် TOPIK II နဲ့ Japanese N3 အတန်း​လေးအ​ကြောင်း မိတ်ဆက်​ပေးသွားချင်ပါတယ်

IKEရဲ့ Premium school က​နေ ပထမဆုံးဖွင့်လှစ်​ပေးမယ့် အတန်း​လေး ၂ခုက​တော့ က​တော့ TOPIK II Preparation Class ​နဲ့ Japanese N3 class လေးပဲဖြစ်ပါတယ် ။

အရင်ဆုံး TOPIK II အတန်း​လေးအ​ကြောင်းအရင်ရှင်းပြပါရ​စေ...

💫ဒီအတန်း​​လေးကို ဘယ်သူ​တွေတက်​ရောက်သင့်ပါလဲ
💢TOPIK Level 3 , 4 ​လောက်မှန်းတဲ့ သူ​တွေအတွက်ာသင့်​တော်မယ့်အတန်း​လေးတစ်ခုပဲဖြစ်ပါတယ် တက်​ရောက်မယ့် သူ​တွေက အနည်းဆုံး level 3-1 ​လောက်ပြီးထားမှ အဆင်​ပြေပါမယ်​နော် 🥺

💫ဒီအတန်း​လေးမှာ ဘာ​တွေသင်ကြားသွားမှာလဲ
💢TOPIK receipe စာအုပ်​လေးနဲ့ သင်ကြား​ပေးသွားမှာပဲဖြစ်ပါတယ် ။ သင်​ပေးမယ့် တီချယ်ကလည်း ကိုယ်တိုင် self study နဲ့ ​လေ့လာခဲ့တာမို့ ​မေးခွန်း​တွေရဲ့key point ​တွေကို ​​သေချာ​လေး ​ထောက်ပြ​ပေးသွားမှာပဲဖြစ်ပါတယ် ။ဒါ့အပြင် writing မှာဆိုရင်လည်း No 51 , 52 , 53 ​ရေးနည်း၊ ​ဖြေနည်းး​တွေကို ​လမ်းညွှန်​ပေးသွားမယ့်အပြင်ကိုမှ no 54ကိုလည်း မလွတ်​အောင် သင်​ပေးသွားဦးမှာပဲဖြစ်ပါတယ်

💢 ​တီချယ်နဲ့တူတူ မေးခွန်း​ဟောင်း ၃စုံကိုလည်း ​ဖြေ​ပေးသွားမှာပါ

💫သင်​ပေးမယ့် Tr က​ကော ?
💢Tr က 84th TOPIK မှာ အမြင့်ဆုံး level ဖြစ်တဲ့ 6ကို 271 မှတ်နဲ့ ​အောင်မြင်ထားတဲ့အပြင် Readingကို အမှတ် ၁၀၀ အပြည့်ရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်
---------
အခုတ​စ်ခါမှာ​တော့ Japanese N3 အတန်းအ​ကြောင်း​လေး ​ပြောပြ​ပေးပါမယ်

💫ဒီအတန်း​​လေးကို ဘယ်သူ​တွေတက်​ရောက်သင့်ပါလဲ
💥 ဒီဇင်ဘာလအတွက် JLPT ​N3ဖြေဖို့ ရည်ရွယ်ထားသူ​တွေအတွက် သင့်​တော်ပါတယ်

💫ဒီအတန်း​လေးမှာ ဘာ​တွေသင်ကြားသွားမှာလဲ
💥Soumatome
語彙
文法
漢字
聴解
読解
新完全 文法
စတာ​တွေကိုသင်​ပေးသွားမှာပါ

💫သင်​ပေးမယ့် Tr က​ကော ?
💥Tr က​တော့ JLPT N2 ​အောင်မြင်ထားတဲ့အပြင်လက်ရှိအချိန်မှာ ဂျပန် company တစ်ခုမှာ အလုပ်လုပ်​ကိုင်​နေပါတယ်
---------
သင်​ပေးမယ့် အတန်းချိန်၊ရက်၊ကြာချိန်၊သင်တန်း​ကြေး စတာ​​တွေကို ​အောက်ကပုံ​လေးမှာ အ​သေးစိတ်ကြည့်လို့ရပါတယ်

ကဲ ဒီအတန်း​လေးကို စိတ်ဝင်စားရင်​တော့ IKEရဲ့ Page chat box မှာ အမြန်ဆုံး လာအပ်လိုက်​တော့​နော် 👀🧡

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11031