Joy English Learning Center

Joy English Learning Center

Share

22/04/2024

Hello.. Hello
Joyers တို့ရေ။ ကျောင်းတွေ၊ အလုပ်တွေလဲ ပြန်ဖွင့်ကြပြီနော် 🥳
ဒီနေ့မှာတော့ Admin ကရာသီဥတုပူတာကို It's hot အပြင် တခြားဘယ်လိုလေးတွေပြောလို့ရလဲဆိုတာ
ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ လိုက်ကြည့်ပေးကြပါအုံးနော်။ 💙
(1) It's boiling.
သူ့ရဲ့အဓိပ္ပါယ်က ပူလွန်းလို့ ရေဆိုရင်ပွက်ပွက်ဆူနေလောက်ပြီ ပြောချင်တာပါ။
E.g. What's the weather like?
Oh, it's boiling today.

(2) It's roasting.
roast ရဲ့literally အဓိပ္ပါယ်က "ကင်သည်" ပါ။
ပူလိုက်တာ။ မီးဖိုပေါ်အကင်ခံနေရသ‌လိုပဲ လို့
ပြောချင်တာပါ။
E. g. It's a great day to go to the beach. It's roasting.

(3) It's burning.
burn ကတော့ "လောင်သည်"ပေါ့နော်။
ပူလိုက်တာ။ လောင်မြိုက်နေတာပါပဲပေါ့။
E. g. Be careful when you go out. It's burning out there.

12/04/2024

သင်္ကြန်‌ကျောင်းပိတ်ရက်အား အသိပေးအကြောင်းကြားခြင်း
------------------------------------------------------------

ချစ်ရပါသော ကျောင်းသူကျောင်းသားများနှင့်
မိဘများရှင့်.. ကျွန်မတို့ Joy English Learning Center ရှိတန်းခွဲများအားလုံး သင်္ကြန်အကြို
April 13 မှ နှစ်ဆန်း နှစ်ရက်နေ့ April 19 ထိပိတ်ပြီး
April 20 ရက်နေ့‌တွင် ပြန်လည်ဖွင့်လှစ်သွားပါမည်
ဖြစ်ကြောင်း အကြောင်းကြားလိုပါတယ်ရှင့်။

01/04/2024

Word of the Day 💙
Brain drain (noun) - ပညာတတ်/ အရည်အချင်းရှိ
လူငယ်များ အမိမြေကိုစွန့်ခွာပြီး တိုင်းတပါးသို့
ပြောင်းရွေ့နေထိုင်အလုပ်လုပ်ခြင်းကို ဆိုလိုပါတယ်။
For example ; Our country has suffered a huge brain drain in recent years.

30/03/2024

Hello, Joyers တို့ရေ။ 🌻
ဒီအပတ်အတွက် recommendation ကတော့
စာရေးဆရာ W.W.Jacobs ရေးသားထားတဲ့
"The Monkey's Paw" ဆိုတဲ့ short story ပဲဖြစ်ပါတယ်။ 🍂
"I can't give it to you, but, of course you can take it from me. But, remember this monkey's paw brings unhappiness."
မျောက်လက်သည်းခွံက ပိုင်ရှင်ကိုဆုတောင်း ၃ခု
ဖြည့်ဆည်းပေးနိုင်ပေမယ့် အဲဒီဆုတောင်း၃ခုပြည့်လာဖို့အတွက် ကံကြမ္မာနဲ့ကြီးမားတဲ့အပေးအယူတွေကိုပြုလုပ်ရပါတယ်။ အဲဒီအပေးအယူတွေက ဘာတွေဖြစ်မလဲ။ ဆုတောင်းပြည့်သွားတဲ့သူတွေကရော တကယ်ပဲပျော်ရွှင်နိုင်မှာလားဆိုတာ စိတ်ဝင်တစားဖတ်ကြည့်ရမှာပါ၊ 🤩
ဒီဝတ္ထုတိုကို ပထမဆုံးပုံနိုပ်ဖော်ပြခဲ့တာကတော့
1902 ခုနှစ်ထုတ် Harper's Monthly မဂ္ဂဇင်းမှာဖြစ်ပြီး အော်ပရာပြဇာတ်တွေ၊ ကာတွန်းတွေသာမက
1915 ခုနှစ်မှာ ဗြိတိန်အသံတိတ်ဇာတ်လမ်းအဖြစ်
စတင်ရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်။ ❣️
အခုချိန်ထိ short stories စာအုပ်တွေမှာ အကြိမ်ကြိမ်ပုံနှိပ်ထုတ်ဝေခြင်းခံရတဲ့အပြင် ရုပ်ရှင်
ဇာတ်လမ်းတိုတွေနဲ့ ပြဇာတ်တွေပါ အကြိမ်ကြိမ်
ရိုက်ကူးတင်ဆက်နေကြဆဲပဲဖြစ်ပါတယ်။
ဒါကြောင့် Admin ကလဲဒီအပတ် weekend မှာ
Joyer တို့ဖတ်ရအောင် ဒီshort story လေးကိုရွေးပေးလိုက်ပါတယ်နော်။ 💛 တကယ်လို့ ဖတ်ချင်တယ်ဆိုရင် ကျောင်းက Library မှာလဲလာငှားလို့ရပါတယ်။ 🌻
နောက်အပတ်တွေရော ဘယ်စာအုပ်လေးတွေ
review ရေးပေးစေချင်လဲ။ ပြောပြကြပါအုံး 💕

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 002, Building 3, Hlaing Thiri, Housing
Yangon
11051