LVP - Plastic Innovation Products

LVP - Plastic Innovation Products

Share

Photos from LVP - Plastic Innovation Products's post 11/08/2022

Recycled Plastic Lumber ဘုတ်ပြားဖြင့်ပြုလုပ်ထားသော လူ့အသုံးအဆောင် ပရိဘောဂများနှင့် အခန်းအလှဆင် ပစ္စည်းများကို LVP မှာ ဝယ်ယူရရှိနိုင်ပါပြီ။

Recycled Plastic များနှင့်ပြုလုပ်ထားတာဖြစ်တဲ့အတွက် Recycling နဲ့ Sustainability ကိုစိတ်ဝင်စားသူများ၊ ဆန်းသစ်တီထွင်ချင်သူများ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။ ဒါ့အပြင် လှပပြီးဆန်းသစ်တဲ့ ဒီဇိုင်းများဖြစ်တဲ့အတွက် လူကြီးမင်းတို့ရဲ့ အိမ်၊ ကျောင်း၊ ရုံး၊ လုပ်ငန်း၊ ဘား၊ စားသောက်ဆိုင်၊ ေကာ်ဖီဆိုင် နဲ့လိုက်ဖက်နေမှာ အသေအချာပဲဖြစ်ပါတယ်။ ပစ္စည်း တစ်ခုချင်းစီရဲ့အတိုင်းအတာ အသေးစိတ်ကိုတော့ ပုံတစ်ပုံချင်းစီရဲ့အောက် မှာကြည့်ရှုနိုင်ပါတယ်။ စျေးနှုန်းလေးတွေကိုတော့ messenger မှာလာရောက် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ LVP Myanmar မှ Recycled Plastic Lumber နှင့် Products တွေကို စိတ်ဝင်စားလို့မှာယူချင်တယ်ဆိုရင် page messenger သို့မဟုတ် 09 740 915 560 ကိုဆက်သွယ်၍ဝယ်ယူအားပေးနိုင်ပါတယ်။

Photos from LVP - Plastic Innovation Products's post 30/07/2022

ကန်တော်ကြီး မျှော်စင်ကျွန်းရှေ့က Kantharyar Shopping Centre မှာ သုံးရက်တာ ကျင်းပမယ့် "The Responsible Market" မှာ LVP လည်း ရှိနေပါတယ်ခင်ဗျာ။

ဇူလိုင်လ ၂၉ ရက်နေ့ကနေ ၃၁ ရက်ထိ သုံးရက်တိုင် ကျင်းပမယ့် 'The Community' နဲ့ 'Prevent Plastics Myanmar' တို့ ပူးပေါင်းကျင်းပတဲ့ပွဲလေးမှာ ကျွန်တော်တို့ LVP က တစ်ထောင့်တစ်နေရာကနေ ပါ၀င်အားဖြည့်ထားပါတယ်။

ဒီပွဲလေးကို စိတ်ဝင်တစား လာရောက်ကြည့်ရှု့ကြ
မယ့် လူကြီးမင်းတို့အနေနဲ့လည်း ကျွန်တော်တို့ Recycled-Plastic Lumber ပြားတွေ နှင့် အတူ ပြုလုပ်ထားတဲ့ Furniture တွေ ကို အပြင်မှာထိတွေ့ လေ့လာခွင့် ရရှိမှာဖြစ်ပါတယ် ။

မနက်ဖြန် တစ်ရက်တည်းကျန်တော့တာမို့ Responsible Market ရဲ့ thrift culture ကိုလေ့လာရင်း LVP Plastic Lumber ပြားများကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်

အကယ်၍ နေရာ ရှာဖို့ အခက်အခဲရှိတယ် ဆိုရင် ဒီ google map အတိုင်း လာလို့ရပါတယ် ခင်ဗျာ။

KANTHARYAR CENTRE
https://maps.app.goo.gl/KwKqDxhy2gvDY7QG8

18/03/2022

ဒီနေ့ March 18 ရက်‌နေ့ မှာ ကျရောက်တဲ့ "𝙂𝙡𝙤𝙗𝙖𝙡 𝙍𝙚𝙘𝙮𝙘𝙡𝙞𝙣𝙜 𝘿𝙖𝙮" မှာ ပထမဦးဆုံးအနေနဲ့ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးကို အလေးထားပြီး Recycling လုပ်ငန်းစဉ်များကို မိမိတတ်နိုင်တဲ့ ဘက်ကနေ အားကြိုးမာန်တက် စိတ်၀င်တစားလုပ်ဆောင်နေကြသူများနဲ့ 𝙇𝙑𝙋 ရဲ့ 𝙍𝙚𝙘𝙮𝙘𝙡𝙚𝙙 𝙋𝙡𝙖𝙨𝙩𝙞𝙘𝙨 များအကြောင်းကို စိတ်၀င်စား အားပေးကြသူ အားလုံးဟာ လေးစားဂုဏ်ပြုထိုက်သူများ ဖြစ်ပြီး ကျွန်တော်တို့ 𝙇𝙑𝙋 အနေနဲ့လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ကမ္ဘာကြီးမှာ သဘာ၀ပတ်၀န်ကျင်း ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းစဉ်တွေ ကျယ်ပြန့်လာပြီးတဲ့နောက် Plastics တွေရဲ့ဆိုးကျိုးနဲ့ Recycle ပြုလုပ်ခြင်းရဲ့ အကျိုးတွေကို နားလည်မြင်သာလာစေဖို့ ရည်ရွယ်ချက်နဲ့ 𝟮𝟬𝟭𝟴 ကစပြီး 𝙈𝙖𝙧𝙘𝙝 18 ကို "𝙂𝙡𝙤𝙗𝙖𝙡 𝙍𝙚𝙘𝙮𝙘𝙡𝙞𝙣𝙜 𝘿𝙖𝙮" အနေနဲ့ သတ်မှတ်ခဲ့ကြပါတယ်။

"𝙂𝙡𝙤𝙗𝙖𝙡 𝙍𝙚𝙘𝙮𝙘𝙡𝙞𝙣𝙜 𝘿𝙖𝙮" နဲ့ပတ်သက်ပြီး အဓိကထားလုပ်ဆောင်တဲ့ အစီအစဉ်တွေဟာ တစ်နှစ်နဲ့တစ်နှစ် မတူညီဘဲ ကွဲပြားပါတယ်။

🌱 2019 မှာ "𝙍𝙚𝙘𝙮𝙘𝙡𝙞𝙣𝙜 𝙞𝙣𝙩𝙤 𝙩𝙝𝙚 𝙁𝙪𝙩𝙪𝙧𝙚" ဆိုတဲ့ အကြောင်းအရာကို အခြေခံပြီး ရေရှည်မှာ Recycling လုပ်ဆောင်မှုတွေအတွက် တီထွင်ဆန်းသစ်မှုတွေ အိုင်ဒီယာဆန်းတွေကို ဦးစားပေး လုပ်ဆောင်ခဲ့ကြတယ်။

🌱 2021 မှာ " 𝙍𝙚𝙘𝙮𝙘𝙡𝙞𝙣𝙜 𝙃𝙚𝙧𝙤𝙚𝙨" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ လူမှုအဖွဲ့အစည်းမှာ Recycling နဲ့ပတ်သက်ပြီး ပြောင်းလဲမှုတွေ ပြုလုပ်နိုင်ခဲ့သူများရဲ့ အားထုတ်မှု ရလဒ်များကို ဂုဏ်ပြုမီးမောင်းထိုးပြတဲ့ အနေနဲ့ ကျင်းပခဲ့ကြပါတယ်။

🌱 2022 အတွက်ကတော့ နေ့စဉ်ဘ၀မှာ 𝙍𝙚𝙙𝙪𝙘𝙚, 𝙍𝙚𝙪𝙨𝙚, 𝙍𝙚𝙘𝙮𝙘𝙡𝙚ရဲ့ အရေးပါပုံ များကို အသိပညာပေးတဲ့ပုံရိပ်များနဲ့ အဓိကထားဖော်ဆောင် သွားဖို့ ရည်ရွယ်ထားတာကို တွေ့ရပါတယ်။

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာလည်း 𝙀𝙘𝙤 𝙁𝙧𝙞𝙚𝙣𝙙𝙡𝙮 ပစ္စည်းများအသုံးပြုတာနဲ့ တစစရင်းနှီးလာတာကို မြင်ရတာဟာ ကောင်းမွန်တဲ့ အရွေ့တစ်ခုပဲ ဖြစ်ပါတယ်။

ဒါကြောင့်မလို့ ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ Plastics တွေကို မလိုအပ်ဘဲ အလွန်အကျွံသုံးစွဲနေတာတွေကို တတ်နိုင်သလောက်လျှော့ချရပါမယ်။ တဖက်မှာလည်း Recycled ပစ္စည်းများကို အားပေးထောက်ပံ့ပြီး မိမိတို့ရဲ့ နေ့စဉ် လူနေမှုပုံစံကို ပိုမိုကောင်းမွန်အောင် ဖန်တီးသွားနိုင်ဖို့ တိုက်တွန်းလိုက်ရင်း Recycling Day အကြောင်းသိကောင်းစရာ အချို့ကို မျှဝေပေးလိုက်ပါတယ်။

16/03/2022

မြန်မာ့ ဆယ့်နှစ်လရာသီစက်၀န်းရဲ့ နောက်ဆုံးလဖြစ်တဲ့ ဆောင်းအကုန် နွေအကူး တပေါင်းလလို့ ဆိုလိုက်တာနဲ့ လှပတဲ့ နွေပန်းချီကားနဲ့အတူ သဲပုံစေတီ၊ ဘုရားပွဲတော်များကို အမှတ်ရမိမှာ ဖြစ်ပါတယ်။

တပေါင်းလပြည့်နေ့ဟာ မြတ်စွာဘုရား တရားဟောကြားဖို့ ကပိလ၀တ်ပြည်ကို ပြန်လည်ကြွချီတော်မူတဲ့နေ့ဖြစ်လို့ မြတ်ဗုဒ္ဓ ပြည်တော်၀င်အခါတော်နေ့ဆိုပြီး သတ်မှတ်ခဲ့ကြပါတယ်။ ဒါ့အပြင် ခမည်းတော်သု‌ဒ္ဓေါဒနမင်းကြီးကို တရားဖြင့်ကျေးဇူးဆပ်ခြင်းကို အကြောင်းပြုပြီး တပေါင်းလပြည့်နေ့ကို အဖေများနေ့ အဖြစ်လည်း ဂုဏ်ပြုသတ်မှတ်ထားပါတယ်။

တပေါင်းလပြည့် မြတ်ဗုဒ္ဓအခါတော်နေ့၊ အဖေများနေ့မှာ ကျေးဇူးရှင် ဖခင်များအတွက် ဂုဏ်ပြုရင်း ဓမ္မဘက်တော်သား မြန်မာပြည်သူပြည်သားအားလုံး ဘေးအန္တရာယ် ကင်းရှင်းပြီး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြစေဖို့ ကျွန်တော်တို့ ‌𝙇𝙑𝙋 မှ ဆုမွန်ကောင်း ပို့သလိုက်ပါတယ်။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. B(30), 2nd Floor, Bahosi Housing, Lanmadaw Tsp
Yangon
11131

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00