Gem Jull
15/04/2026
ဒီနေ့တော့ လူတိုင်းကြားဖူးနေကျ "ပိုက်ဆံမရှိလည်း ပျော်အောင်နေလို့ ရပါတယ်" ဆိုတဲ့ စိတ်ကူးယဉ် ပုံပြင်လေးအကြောင်း ပြောပါရစေ။
ပြောရရင်... အဲ့ဒီစကားကို ပြောတဲ့သူ အများစုက မရှိလို့ ပြောနေကြတာပါ။ တကယ်တမ်း အရေးအကြောင်း ကြုံလာရင် အဲဒီလူတွေက ပိုက်ဆံကို အတောင့်တဆုံး ဖြစ်နေတတ်ပါတယ်။
ပိုက်ဆံကို ဘုရားသခင်လို ကိုးကွယ်စရာ မလိုပါဘူး။ ဒါပေမဲ့ "လေ" (Oxygen) လိုတော့ သဘောထားရပါမယ်။
ကျွန်မတို့က လေရှူဖို့သက်သက် လူဖြစ်လာတာ မဟုတ်ပေမဲ့... လေပြတ်သွားရင်တော့ သေမှာပါပဲ။ ပိုက်ဆံဆိုတာလည်း အဲ့ဒီအတိုင်းပါပဲ။
ဘဝရဲ့ ပန်းတိုင် မဟုတ်ပေမဲ့... ပန်းတိုင်ရောက်ဖို့ မရှိမဖြစ် လိုအပ်တဲ့ "လောင်စာ" ပါ။
ဒါက လက်တွေ့ဘဝပါ။ ရှင် အရမ်းချစ်ရတဲ့ မိဘ၊ သားသမီး၊ ဇနီးမယား တစ်ယောက်ယောက် နေမကောင်းဖြစ်ပြီး ဆေးရုံတင်ရပြီ ဆိုပါစို့။
ဆရာဝန်က "ခွဲစိတ်ဖို့ သိန်း ၅၀ လိုမယ်" လို့ ပြောတဲ့အခါ... ရှင့်ရဲ့ "မေတ္တာတရား" နဲ့ ကောင်တာမှာ ပိုက်ဆံသွားရှင်းလို့ ရမလား?
ရှင့်ရဲ့ "ရိုးသားမှု" ကို ပေါင်လို့ ရမလား? မရဘူးနော်။ အဲဒီအချိန်ကျမှ ပိုက်ဆံမရှိလို့ ချစ်ရတဲ့သူကို လက်လွှတ်လိုက်ရတဲ့ ခံစားချက်က "ငရဲ" ပါပဲ။
အဲဒီတော့မှ "ငွေမလိုပါဘူး" ဆိုတဲ့ စကားကို သွားပြောကြည့်... ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ် ပေါက်သွားလိမ့်မယ်။
တချို့က ပိုက်ဆံများရင် စိတ်ပြောင်းသွားတယ်လို့ ထင်ကြတယ်။ မှားပါတယ်။ ပိုက်ဆံက ရှင့်ရဲ့ မူလစိတ်ကို ချဲ့ကားပြလိုက်တာပါ။
ရှင်က လူကောင်းဆိုရင်... ပိုက်ဆံရှိလာတဲ့အခါ ပိုလှူမယ်၊ ပိုကူညီမယ်။ ရှင်က လူယုတ်မာဆိုရင်... ပိုက်ဆံရှိလာတဲ့အခါ ပိုယုတ်မာမယ်၊ ပိုအနိုင်ကျင့်မယ်။
ဒါကြောင့် ပိုက်ဆံများမှာကို မကြောက်ပါနဲ့၊ ကိုယ့်စိတ်ဓာတ် မကောင်းမှာကိုပဲ ကြောက်ပါ။
နောက်တစ်ခုက ပိုက်ဆံရှိမှ "ရွေးချယ်ခွင့်" ရှိမှာပါ။ အလုပ်ရှင်က ဆဲဆိုငေါက်ငမ်းနေတာကို ဘာလို့ သည်းခံနေရတာလဲ? လစာလိုချင်လို့ မဟုတ်လား။
ကိုယ့်မိသားစုကို ကောင်းကောင်းမထားနိုင်တာ ဘာလို့လဲ? ပိုက်ဆံမလောက်လို့ မဟုတ်လား။ ပိုက်ဆံရှိလာတဲ့နေ့ကျရင်... ရှင် မလုပ်ချင်တဲ့အလုပ်ကို "No" လို့ ပြောရဲလာမယ်။
ရှင် နေချင်တဲ့ ဘဝပုံစံကို "Yes" လို့ ပြောနိုင်လာမယ်။ အဲဒီ "လွတ်လပ်ခွင့်" ကို လိုချင်ရင် ပိုက်ဆံရှာကြပါ။
ဒါကြောင့် "ပိုက်ဆံရှာရတာ ပင်ပန်းလိုက်တာ" လို့ မညည်းပါနဲ့။ ဆင်းရဲရတာက ပိုပင်ပန်းပါတယ်။
အထူးသဖြင့် အသက်ကြီးလာမှ ဆင်းရဲတာက ပိုဆိုးပါတယ်။ "ငွေမလိုပါဘူး" ဆိုတဲ့ အိပ်မက်တွေထဲက နိုးထပြီး၊ ရိုးရိုးသားသား ကြိုးစားပါ၊ ရဲရဲရင့်ရင့် ရှာဖွေပါ။
အိမ်မှာ ထမင်းအိုးတည်တဲ့အခါ "မေတ္တာ" ထည့်ချက်လို့ မရပါဘူး... "ဆန်" ထည့်ချက်မှ ရတာပါရှင်။
မင်္ဂလာပါ
မွေး ပုလဲအစစ်
1ဆက်စာ 120000
မှာယူလိုပါက အမည် .......... ဖုန်း .......... လိပ်စာ .......... ပစ္စည်းအမျိူးအမည် အရေအတွက် ပေးပို့မှာယူနိုင်ပါတယ်ရှင့် ။ အမြန်ဆုံး မှာယူလိုပါက..... 09696956636 ဆက်သွယ်ပေးပါရှင်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon