December One-Online Shop

December One-Online Shop

Share

Photos from December One-Online Shop's post 25/02/2021

တာမွေက လူတွေ
1.ဖုန်းအားသေချာသွင်းထားပါ။
2.ဓာတ်မီးဆောင်ထားပါ။
3.သော့ကို သေချာ ခက်ထားပါ။
4.မီးပိတ်ထားပါ။
5.တံခါးလုံးဝ မဖွင့်ပေးပါနဲ့။
6.သော့ရိုက်ဖွင့်ပြီးဆိုတာနဲ့ မီးဖွင့်ပြီး live or video စရိုက်ပါတော့။
7.စစ်ကားအင်အား မနည်းပါဘူး။
8.လုပ်စရာတစ်ခုခုရှိတာသေချာတယ်။
9.သတိ သက်သေက videoပါဘဲ။

တာမွေ မဟုတ်‌သူတွေ တာမွေ သတင်း‌သေချာ စောင့်ပြီး record ယူပေးကြပါ

ကျေးဇူးပြု၍ သတိနဲ့နေကြပါ။
ငါတို့ မင်းတို့နဲ့ တူတူ ရှိနေမယ်။

အားလုံးဘေးကင်းကြပါစေ

23/02/2021

(အယ်ဒီတာ့အာဘော်) အာဏာသိမ်းစစ်အစိုးရလို့သုံးတာမမြင်ချင်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သို့ အိတ်ဖွင့်ပေးစာ
----
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခင်ဗျာ၊ အာဏာသိမ်းစစ်အစိုးရလို့သုံးရင် မီဒီယာတွေထုတ်ဝေခွင့်ပိတ်မယ်လို့ စစ်ကောင်စီက ပြောတဲ့သတင်းကြားသိရတော့ သတင်းစာဆရာကြီး ကြေးမုံဦးသောင်းရေးတဲ့ "ဘီလူးတို့ရွာ" ဆိုတဲ့စာအုပ်ထဲက " ဗိုလ်ချုပ်ကြီးနေဝင်း၏ ပထမဆုံးနှင့်နောက်ဆုံး သတင်းစာရှင်းလင်းပွဲ" ဆိုတဲ့အခန်းကို သတိရမိပါတယ်။ အဲဒီအခန်းအစက " အိမ်စောင့်အစိုးရတက်လာသောအခါတွင် ဗိုလ်တထောင်၊ ကြေးမုံနှင့် ရန်ကုန်သတင်းစာတိုကို အပြစ်ရှာပြီး ပိတ်လေသည်။ အယ်ဒီတာများကို ထောင်ဒဏ်ပေးပြီး သတင်းစာတိုက်များကို အစိုးရသိမ်းစေဟု စီရင်ချက်ချမှတ်၏။" လို့ ဆိုတာကိုး။ အခုလည်း သတင်းမီဒီယာတွေကို ပစ်မှတ်ထားလာပြန်ပြီလားလို့ တွေးမိရင်း အမှတ်ရမိတာပါ။

ဗိုလ်ချုပ်မှူးကြီးတို့က အာဏာထိန်းအစိုးရလို့သုံးစေချင်ပေမဲ့ ဟိုတစ်ချိန်တုံးမှာ ဝန်ကြီးချုပ်ဦးနုက ကာကွယ်ရေးဦးစီးချုပ် ဗိုလိချုပ်ကြီးနေဝင်းကိုအာဏာလွှဲသလို လွှဲခဲ့တာလည်းမဟုတ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်နဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်တွေအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကလည်း အရေအတွက်မနည်းလှပါဘူး။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မြန်မာပြည်တဝှမ်းက လူထုဆန္ဒပြပွဲတွေကို လိုက်ကြည့်လျှင်ဖြင့် Military coup (စစ်အာဏာသိမ်း) ဆိုသော စကားလုံးကို လှိုင်လှိုင်ချည်းတွေ့ရမှာဖြစ်ပါတယ်။ သတင်းစာဆိုတာ တကယ်ဖြစ်ပျက်နေတာတွေနဲ့ ထင်ဟပ်ရပါတယ်။ အဲဒီတော့ စစ်အာဏာသိမ်းတာကို မသိမ်းသလိုဖုံးကွယ်ပေးလို့မရပါဘူး။

ဒီထက်မကပြောရရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဦးဆောင်တာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်နေပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာ လူထုမဲနဲ့တက်လာတဲ့ ရွေးကောက်ခံသမ္မတ ဦးမင်းအောင်လှိုင်မဟုတ်တော့ စစ်အစိုးရလို့ပဲသတ်မှတ်ရတာ အထူးအဆန်း မဟုတ်လှပါဘူး။

လွတ်လပ်တဲ့သတင်းမီဒီယာဆိုတာ ဝါဒဖြန့်လက်နက်မဟုတ်တော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတဲ့ ရှည်လျားတဲ့စကားလုံးကိုချည်း တွင်တွင်သုံးနေမှာမဟုတ်ပါဘူး။ ဘယ်သူအာဏာရှိရှိ အာဏာပလ္လင်ပေါ်က လူတွေပြောတာပဲရေးသားထုတ်လွှင့်တဲ့ MRTV နဲ့ စစ်တပ်အကြီးအကဲတွေအလိုကျပုံဖော်တဲ့ မြဝတီချည်းပဲ ကြည့်နေလို့ကတော့ အမှန်တရားကိုမြင်ရမှာမဟုတ်ပါဘူး။

သမိုင်းတကျော့ပြန်တတ်တယ်လို့ဆိုကြပါတယ်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းတော့ ဗိုလ်ချုပ်ကြီးနေဝင်းက ဥပဒေနဲ့အညီအာဏာသိမ်းပါသည်တဲ့။ အခုလည်း စစ်ကောင်စီက ဥပဒေနဲ့အညီပါတဲ့။ တကယ်တော့ ဥပဒေကြောင်းအရကြည့်ရင်လည်း ဗိုလ်ချုပ်မှူးကြီးတို့ အာဏာရယူခဲ့တာဟာ တည်ဆဲအခြေခံဥပဒေအရ လုပ်ဆောင်ပါတယ်ဆိုတာ အဆုံးအဖြတ်ပေးတဲ့ သမာသမတ်ကျတဲ့ခုံရုံးဆုံးဖြတ်မှုလည်းမရှိတော့ စစ်ကောင်စီပြောသလိုလက်ခံဖို့တော့ အခက်အခဲရှိလှပါတယ်။ ဥပဒေကိုလေ့လာခဲ့ပါတယ်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ သမာသမတ်ကျကျ အမြင်နဲ့ကြည့်ရင် မြင်လွယ်ပါလိမ့်မယ်ခင်ဗျာ။ သေနတ်ပြောင်းဝမှာ ဥပဒေတွေဖြစ်တယ်လို့ ဆိုသူများအတွက်တော့ အဓိပ္ပါယ်နောက်တစ်မျိုး ထွက်နိုင်ပါတယ်။

ပြည်တွင်းသတင်းမီဒီယာတွေချည်း အာဏာသိမ်းစစ်အစိုးရလို့သုံးကြတာမဟုတ်ပါဘူး။ နိုင်ငံခြားသတင်းတွေလည်း လိုက်ကြည့်ပါခင်ဗျာ။ တညီတညွတ်တည်း အာဏာသိမ်းစစ်အစိုးရလို့ သတင်းတွေ၊ ဆောင်းပါးတွေ၊ သုံးသပ်ချက်တွေထဲ ထဲ့သုံးတာကိုတွေ့ရမှာဖြစ်ပါတယ်။

ဒါကို အာဏာနဲ့ အဓမ္မနည်းနဲ့ အာဏာသိမ်းစစ်အစိုးရရယ်လို့ မသုံးရဘူး၊ သုံးနှုံးရင် မီဒီယာတွေထုတ်ဝေခွင့်လိုင်စင်သိမ်းမယ်ဆိုပြန်တော့ ပြည်တွင်းမီဒီယာတွေအပေါ် နိုင်လိုမင်းထက် ပြုမူတာပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သတင်းမီဒီယာကောင်စီကို စတုတ္တမဏ္ဍိုင်ရယ်လို့အသိအမှတ်ပြုတယ်လို့ပြောတာကို သတိပြုမိပါတယ်။ တကယ်တော့ သတင်းမီဒီယာကို စတုတ္တမဏ္ဍိုင်ရယ်လို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးလုပ်လိုတဲ့ သတင်းမီဒီယာကောင်စီကို အသုံးချပြီး သတင်းစာတွေကို မိမိအလိုရှိရာ အသုံးတော်ခံဖို့ လုပ်ဆောင်မယ်ဆိုရင်တော့ စစ်ကောင်စီကနေ အခုလို သတင်းစာလွတ်လပ်ခွင့်တွေကို ချုပ်ခြယ်လာမယ့်အရေးမြင်လို့ သဘောမတူလို့ နှုတ်ထွက်သွားတဲ့ သတင်းမီဒီယာကောင်စီဝင်ဘယ်နှစ်ဦးရှိပြီလဲ၊ ဘယ်နှစ်ယောက်ပဲကျန်လဲဆိုတာကိုလည်း ပြန်ကြည့်စေချင်ပါတယ်။

ကြုံကြိုက်လု့ိပြောရရင် သတင်းစာအရေးအသားမှာ အမည်နာမအပြည့်အစုံကိုထပ်ကာထပ်ကာမရေးဘဲ အတိုကောက်တွေပါထဲ့သွင်းအသုံးပြုကြရတာ ဓလေ့တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း ဥပမာပေးရရင် နစ်ဖြူ နစ်နီဆိုတဲ့စကားလုံးတွေပေါ်လာတာမဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ပါးစပ်ကထွက်တာ ဥပဒေပဲဆိုပြီး အာဏာသိမ်းစစ်အစိုးရလို့မရေးစေချင်ရင်ဖြင့်တော့ အာဏာလု စစ်အစိုးရလို့ရေးဖို့အကြံပြုမှုတွေရှိနေပေမဲ့ မဇ္ဈိမအနေနဲ့ကတော့ အာဏာသိမ်းစစ်ကောင်စီ၊ စစ်ကောင်စီ၊ အာဏာသိမ်းစစ်အုပ်စု၊ စစ်အုပ်စု၊ စစ်အစိုးရ စသဖြင့် အလျဉ်းသင့်သလိုရေးသွားရမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားလိုက်ရပါတယ်ခင်ဗျာ။

21/02/2021

မနက်ဖြန်အပြင်ထွက်ရင် ကျွန်တော်တို့လုပ်သင့်တာလေးတွေ

၁-ဘုရားရှိခိုးမယ်
၂-သရဏဂုံတင်မယ်
၃-အဖေနဲ့အမေ မိဘကိုရှိခိုးမယ်
၄-အဖြူလက်ရှည်ဝတ်မယ်၊ဒူးစွပ်စွပ်မယ်၊ဘောင်းဘီရှည်ရှည်ဝတ်မယ်၊မက်စ်လုံလုံလောက်လောက်ယူမယ်၊နေပူခံဦးထုပ်ဆောင်းမယ်၊
၅-wet tissue ယူမယ်
၆-နေကာမျက်မှန်လေးယူမယ်
၇-မျက်နှာသုတ်ပုဝါအသေးယူမယ်
၈-လဲဖယ်လို့လွယ်မယ့်အဝတ်အစားတစုံယူမယ်
၉-ရေဗူးအသေးတဗူးယူမယ်
၁၀-ကျောပိုးအိတ်ထဲထည့်မယ်
၁၁-လက်နက်ကိုင်တွေကိုသတိထားမယ်
၁၂-ကိုယ့်အစုအဝေးလေးနဲ့ကိုယ်နေကြမယ်
၁၃-ဘေးဘီကကလေးတွေကိုသတိထားကြည့်ရှုပေးမယ်
၁၄-သွေးဆူစေမယ့်စကားပြောတဲ့သူတွေရှိမရှိ သတိထားစောင့်ကြည့်ပေးမယ်
၁၅-ရဲကားတွေနဲ့တည့်တိုးရင်ရှောင်ထွက်မယ်
၁၆-၅၀၀၀ တန်အုပ်စုနဲ့တည့်တိုးရင်ရှောင်ထွက်မယ်
၁၇-ညနေလိုအပ်တာထက်ပိုပြီးလမ်းပေါ်မှာမနေဘူး
၁၈-ညနေကို မိသားစုနဲ့ပြန်တွေ့တဲ့အထိ လုံလုံခြုံခြုံနေမယ်
၁၉-တန်ဖိုးမရှိတဲ့လူသားတွေနဲ့ ကျွန်တော်တို့အသက်တွေ လဲစရာအကြောင်းမရှိဘူး
အားလုံးဘေးအန္တရာယ်ကင်းကြပါစေ
🙏🏻🙏🏻🙏🏻🙏🏻🙏🏻

Credit

07/02/2021

မြန်မာကလူတွေနဲ့ အဆက်သွယ်ရရင် အင်တာနက်မရှိလို့ သေချာပေါက်ရေဒီယိုနားထောင်ပေးဖို့ပြောပါ။

အချိန်ရှိလို့ပြောပြနိုင်ရင် အောက်က radio ကိန်းညွှန်းတွေပါ။
RFA မနက်(၇-၈) KHZ 7540 Meters 40 K7510 M40 K9510 M32
ည(၇-၈) K9350 M32 K11795 M25 K15120 M20
ည(၈-၉) K9955 M30 K11795 M25 K12055 M25 K13740 M22
K9380 M32
VOA မနက်(၆-၇) K9380 M32 K7480 M40 K6150 M48
VOA မနက်(၈-၉) K15110 M20 K11820 M25 K9335 M32
ည(၉-၁၀) K15450 M19 K11870 M25 K9335 M32
ည(၁၀-၁၁) K11870 M25 K9335 M32
BBC ည (၈-၈၁၅) K7465 M41 K9560 M31 K11995 M25

ကူးယူဖော်ပြပေးပါ။

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


388/A. Ka Naung Min Thar Gyi Str, Shwe Pauk Kan Industrial Zone, North Okkalapa
Yangon

Opening Hours

Monday 10:00 - 20:00
Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 20:00