Sakura Grace

Sakura Grace

Share

Vitamin Retailer Magazine Homepage 28/09/2025

ဝမ်းမှန်စေပြီး ဆီးချိုအတွက် အကောင်းဆုံး ဓာတ်စာဖြစ်တဲ့ ဖန်ခါးသီး

ဖန်ခါးသီးကို မြန်မာတွေက တို့စရာအဖြစ် စားကြတာများပါတယ်။ ဖန်ခါးသီးစားပြီး ရေသောက်လိုက်ရင် ချိုတဲ့အရသာရှိပြီး ခံတွင်းရှင်းစေတဲ့အသီးပါ။ အသီးက ဘဲဥပုံဆန်ဖြစ်ပြီး ညိုဝါရောင်ရှိပါတယ်။ အစေ့ပါပြီး အခွံဟာ အမြောင်းလေးတွေ အနည်းငယ်ပါပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် သဘာဝအလျောက် ပိုမိုဖြစ်ထွန်း ပေါက်ရောက်သည်။

Source: iStock

မြန်မာဆေးကျမ်းများအလိုအရ ဖန်ခါးသီးသည် ဖန်၏။ ချဉ်၏။ ခါး၏။ စပ်၏။ ပူ၏။ ဝမ်းမီးကို တောက်စေ၏။ သွေးသားကို စင်ကြယ်စေ၏။ မျက်စိကို ကောင်းစေ၏။ အထူးသဖြင့် အူနှင့်စပ်သော ရောဂါများ၊ အရေပြား ရောဂါ၊ ကိုယ်ရေဝါ မြင်းသရိုက်၊ ညောင်းကျ၊ ကြို့ထိုး၊ ဝမ်းဗိုက်အောင့်၊ အစာမကြေ ရောဂါတို့၌ သုံးရ၏ဟု ဖော်ပြထားပါတယ်။

Source: vitaminretailer.com

ဖန်ခါးသီးပြုတ်ရည်ကို နို့နှင့် ရောတိုက်ပါက အရက်မူးခြင်းပျောက်၏။ ဖန်ခါးသီး အခြောက်မှုန့် နှင့် အုန်းဆီရော၍ မီးလောင်ဖုများကို လိမ်းပေးသော် အနာ သက်သာစေသည်။ ဖန်ခါးသီးကိုထု၍ တစ်ညရေစိမ်ပြီး ထိုရေကြည်ဖြင့် မျက်စိကို ဆေးပေးပါက မျက်စိနာကျင် ကိုက်ခဲခြင်းပျောက်၏။ ဖန်ခါးသီး ကို အမှုန့် ကြိတ်ပြီး နို့နှင့်သောက်ပါက အနာရောဂါကင်း၍ အသက်ရှည်စေသည်။ အမြဲတမ်း မမှီဝဲသော်မှ ၇ ရက် တစ်ကြိမ် မှီဝဲနိုင်ပါသည်။ အသီးကို ဝမ်းနုတ်ဆေး ဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြု၏။ ဝက်ခြံကို အမြစ်ပါထွက်အောင် ဖန်ခါးသီးအစေ့ကို ဆန်ဆေးရည်နဲ့ သွေးလိမ်းပေးရင် ပျောက်ကင်းစေပါတယ်။

ဘက်တီးရီးယားပိုးများကို သေစေနိုင်ခြင်း

ellagic acid, gallic acid, chebulic acid, flavonol glycosides, selenium နှင့် ဗီတာမင်စီ ဗီတာမင် E တို့ ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေပြီး
နာတာရှည်ရောဂါတွေ မဖြစ်စေရန် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်် ။ ထို့ပြင်ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါသည်။

သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

ဖန်ခါးသီးက သွေးတွင်းသကြားဓာတ်
အကောင်းဆုံးကိုထိန်းညှိပေးနိုင် တာကြောင့်ဆီးချို ရှိသူတွေ စားပေးလို့ ရသလို ဆီးချို ကာကွယ်ဖို့အတွက်လည်း စားသုံးပေးလို့ ရပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေသည်

ဖန်ခါးသီးကို ပုံမှန်စားသုံးခြင်းအားဖြင့် အစာချေမှုကို မြှင့်တင်ပေးရုံသာမကအူနှင့်ဆိုင်သောရောဂါများ မဖြစ်အောင်ကာကွယ်ပေးသည် နေ့စဥ်. စားသုံးသောအစာ၏အာဟာရစုပ်ယူမှုကို တိုးမြှင့်ပေးနိုင်ပါတယ်။၊ ဝမ်းပျက်၊ ဝမ်းလျှော၊ ဝမ်းကိုက်တာကိုသက်သာစေပြီး ဝမ်းမှန်စေပါတယ်။

အစာအိမ်နာသက်သာစေသည်

ဖန်ခါးသီးကိုစားသုံးခြင်းဖြင့်အစာအိမ်ရောင်ရမ်းမှုကိုကာကွယ်ပေးတဲ့အကျိအချွဲများကို ထုတ်လုပ်ပေးနိုင်သောကြောင့် အစာအိမ်အချဉ်ပေါက်မှုကို လျော့နည်းစေကာအစာအိမ်အနာသက်သာစေပြီးအစာအိမ်ရောဂါများကိုကာကွယ်ပေးနိုင်ပါသည်။အစာအိမ်ရောင်တဲ့အခါမှာဖြစ်တဲ့ အစာမကြေမှုနဲ့ ရင်ခေါင်းပူလောင်မှုကို သက်သာစေနိုင်ပါတယ်။

ကိုယ်အလေးချိန်ထိန်းညှိပေးသည်

ဖန်ခါးသီးကိုပုံမှန်စားသုံးခြင်းဖြင့် အဝလွန်သူများအတွက် ဝိတ်ချရာတွင် အလွန်အသုံးဝင်ပါတယ်။

အမြင်အာရုံကို ကောင်းမွန်စေသည်

ဖန်ခါးသီးကိုစားသုံးခြင်းအားဖြင့် အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ ဖန်ခါးသီးကိုထု၍ ၁ ညရေစိမ်ပြီး ထိုရေကြည်ဖြင့်မျက်စိကိုဆေးပေးပါက မျက်စိနာကျင်ကိုက်ခဲခြင်းရောင်ရမ်းနာကျင်ခြင်းနှင့် မျက်စိအမြှေးရောင်ခြင်း တို့ကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။

ခံတွင်း ကျန်းမာစေတယ်

ဖန်ခါးသီးက သွားနဲ့ ခံတွင်းကို ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး သွားနဲ့ခံတွင်း ကျန်းမာစေပါတယ်။

နာကျင်မှုကို သက်သာစေတယ်

ဖန်ခါးသီး စားပေးတာက အရိုးအဆစ် နာကျင်တာ၊ ကြွက်သားနာကျင်တာနဲ့ အမျိုးမျိုးသော နာကျင်မှုတွေကို သက်သာစေဖို့ ဖန်ခါးသီးကို စားပေးလို့ ရသလို ဖန်ခါးသီး အဆီအနှစ်ကို အသုံးပြုပေးလို့လည်း ရပါတယ်။

သွေးတွင်းကိုလက်စထရော ထိန်းညှိပေးတယ်

သွေးတွင်း ကိုလက်စထရော ထိန်းညှိပေးတာကြောင့် နှလုံး ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

မြန်မာ ဆေးကျမ်းများ အလိုအရ ဖန်ခါးသီး သည် ဖန်၏။ ချဉ်၏။ ခါး၏။ စပ်၏။ ပူ၏။ ဝမ်းမီးကို တောက်စေ၏။ သွေးသား ကို စင်ကြယ်စေ၏။ မျက်စိ ကို ကောင်းစေ၏။ အထူးသဖြင့် အူနှင့် စပ်သော ရောဂါများ ၊ အရေပြား ရောဂါ၊ ကိုယ်ရေဝါ မြင်းသရိုက်၊ ညောင်းကျ၊ ကြို့ထိုး၊ ဝမ်းဗိုက်အောင့်၊ အစာ မကြေ ရောဂါ တို့၌ သုံးရ၏။

ဖန်ခါးသီးကို အသီး၊ အခေါက်၊ အစေ့အားလုံးကို အသုံးပြုနိုင်သည်။
အသီး

ဖန်ခါးသီး ပြုတ်ရည်ကို နို့နှင့် ရောတိုက်ပါက အရက်မူးခြင်း ပျောက်၏။

ဖန်ခါးသီး အခြောက်မှုန့် နှင့် အုန်းဆီကို ရော၍ မီးလောင်ဖုများကို လိမ်းပေးသော် အနာ သက်သာ စေသည်။

ဖန်ခါးသီး ကို ထု၍ တစ်ည ရေစိမ်ပြီး ထို ရေကြည်ဖြင့် မျက်စိကို ဆေးပေးပါက မျက်စိ နာကျင်ကိုက်ခဲခြင်း ပျောက်၏။

ဖန်ခါးသီး ကို အမှုန့် ကြိတ်ပြီး နို့နှင့် သောက်ပါက အနာ ရောဂါ ကင်း၍ အသက် ရှည်စေသည်။ အမြဲ တမ်း မမှီဝဲသော်မှ ၇ ရက် တစ်ကြိမ် မှီဝဲ နိုင်ပါသည်။

အသီး ကို ဝမ်းနုတ်ဆေး ဖော်စပ် ရာတွင် ထည့်သွင်း အသုံးပြု၏။

***အစေ့***

ဝက်ခြံ အမြစ် မထွက်သော် ဖန်ခါးသီးစေ့ကို ဆန်ဆေးရည်နှင့် သွေးလိမ်း ရ၏။

***အရွက်***

ဖန်ခါး ရွက်ရှိ အသီး ကဲ့သို့ ဖုဖောင်း နေသော ကတြ သင်္ချေကို ဝမ်းနုတ်ဆေး ၊ သွေးဆေး၊ လေဆေး၊ မျက်စိ နာ ပျောက်ဆေး စသည်တို့ ဖော်စပ် အသုံး ပြု သည်။

မီးယပ်ဆေး၊ ဒူလာဆေး၊ လိပ်ခေါင်းဆေး များ ဖော်စပ် ရာတွင်လည်း ထည့်သွင်း အသုံး ပြုသည်။

***အခေါက်***

အခေါက် ကို ပြုတ်သောက်သော် ဝမ်းလျှော ဝမ်းကိုက် ရောဂါ များကို ပျောက်ကင်း စေသည်။

ရုတ်တရက် ရရှိသော ထိခိုက် ဒဏ်ရာ များ ပေါ်တွင် အခေါက်ကို ကြိတ်၍ အုံပေး သော် သွေးထွက် လွန်ခြင်း ကို ရပ်တန့် စေသည်။

တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း
ကိုယ်ဝန်ဆောင်တွေနို့တိုက်မိခင်တွေဆီးချို ဆေးသောက်သုံးနေသူတွေ အသင့်အတင့်စားပေးပါ

​ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏🏻

#လေးစားစွာဖြင့်မူရင်ရေးသားသူအား
ေးပါသည် 🙏🙏🙏
#ကျန်းမာရေးဗဟုသုများ

Vitamin Retailer Magazine Homepage Welcome to the homepage of Vitamin Retailer Magazine. Here on this site you will find subscriptions, advertising, company profiles, contact us, social media, resources and other magazines.

21/05/2025

မင်္ဂလာရှိသောညလေးဖြစ်ပါစေရှင်🙏🏻🙏🏻🙏🏻

04/09/2020

ကီမိုနိုတွေ ဂျပန်မှာရောက်ပါပြီ
အထည်၁၀၀ကျော် အထပ်လိုက် အပြင်ပုံတွေ လှလိုက်တာ😍
မကြာမီမြန်မာနိုင်ငံကိုပို့လာပါတော့မယ်

Photos from Sakura Grace's post 23/08/2020

UNIQLO Brand (direct from Japan 🇯🇵)
UT shirt new design 👕
ဂျပန်နိုင်ငံရဲ့ မြို့နာမည်တွေ, ဖူဂျီတောင်ပုံ, ချယ်ရီပန်းပုံ, စုတ်ချက်လက်ရေးအလှရေး, ပန်းချီကားပုံတွေနဲ့ ဒီဇိုင်းအစုံပဲ

​တပုံချင်းစီရဲ့commentထဲမှာ နောက်ကျောပုံနဲ့အသေးစိတ်တွေကြည့်လို့ရပါတယ်

Price: 34,000MMK

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11221