Shwe Taw Win

Shwe Taw Win

Share

Photos from Shwe Taw Win's post 18/04/2026

✅✅သူနာပြုအကူ သင်တန်းကို ဘယ်လိုလူတွေ တက်သင့်သလဲ?

✅✅အခြေခံ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောင့်မှုဆိုတာ လူတိုင်း သိထား၊တတ်ထားသင့်တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့် လူတိုင်း လေ့လာဖို့ မဖြစ်နိုင်တဲ့အတွက် အိမ်တစ်အိမ်မှာ ဒါမှမဟုတ် ဆွေမျိုးတစ်ခုမှာ အစရှိသဖြင့် သိထား၊တတ်ထားတဲ့ သူတွေရှိရင် ကျန်းမာရေးအသိ၊ သတိတွေပိုထားနိုင်ပါလိမ့်မယ်။ အစားအသောက် အနေအထိုင်ကစလို့ ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို ပိုပြီး သတိပြုလာနိုင်ပါတယ်။

✅✅ဒါဆို ကုသိုလ်လည်းရ၊ ဝင်ငွေလည်းရဖြစ်တဲ့ ဘာသာရပ်လေးတွက် ဘယ်သူတွေသိထား၊ တတ်ထားသင့်တာလဲ?

အိမ်မှာ အဖိုး၊ အဖွား၊ နာတာရှည်နေထိုင်မကောင်းသူ ကို ကျန်းမာရေးစောင့်ရှောင့်မှုပေးနေရသူတွေ

အချိန်အပိုင်း ကျန်းမာရေးစောင့်ရှောင့်မှု အလုပ်ကို စိတ်ပါဝင်စားသူတွေ
ဆေးရုံ၊ ဆေးခန်းတွေမှာ ကျန်းမာရေးစောင့်ရှောင့်အလုပ်ကို စိတ်ပါဝင်စားသူတွေ

ကျန်းမာရေးစောင့်ရှောင့်မှု နဲ့ ဆေးဝါးနှင့်ပတ်သက်သည့် ကိုယ်ပိုင်လုပ်ငန်း လိုပ်ကိုင်ဆောင်ရွက်ရန်စီစဥ်ထားသူတွေ

နိုင်ငံခြားမှာ ကျန်းမာရေးစောင့်ရှောင့်မှုနှင့် ပတ်သက်ပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်လိုသူတွေ တက်ရောက်သင့်ပါတယ်။

✅✅သင်တန်းပြီးသွားရင် အလုပ်အကိုင် အဆင်ပြေပါ့မလား?

ဒီမေးခွန်းကလည်း လူတိုင်းစိတ်ဝင်စားပြီး မေးသင့်တဲ့ မေးခွန်းဖြစ်ပါတယ်။ ယနေ့ကျွန်မတို့ဆီက လုပ်ငန်းခွင်လိုအပ်ချက်အရ ပြည်တွင်းမှာ လုပ်ကိုင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် အလုပ်ရနိုင်ခြေဟာ အင်မတန်မြင့်မားပါတယ်။ ဒ့ါအပြင် အလုပ်လုပ်ဖို့ စိတ်ပါဝင်စားသူတွေအတွက် ကျန်းမာရေးစောင့်ရှောင့်မှုနှင့် ပတ်သက်ပြီး ဆေးရုံ၊ ဆေးခန်းတွေမှာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ချိတ်ဆက် ကူညီဆောင်ရွက်ပေးတာမျိုးတွေလည်း သင်တန်းအနေနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါတယ်။

✅✅ဘယ်သူတွေ သင်ပေးမှာလဲ?

သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင် ဘာသာရပ်များအတွက် JCI လက်မှတ်ရ နိုင်ငံတကာဆေးရုံကြီးတွေမှာ အချိန်ကြာမြင့်စွာ လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံများစွာရှိထားသလို လက်ရှိလည်း ပြည်တွင်းရှိ ဆေးရုံကြီးများတွင် လုပ်ကိုင်လျက်ရှိသည့် သူနာပြုဆရာမကြီးများမှ သင်ကြားပေးမှာဖြစ်ပါတယ်။

ဘယ်လုပ်ငန်းခွင်နယ်ပယ်မှာဆို ဘာသာရပ်တစ်ခုတည်းကို တတ်သိနားလည်ထားရုံနဲ့ မလုံလောက်တော့ပါဘူး။ ဒီ့အတွက်ကြောင့် လုပ်ငန်းခွင်အတွင်း ပေါင်းသင်းဆက်ဆံရေးနှင့် လူနာများနှင့် ပြောဆိုဆက်သည့်အခါတိုင်း လူနာတွေ စိတ်ချမ်းသာမှုရဖို့နှင့် လုပ်ငန်းခွင်အောင်မြင်မှုအတွက် Communication Skills ဘာသာရပ်ကိုလည်း နိုင်ငံတကာအတွေ့အကြုံရှိသည့် ဆရာများမှ သင်ကြားပေးမှာဖြစ်ပါတယ်။

✅✅ဒီလိုအကြောင်းအရာတွေကို သင်ကြားချင်တယ်ဆိုရင် ကျွန်မတို့ ရွှေတော်ဝင် သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်အကူ သင်တန်းကျောင်းလေးကနေ လာမယ့် မေလ (၁) ရက်နေ့မှာ သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်အကူ သင်တန်း တန်းခွဲသစ်လေးတွေ ဖွင့်ပါမယ်ဆိုတဲ့ အကြောင်းလေး သတင်းကောင်းပေးပါတယ်။

Photos from Shwe Taw Win's post 12/04/2026

မခမ်းနားပေမဲ့ နွေးထွေးပြီး ပျော်ရွှင်ရသော
ရွှေတော်ဝင်သင်္ကြန် 💛💦💛💦💛💦


#ပိတောက်ပန်း

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


မ၇မ်းကုန်း (၂) ၇ပ်ကွက်၊ ၇န်ကုန်
Yangon