တီဘီဆရာဝန်

တီဘီဆရာဝန်

Share

28/06/2026

“မျက်ဝန်းများ၌ အစပြုသော…။”

နွေးထွေးပြီး ကြိုဆိုမှုအပြည့်ရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းဟာ တီဘီရောဂါကို အနိုင်ယူဖို့အတွက် ပထမဦးဆုံးသော ခြေလှမ်းဖြစ်ပါတယ်။

ရောဂါရှိ၊ မရှိ စစ်ဆေးလိုသူတွေရဲ့ အမျိုးမျိုးသော စိတ်မလုံခြုံမှု အပူတွေကို ကျန်းမာရေး ဝန်ဆောင်မှုပေးသူတွေရဲ့ ရင်းနှီးဖော်ရွေတဲ့ ပြောဆိုဆက်ဆံမှုတွေက အမှန်တကယ် ငြိမ်းအေး သက်သာသွားစေပါတယ်။

“ရန်ကုန်တီဘီ၊ စီမံချက်ဆေးခန်း” ဆိုသည်မှာ နွေးထွေးကြိုဆိုတဲ့ အပြုံးတွေနဲ့ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို လူတိုင်းလက်လှမ်းမီ ရယူနိုင်တဲ့ အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။

“ဒီနေရာမှာ အခမဲ့ တီဘီစစ်ဆေးပါ။”

24/06/2026

“တီဘီဆရာဝန်ရဲ့ ဖုန်းဘေလ်လက်ဆောင်”

တီဘီရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးသတင်းအချက်အလက် အမှန်တွေကို လူတွေ လွယ်လွယ်ကူကူ ရှာဖွေသိရှိဖို့ဆိုရင် “တီဘီဆရာဝန်” တစ်ယောက်တော့ လိုင်းပေါ်မှာရှိဖို့ လိုအပ်ပါတယ်။

မှတ်ရလည်းလွယ်၊ အားလုံးနဲ့လည်း ပိုရင်းနှီးလာအောင် ကျွန်တော်တို့ရဲ့ စာမျက်နှာကို “တီဘီဆရာဝန်” လို့ ပြောင်းလဲထားပါတယ်။

ဒါ့အပြင် အမှတ်တရအနေနဲ့လည်း ဖုန်းဘေလ်လက်ဆောင်တွေ ပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ကံစမ်းရန် အဆင့် (၂) ဆင့် -
(၁) ဒီအစီအစဉ်လေးကို အားလုံး သိရှိပြီး ပါဝင်နိုင်အောင် Public နဲ့ Share ပေးပါ။

(၂) ကိုယ်သိထားတဲ့ “မှန်ကန်တဲ့ တီဘီရောဂါ ဗဟုသုတတစ်ခု” (သို့မဟုတ် Page အတွက် အားပေးစကား) ကို ဒီ Post ရဲ့ Comment မှာ ရေးပေးခဲ့ပါ။

ဒါတွေကို လုပ်ထားပြီးသူတွေထဲကမှ ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ဖုန်းဘေလ် (၅,၀၀၀) ကျပ်စီ လက်ဆောင်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ကံထူးသူတွေကို ဇွန်လ ၂၆ ရက်နေ့၊ နေ့လည် ၁၂:၀၀ မှာ ရွေးချယ်ပေးသွားမှာဖြစ်လို့ အဲ့အချိန်မတိုင်ခင်အထိတော့ ပါဝင်လို့ရနေဦးမှာ ဖြစ်ပါတယ်ခင်ဗျာ။

မှန်ကန်တဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေကို အမြဲရရှိနေဖို့အတွက် ကျွန်တော်တို့ရဲ့ “တီဘီဆရာဝန်” Page လေးကိုလည်း Follow လုပ်ထားဖို့ မမေ့နဲ့နော်။

အားလုံးပဲ ကံကောင်းကြပါစေ…။

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon