In Style
13/12/2025
ဘယ်အရောင်လေး အကြိုက်ဆုံးလဲ…
Price- 45,000
S, M, L, XL
Pre order 3 or 4 week
10/09/2021
Haircareတွေအများကြီးသုံးစရာမလိုပဲဆံပင်ကျွတ်ခြင်းသက်သာအောင်ဘယ်လိုလုပ်မလဲ???
ဒီတစ်ခေါက် Adminရဲ့ကာကာတွေကို ဆံပင်ကျွတ်သက်သာတဲ့နည်းအချို့ကို Sharing လုပ်ပေးချင်ပါတယ်...
ဒါ Adminကိုယ်တိုင်အဲ့နည်းတွေအတိုင်းလုပ်ပြီး result ကောင်းလို့ admin customer တွေကိုလည်း ဆံပင်ကျွတ်တာသက်သာအောင် ပြောပြပေးတာပါ...
Adminရဲ့ဆံပင်ကဂျိုင်းနားလောက်ရောက်ရင် ထပ်ပြီးလုံးဝရှည်မလာတာရယ် ဆံပင်အရမ်းကျွတ်တာရယ်ကြောင့်အမြဲစိတ်ညစ်နေရတယ်..အဲ့တာနဲ့ online ကနေ နည်းလမ်းတွေရှာပြီးလိုက်လုပ်တာ..ခုဆို ဆံပင်ကျွတ်တာကိုလည်းအတတ်နိုင်ဆုံးမကျွတ်အောင်ထိန်းသိမ်းပြီး ဆံပင်တော်တော်ရှည်နေပီ..
Adminလုပ်တဲ့နည်းတွေကိုတစ်ချက်ချင်းစီပြောပြမယ်နော်
1. “မီနိုဆံ" ဆံပင်သန်ဆံပင်ပေါက်ဆေးကို ခေါင်းမလျှော်ခင် တစ်ညနှပ်ပြီးအိပ်လိုက်တယ်.. မီနိုဆံကို Groupတွေထဲမှာ review ခဏခဏတွေ့တာနဲ့စမ်းသုံးကြည့်မယ်ဆိုပြီးနှစ်ဘူးဝယ်ထားတယ်..
2. ညတိုင်းကျစ်ဆံမြီးကျစ်အိပ်တယ်..ကျစ်ဆံမြီးကညဘက်အိပ်တဲ့အခါဆံပင်ကျွတ်သက်သာစေပြီး မနက်မိုးလင်း ဆံပင်ရှင်းရတာလည်းလွယ်တယ်လေ..
3. ခေါင်းဖြီးတဲ့အခါရိုးရိုးကော်ဘီးတွေနဲ့မဖြီးပဲ အောက်မှာပြထားတဲ့ဘီးမျိုး ဒါမှမဟုတ် သစ်သားဘီးမျိုးနဲ့ ဖြီးတယ် ဆံပင်ဖြီးရင်လည်းဖြည်းဖြည်းသာသာလေးပဲဖြီးတယ်
4. တစ်လတစ်ခါလောက် (or) စိတ်ကူးပေါက်ရင်ပေါက်သလို့ ဆံပင်အားလုံးရှေ့ချ စုစည်းပြီး အဖျားလေးတွေကပ်ကြေးနဲ့ညှပ်တယ်..နှစ်ခွတွေညှပ်ပစ်တော့အရှည်မြန်လာတာပေါ့..
5. ပိုးသားခေါင်းစီးကြိုးလေးတွေနဲ့ပဲဆံပင်စီးတယ်... ရိုးရိုးခေါင်းစီးကြိုးတွေသရေကွင်းတွေနဲ့စီးပြီးပြန်ဖြည်တဲ့အခါ ဆံပင်တွေကပ်ညှိပြီးပါလာတယ်..ဆံပင်လည်းနာတယ်..ပိုးသားscrunchiesကျတော့ တစ်နေကုန်စီးပြီးပြန်ဖြည်တဲ့အခါ အံ့ဩစရာကောင်းလောက်အောင် ခေါင်းစီးကြိုးမှာ ဆံပင်တွေကပ်ညှိပြီးပါလာတာတွေမရှိဘူး အဲ့တာနဲ့ မင်မင်ကတော့လက်မှအမြဲပတ်ပြီး စီးချင်ရင်ကောက်စီးပလိုက်တယ်..
အဲ့လိုမျိုး ပိုက်ဆံလည်းအရမ်းမကုန် Haircare productတွေအများကြီးသုံးစရာမလိုပဲကို ဆံပင်ကသိသိသာသာကောင်းလာတာ Adminကိုယ်တွေ့ပါပဲနော်...
Adminရဲ့ပထမဦးဆုံး ဒီလိုစာအရှည်ကြီးရေးတာဖြစ်တဲ့အတွက်အမှားပါသွားရင်လည်းခွင့်လွှတ်ပေးပါနော်..🙏🙏🙏🙏
တခြားနည်းလမ်းတွေရှိရင် comment မှာဝေမျှပေးသွားပါဦး..
အားလုံးပဲကျန်မာသန်စွမ်းပြီး လှပတဲ့ဆံကေသာများပိုင်ဆိုင်ကြပါစေရှင်🙏🙏🙏
Click here to claim your Sponsored Listing.
Category
Website
Address
Yangon