Channel MSN

Channel MSN

Share

23/05/2026

အီဂျစ် “ ပိရိမစ် “ တွေရဲ့ ရှေ့က Boxing ပွဲက လူမသိသေးတဲ့ အချက်တွေ .. 🤔

22/05/2026

ကြေးစားဘောက်ဆင်လောကမှာ အဖွဲ့အစည်းကြီး (၄) ခုရှိတယ်။ အဲ့ ၄ ခုထဲမှာမှ WBC က တကယ့်ပွဲကြီးတွေမှာ ဆိုရင် သီးသန့်ဖန်တီးထားတဲ့ ခါးပတ်တွေကို ပေးလေ့ရှိတယ်။

အခုလည်းလာမဲ့ ‘ Glory in Giza’ ဆိုတဲ့ ဘောက်ဆင်ပွဲမှာ Usyk နဲ့ Rico တို့အတွက် သီးသန့် ဖန်တီးထားတဲ့ special ခါးပတ်တစ်ခုကို ချပြလာပါတယ်။ ခါးပတ်ကို ‘King of the Nile’ လို့ အမည်ပေးထားပြီး နိုင်တဲ့သူကို ပေးသွားမှာပါ။

ခါးပတ်ပေါ်မှာ အတောင်ပံပါတဲ့ နေမင်းစကြာ၊ ဟိုးရပ်စ်ရဲ့ မျက်လုံး၊ ဖာရိုဘုရင်ရဲ့ တောင်ဝှေးနဲ့ နှင်တံ၊ နွားချေးပိုးကောင်ရုပ်နဲ့ အာဖရိကနိုင်ငံတွေရဲ့ အလံတွေ စတဲ့ ရှေးဟောင်း အီဂျစ်ယဉ်ကျေးမှု သင်္ကေတတွေကို အနုပညာမြောက် ထည့်သွင်းပုံဖော်ထားတယ်။

ခါးပတ်ရဲ့ သတ္တုအစိတ်အပိုင်းတွေကို (၂၄) ကာရက် ရွှေစစ်စစ်နဲ့ အချောသတ်ထားပြီး၊ WBC စာလုံးတွေကို ရှေးအီဂျစ်တော်ဝင်မျိုးနွယ်တွေ အမြတ်တနိုးထားတဲ့ Lapis Lazul အပြာရောင် ကျောက်ကို အသုံးပြုပြီး တော်ဝင်ဆန်ဆန် အလှဆင်ထားပါတယ်။

သမိုင်းဝင်ပွဲ ကြီးတွေအတွက် WBC က အထိမ်းအမှတ်ခါးပတ် ပေးလေ့ရှိတဲ့ အတိုင်း WBC ဥက္ကဋ္ဌ Mauricio Sulaimán ကိုယ်တိုင် ဒီခါးပတ်ကြီးကို ယူပြီး စပိန်နဲ့ တောင်အာဖရိက နိုင်ငံတွေအထိ သတင်းစာရှင်းလင်းပွဲ လုပ်ကာ ပွဲကို ပရိုမုတ် လုပ်နေပါတယ်။

#နီရောဓ ပါ။ ✌🏼

19/05/2026

စိတ်မမှန်လို့!! 🙂

18/05/2026

အမှတ်‌ပေးဇယားမှာ ၂၈-၂၈ ဖြစ်သော်လည်း သရေကျခြင်းမရှိပဲ စူပါလက်ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းအရင်းကို ONE က ဖြေရှင်းလာတယ်။

မေလ ၁၅ ရက်၊ သောကြာနေ့က Inner Circle မှာ Dayakaev က Superlek ကို split decision နဲ့ အနိုင်ယူပြီးနောက် ထော်ကိုင်း တွေရဲ့ ဝေဖန်မှုတွေမြင့်တက်ခဲ့တယ်။

ဂယက်တွေကတော့ ပွဲမစမီကတည်းက စတာပါ။ Dayakaev က ၁၄၈.၂ ပေါင်အထိရှိပြီး bantamweight (၁၄၅ ပေါင်) ထက် ၃.၂ ပေါင်ပိုများပြီး Superlek က ၁၄၃.၂ ပေါင်သာရှိလို့ ‌၅ ပေါင်လောက် အကြောပေးပြီး ယှဉ်ပြိုင်ခဲ့ရတယ်။ ပွဲကို ဖျက်သိမ်းခွင့်၊ ငြင်းဆန်ခွင့် ရှိသော်လည်း စူပါလက်က သူ့ပရိတ်သတ်တွေ ပွဲဖြစ်အောင်ကစားခဲ့တာလို့ ဆိုပါတယ်။

ပွဲအတွင်းမှာ Dayakaev က ပထမအချီမှာ Superlek ကို Knocked Down ကျအောင် ထိုးနိုင်ခဲ့တယ်။ ပအချီမှာ စူပါလက် 10-8 မှတ် နဲ့ ရှုံးခဲ့ပေမယ့် နောက်နှစ်ချီမှာ 10-9 မှတ်,10-9 မှတ်နဲ့ ပြန်လည် အသာစီး ယူနိုင်ခဲ့ပါတယ်။Official Score Card ထွက်လာချိန်မှာလည်း ၂၈-၂၈ ဖြင့် သရေကျခဲ့တာပါ။

ဒါပေမယ့်!! ONE စည်းမျဉ်းအရ သရေကျခြင်းကို ခွင့်မပြုပါဘူး။ အနိုင်ရသူ တစ်ဦးတည်းသာ ရှိရမယ်လို့ ပြဌာန်းထားတဲ့ ဥပဒေကြောင့် ဒိုင်လူကြီးတွေက Rules (4) မျိုးအတိုင်းဆုံးဖြတ်ရပါတယ်။

၁) Knock down

၂) ပြိုင်ဘက်ကို ထိခိုက်ဒဏ်ရာရစေခြင်း

၃) ရှင်းလင်းသော ထိုးနှက်ချက်များ ရရှိစေခြင်း

၄) ပွဲကို ထိန်းချုပ်ခြင်း

၅) ကြမ်းတမ်းစွာ ဖိအားပေးဆော့နိုင်ခြင်း

ဒီအချက်တွေနဲ့ အနိုင်ကို ဆုံးဖြတ်ရမှာ Dayakaev က Knock Down ပိုရတဲ့ အတွက် အနိုင်ပေးခဲ့တာ ဖြစ်တယ်လို့ ONE က ပြန်ရှင်းခဲ့ပါတယ်။

#နီရောဓ ပါ။ ✌🏼

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon