Learning With KOM

Learning With KOM

Share

27/05/2026

ရှောင်လို့မရတဲ့ Targetတွေ၊ Deadlineတွေကြားမှာ ကိုယ့်စိတ်ကို ဒဏ်ရာမရအောင် ဘယ်လိုကာကွယ်ကြမလဲ
Telegram Link ==> https://t.me/learningwithkom

လုပ်ငန်းခွင်ကရတဲ့ စိတ်ဖိစီးမှုဆိုတာက ပုံမှန်အားဖြင့်ကတော့ ကျွန်မတို့ ရှောင်လို့မရပါဘူး။ Target တွေ၊ Deadline တွေ၊ Responsibility၊ Accountability စတဲ့ စကားလုံးအသုံးအနှုန်းတွေ ရှိနေသရွေ့ကတော့ စိတ်ဖိစီးမှုဆိုတာ လုံးဝ သုညဖြစ်သွားအောင် ဖျောက်ဖျက်ပစ်ဖို့ဆိုတာ မဖြစ် နိုင်ပါဘူး။ ဒါက အလုပ်တစ်ခုလုပ်တော့မယ် ဆိုရင် သဘာဝအတိုင်းဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလိုပါပဲ။ အရေးကြီးတာက ကိုယ့်စိတ်ကို ဒဏ်ရာမဖြစ်သွားအောင်၊ အခြေအနေတွေမဆိုးသွားအောင် ကာကွယ်တတ်ဖို့နဲ့၊ အမြန်ဆုံးအထိရောက်ဆုံး ကိုင်တွယ်ဖြေရှင်း တတ်ဖို့ပါပဲ။

လုပ်ငန်းခွင်တွေမှာ ဝန်ထမ်းတွေအနေနဲ့ ကြုံရဖန်များတတ်တဲ့ စိတ်ဖိစီးမှုတွေကတော့

၁) ကိုယ်လုပ်နိုင်တဲ့ပမာဏထက် အလုပ်တွေ အပုံလိုက်ကျလာတာ

၂) အလုပ်ပြီးရမယ့်အချိန် Deadline က အရမ်းနီးနေပေမယ့် အလုပ်မပြီးသေးတာ

၃) ကိုယ်က ဘာကိုတာဝန်ယူပေးနေရမှန်း အတိအကျမသိရဘဲ ကြုံရာအလုပ်တွေ လျှောက်လုပ် နေရတာ

၄) အထက်လူကြီးက အစအဆုံး အသေးစိတ်ကအစ Micro-management လုပ်ပြီး ကိုယ့်ကို မယုံ ကြည်တာ

၅) ဝန်ထမ်းအချင်းချင်း ကူညီဖို့ထက် ကုန်းတိုက်တာ

၆) ဝန်ထမ်းအချင်းချင်း တိုက်ခိုက်တာ

၇) အတင်းပြောတာများတဲ့ လုပ်ငန်းခွင်ဖြစ်နေတာ

၈) အထက်နဲ့အောက် (သို့) Department အချင်းချင်းကြား ညှိနှိုင်းရတာ ခက်ခဲတာ

၉) သတင်းအချက်အလက်သေချာမစီးဆင်းတာ

၁၀) ကိုယ်က အပင်ပန်းခံကြိုးစားထားပေမယ့် Management က ဖြစ်ဖြစ်၊ အထက်လူကြီးကဖြစ်ဖြစ် အသိအမှတ်မပြုတာ

၁၁) ရုံးဆင်းချိန်၊ ပိတ်ရက်တွေမှာပါ အလုပ်ဖုန်းတွေဝင်နေတာ ၊ Viber / Telegram Message တွေဝင်နေပြီး အလုပ်ကိစ္စတွေဖြေရှင်းနေရတဲ့အခါ စိတ်က အမြဲ Tension ဖြစ်နေတာ

၁၂) အနားယူချိန်နဲ့ အလုပ်လုပ်ချိန် မမျှတတော့တာ

၁၃) ကုမ္ပဏီအခြေအနေကြောင့်ဖြစ်ဖြစ်၊ စီးပွားရေးအခြေအနေကြောင့်ဖြစ်ဖြစ် "ငါ့အလုပ်ပြုတ် သွားမလား”ဆိုတဲ့ စိုးရိမ်စိတ်က ကြီးစိုးနေတာ

၁၄) ဒီရာထူး၊ ဒီအလုပ်မှာပဲ နှစ်ပေါင်းများစွာ တစ်နေရာထဲလည်နေပြီး ရှေ့ဆက်တိုးဖို့ လမ်းကြောင်း (Career Path) မရှိဘူးလို့ ခံစားရတာ စတာတွေကြောင့် စိတ်ပင်ပန်းရပြီး အလုပ်လုပ်ရတာ အသက်ရှူကျပ်လာစေတယ်။ တခါတလေ အလုပ်မပြီးတာတွေ၊ မကြာသင့်ဘဲ ကြာနေရတဲ့ ကိစ္စတွေကြောင့် ကိုယ်တိုင် စိတ်တိုရစေတယ်။ ကိုယ့်ရဲ့ Performance ကို အသိအမှတ်မပြုတဲ့ အခါမှာ စိတ်ဓာတ်တွေကျရတယ်။ နောက်ဆုံးအလုပ်အပေါ် လုံးဝစိတ်ကုန်သွားတဲ့အထိ ဖြစ်သွား နိုင်တယ်။ ဒီလိုနဲ့ ဝန်ထမ်းတစ်ယောက်အလုပ်ထွက်ရာကနေ ဝန်ထမ်းတွေအများကြီး ထွက်လာတဲ့ အခါ ကုမ္ပဏီက အကြီးအကျယ်နစ်နာရတော့တာပါပဲ။

ဒါကြောင့် လုပ်ငန်းရှင်တွေနဲ့ Management အနေနဲ့ရော၊ HRတွေအနေနဲ့ရော ဝန်ထမ်းတွေ အတွက် စိတ်ဖိစီးမှုလျော့အောင်၊ Performance တွေတက်လာအောင်၊ အလုပ်ထွက်နှုန်း ကျသွား အောင်၊ လုပ်ငန်းခွင်မှာ ပျော်ဖို့ကောင်းအောင် လုပ်ပေးတတ်ဖို့ ၊ ဖန်တီးပေးတတ်ဖို့ လိုပါတယ်။ ဘတ်ဂျက်အများကြီးမသုံးရဘဲ ချက်ချင်းစလုပ်လို့ရတာဆိုရင်

၁) No-Meeting Day or Hours သတ်မှတ်ပေးတာ။ ဥပမာ- တစ်ပတ်မှာ တစ်ရက် (ဥပမာ-သောကြာနေ့) (သို့) တစ်နေ့တာရဲ့ အချိန်အပိုင်းအခြားတစ်ခုကို Meeting လုံးဝမလုပ်ရတဲ့အချိန် အဖြစ်သတ်မှတ်ပေးတာမျိုးပါ။ ဒါမျိုးလေးသတ်မှတ်ပေးရင် ဝန်ထမ်းတွေဟာ အဲ့ဒီအချိန်မှာ အနှောင့်အယှက်ကင်းကင်း၊ စိတ်ဖိစီးမှုကင်းကင်းနဲ့ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီး အလုပ်ဖြတ် နိုင်တဲ့အတွက် Meeting သံသရာထဲကနေ ရုန်းထွက်နိုင်ပြီး စိတ်အေးစေပါတယ်။

၂) Fun & Relax Zoneအသေးစားလေး လုပ်ပေးတာ။ ကုမ္ပဏီရဲ့ ထောင့်တစ်နေရာမှာ စာအုပ်ဖတ်ဖို့ (သို့) ခြေဆန့်လက်ဆန့်အနားယူနိုင်မယ့် သက်သောင့်သက်သာရှိတဲ့ ထိုင်ခုံထားပေးတာ (သို့) Message ခုံထားပေးတာ (သို့) Board Games (Checkers, UNO, Pop-up Pirates စသဖြင့်) ကစားဖို့ နေရာလေး လုပ်ပေးထားတာမျိုးပါ။ (၁၅)မိနစ်လောက် ခေါင်းအေးအောင် လုပ်ဖို့ အခွင့်အရေးပေးတဲ့ပုံစံမျိုး အရမ်းအသုံးဝင်ပါတယ်။

(၃) Mental Health Check-In လုပ်ပေးတာ။ တစ်လတစ်ကြိမ် (သို့) နှစ်ပတ်တစ်ကြိမ် မေးခွန်း (၃)ခုကနေ (၅)ခုပဲပါတဲ့ Form အသေးလေးနဲ့ ဝန်ထမ်းတွေရဲ့ စိတ်ဖိစီးမှု အခြေအနေကို Anonymous အနေနဲ့ Survey ယူပြီး အခြေအနေကို စောင့်ကြည့်တာမျိုးပါ။ ဒီနည်းတွေကတော့ ဘတ်ဂျက်အနည်းဆုံးနည်းလမ်းတွေပါ။

တချို့လုပ်ငန်းတွေကတော့ ဝန်ထမ်းတွေကိုယ်တိုင် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက်

၁) Stress Management & Mindfulness Workshop ပေးတာမျိုး လုပ်ပါတယ်။ သူက စိတ်ပညာရှင်တွေ (သို့) Professional Trainer တွေခေါ်ပြီး စိတ်ဖိစီးတာတွေကို ဘယ်လို Handle လုပ်မလဲ၊ အလုပ်ခွင်မှာ အသက်ရှူနည်းစနစ်နဲ့ စိတ်တည်ငြိမ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေကို Interactive ဖြစ်ဖြစ် သင်တန်းပေးတာမျိုးပါ။

၂) Wellness & Sports Challenges လုပ်ပေးတာ။ ဒါကတော့ ရုံးတွင်း Badminton ပြိုင်ပွဲလုပ်တာ၊ ဘောလုံးပွဲအသေးစားလေးတွေ လုပ်ပေးတာ၊ Digital Step Challenge (တစ်နေ့ ကို ခြေလှမ်းဘယ်လောက်ပြည့်အောင် လျှောက်သလဲ) စတာတွေကို လုပ်ပေးပြီး ပျော်ဖို့ကောင်းတဲ့ ဆုအသေးစားလေးတွေ ပေးတာမျိုးပါ။ ဒါကလည်း Physically လုပ်ရတာဖြစ်လို့ ဝန်ထမ်းတွေရဲ့ စိတ်ဖိစီးမှုကို အများကြီး လျော့ကျစေပါတယ်။

၃) Workplace Satire / Creative Expression Sessions ပေးတာ။ ဒါက သောကြာနေ့ ရုံးဆင်းခါနီးအချိန်မျိုးမှာ “ရုံးတွင်းဟာသနဲ့အလွဲများ” ၊ “ကဗျာတိုပြိုင်ပွဲ” (သို့) စာတိုလေး တွေရေးပြီး တစ်ယောက်နဲ့တစ်ယောက် ရယ်ရယ်မောမောနဲ့ မျှဝေတဲ့ အစီအစဉ်လေးတွေ လုပ်ပေး တာမျိုးဖြစ်ပါတယ်။ ဒီလိုနည်းလေးတွေလည်း သုံးကြပါတယ်။

ဒါပေမယ့် တချို့လုပ်ငန်းတွေမှာတော့ ကုမ္ပဏီရဲ့ Culture နဲ့ Policy ကိုပါ အပြီးပြောင်းပစ်ပြီး ဝန်ထမ်းတွေရဲ့ စိတ်ဖိစီးရခြင်း အကြောင်းအရင်းကို အပြတ်ရှင်းထုတ်တတ်ကြပါတယ်။ ဒီလိုမျိုး ဆိုရင်တော့ များသောအားဖြင့်

၁) Flexible Working Hours / Hybrid Model သုံးပါတယ်။ အလုပ်သဘာဝအရ အဆင်ပြေမယ် ဆိုရင် ရုံးတက် ရုံးဆင်းအချိန်ကို Flexible ပေးလိုက်တာ၊ တစ်ပတ်မှာအိမ်ကနေ အလုပ်လုပ်နိုင်မယ့် ရက် (Work From Home) သတ်မှတ်ပေးလိုက်တာတွေက Work-Life Balance ဖြစ်စေဖို့ အကောင်းဆုံးပံ့ပိုးမှုပါ။

၂) Manager & Supervisor Training (Empathetic Leadership) ပေးပါတယ်။ အလုပ်ခွင် Stressရခြင်းရဲ့ အဓိကအရင်းအမြစ်သည် များသောအားဖြင့် Micro-management နဲ့ Supervisor တွေရဲ့ ဆက်ဆံတဲ့ပုံစံအချိုးမပြေလို့များပါတယ်။ ဒါကြောင့် Manager တွေကို ဝန်ထမ်းတွေရဲ့ Stressကို ဘယ်လိုသတိထားမိရမလဲ၊ ဖြစ်လာရင် ဘာတွေဘယ်လိုကူညီပေးရမလဲဆိုတဲ့ Leadership Training တွေပေးဖို့လိုပါတယ်။

၃) JDတွေကို ပြန်စစ်ပြီး အလုပ်တွေထပ်နေတာ၊ လူတစ်ယောက်တည်းကို အလုပ်တွေ အပုံလိုက် ပေးထားတာမျိုးတွေကို “Flexibility Plan” တွေ၊ Resources Allocation System တွေနဲ့ ပြန်ညှိ ပေးတာမျိုး တွေလုပ်ကြပါတယ်။ ဒါကတော့ ဝန်ထမ်းတွေStressဖြစ်လာရင် အကြောင်းအရင်း ရှာပြီး အပြတ်ရှင်းတဲ့ပုံစံပါ။ အခြေအနေတွေပေါ်မူတည်ပြီး အမျိုးမျိုးသုံးကြတာပါပဲ။

ဝန်ထမ်းတွေအနေနဲ့ အလုပ်မှာ ပြဿနာတစ်ခုခုတက်ခဲ့ရင် (သို့) အဆင်မပြေမှုတစ်ခုခုကြုံခဲ့ရရင် ကိုယ့်ရဲ့ အားနည်းချက်ကြောင့်လို့မတွေးဘဲ အလုပ်ရဲ့ Processအရ ဖြစ်လာတဲ့ကိစ္စလို့ တွေးပြီး ကိုယ်နဲ့ အလုပ်ရဲ့ Self-worth ကို ခွဲမြင်တတ်ဖို့လိုပါတယ်။ အလုပ်က စိတ်ညစ်စရာတွေကို အိမ်အထိသယ်မလာမိအောင် Boundary ထားပြီး တားထားခြင်းကို စိတ်ကို ဒဏ်ရာမရအောင် အကောင်းဆုံးကာကွယ်ပေးပါတယ်။ ပြီးတော့ စိတ်ဖိစီးတယ်ဆိုတာ ချက်ချင်းကြီး ကောက်ခါငင်ခါဖြစ်လာတာမဟုတ်ဘဲ တဖြည်းဖြည်းချင်း စုပုံလာတတ်တာမျိုးပါ။ ဥပမာ- အရင်ကထက် အိပ်ရခက်လာတာ၊ အသေးအဖွဲကိစ္စလေးကအစ ဒေါသထွက်လွယ်တာ၊ အလုပ်အပေါ် စိတ်မပါတော့တာမျိုးတွေ စဖြစ်လာရင် ဒါသည် စိတ်က အနားလိုနေပြီ၊ သူ့ကိုထိန်းပေးဖို့ အချက်ပြနေတာဖြစ်တဲ့အတွက် လျစ်လျူမရှုဘဲ အချိန်မီကိုယ်ရောစိတ်ပါ အနားယူတာ (သို့) တစ်ခုခုကို ပြောင်းလဲဖို့ လိုနေတာကို သတိပြုရပါမယ်။

HR တွေအနေနဲ့လည်း ဝန်ထမ်းတစ်ယောက်က အလုပ်တွေအရမ်းများပြီး Stress ဖြစ်နေပြီလို့ ပွင့်ပွင့်လင်းလင်းပြောခဲ့ရင်လည်း သူ့ကို အရည်အချင်းမရှိဘူးလို့ မမြင်ဘဲ Empathy ရှိမယ့် Culture မျိုးရှိမယ့် လုပ်ငန်းခွင်မျိုးအဖြစ် ဖန်တီးပေးနိုင်ရင်၊ ကိုယ်တိုင်က စလုပ်ပေးနိုင်ရင် စိတ်ဖိစီးမှုတွေက ရင်ထဲမှာတင် ကြိတ်ခံစားရင်းနဲ့ ဒဏ်ရာရလောက်တဲ့ အဆင့်အထိ ကြီးမသွား နိုင်တော့ပါဘူး။ ဒီလိုမျိုး Stressဖြစ်တာကို လက်ခံပြီး ၊ Psychological Safetyကို နားလည်ပေးပြီး ဘယ်လိုကာကွယ်ပေးရမလဲ ၊ Stress မဖြစ်အောင် ဘယ်လိုထိန်းပေးရမလဲဆိုတဲ့ Mindsetမျိုးရှိတဲ့ Leaderမျိုး ၊ HR မျိုးအောက်မှာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေဟာ တကယ့်ကို ကံကောင်းပါတယ်။ ဒီလိုလူမျိုးတွေရှိနေတဲ့ လုပ်ငန်းခွင်ဆိုရင်တော့ဝန်ထမ်းတွေဟာ ရုံးတက်ရတာ စိတ်လေးတာ၊ Potential တွေ အပြည့်အဝမထွက်လာတာ၊ သစ္စာမရှိတာ၊ မဖြစ်တော့ဘဲ Leaderတွေရဲ့ Empathy ကို အပြည့်အဝရတဲ့အတွက် အကောင်းဆုံးသော Workplace Benefitတစ်ခုအနေနဲ့ ခံစားရသလိုပါပဲ။

စေတနာအပြည့်နဲ့ ပြင်ဆင်ထားတဲ့ Stress-Relief Project တွေသာ ကိုယ့်လုပ်ငန်းခွင်မှာ တကယ်အကောင်အထည်ဖော်နိုင်ခဲ့ရင် ဝန်ထမ်းတွေ ဘယ်လောက်များ ဝမ်းသာလိမ့်မလဲ။

သူတို့ရဲ့ ဝမ်းသာစိတ်က လုပ်ငန်းခွင်တစ်ခုလုံးရဲ့ Energy ကို ဘယ်လောက်တောင် ပြောင်းလဲ ပေးနိုင်လိမ့်မလဲ။

မနက်ခင်းလေထုက ဝန်ထမ်းရဲ့ မျက်နှာမှာ အပြုံးတွေနဲ့ ပေါ့ပါးမှုနဲ့ စနိုင်လိမ့်လေမလား။

ဝန်ထမ်းတွေကို လူသားဆန်တဲ့ တန်ဖိုးထားမှုတွေ သိစေမလား။

အချင်းချင်း Support ပေးပြီး စိတ်ရှည်လာကြမလား။

Teamwork တွေ ပိုကောင်းလာမလား။

မပြောတတ်ဘူး... အကောင်းဆုံးတော့ ကြိုးစားကြည့်ရမှာပေါ့။

စိတ်ထဲမှာတော့ ဒီလိုမျိုး ဝန်ထမ်းတွေဘက်က ရပ်တည်ပြီး စဉ်းစားပေးတာနဲ့တင်ကို လမ်းတစ်ဝက် ရောက်နေပြီးသားပဲ။ ကျန်တဲ့လမ်းတစ်ဝက်ကတော့ လက်တွေ့တစ်ဆင့်ချင်းစီ တိုးကြည့်ရုံပါပဲ။

ခေတ်ဦးမေ

📌Ready-To-Use & Ready-To-Learn Groups
= https://www.facebook.com/khitoo.may.982/posts/pfbid0SoYckhWC56AEpdi9iqqVbWwptJVVRw2YjybcaBaL7r9nARVB2Q7WzegUDeErsuLSl
===> https://www.facebook.com/khitoo.may.982/posts/pfbid0SoYckhWC56AEpdi9iqqVbWwptJVVRw2YjybcaBaL7r9nARVB2Q7WzegUDeErsuLSl
🔔Learning with KOM Page
===> https://www.facebook.com/learningwithkom/
&performancemanagement

Photos from Learning With KOM's post 25/05/2026

🟠Vacancy Announcement🟠
📌Telegram Link ==> https://t.me/learningwithkom
Position - Senior Human Resources & Administration Officer
Organization - Trinity
Location- Yangon
Salary - Negotiate
Deadline - 02 Jun 2026

Photos from Learning With KOM's post 25/05/2026

🟠Vacancy Announcement🟠
📌Telegram Link ==> https://t.me/learningwithkom
Position - Administrative Officer
Organization - Lan Pya Kyel Association
Location- Lan Pya Kyel Headquarter
Salary - Negotiate
Deadline - 05 Jun 2026

Photos from Learning With KOM's post 25/05/2026

🟠Vacancy Announcement🟠
📌Telegram Link ==> https://t.me/learningwithkom
Position - Admin and Finance Officer
Organization - Myittasaytaman
Location- Mawlamyine Head Office, Mon State
Salary - Negotiate
Deadline - 02 Jun 2026

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00