Bottle Babies

Bottle Babies

Share

28/12/2021

Whisky သောက်နည်း အမှန်

၁။ ဘယ်တော့မှ အသားနဲ့မမြည်းရ

၂။ အသီး သို့ ချိစ့် နဲ့သာမြည်းပါ

၃။ ရေမရောရ၊ coke မရောရ၊ ရေခဲ၂ခဲ ၃ခဲ သာထည့် မွှေပါ

၄။ ဘယ်တော့မှ ၂ ပတ် ၃ပတ်ထက် မပိုစေနဲ့

၅။ မသောက်ခင် အနံ့ရူကြည့်ပါ အစစ်သည် အရက်ပြန်နံ့မထွက် လက်ဖဝါးပေါ် ခွက်ကိုတင်ပြီး ရေခဲပျော်အောင် အနည်းငယ်လူပ်ပါ လက်ဖဝါးအပူချိန် နှင့် ရေခဲအပျော် အနံအထွက် ကောင်းစွာ ရူရိုက်ပါ

၆။ တန်းမသောက်ပါနဲ့ အာထိရုံ အနည်းငယ်ကို လျှာပေါ်တင်ပါ နှုတ်ခမ်းပတ်လည်လျှာနဲ့ တို့ အရသာခံပါ အနံ့အရသာခံကြည့်ပါက Whisky အမျိုးအစားချင်း အရမ်းကွာခြားပါသည်
ဖြေးဖြေးချင်း အရသာခံသောက်ပါ

ထိုနည်းအတိုင်း ကျင့်သုံးပါက ကျန်းမာရေးကို ဆိုးဝါးစွာ မထိခိုက်စေပါ။

Credit to Zar Ni Zin

Photos from Bottle Babies's post 12/09/2021

ဒီနေ့တော့ Whiskey စသောက်မဲ့သူတွေအတွက် smooth and easy ဖြစ်စေမယ့် Whiskey လေးတစ်မျိုးကိုပြောပြပေးချင်ပါတယ်။

သူကတော့ Irish Whiskey အမျိုးအစားဖြစ်ပြီး YouTube က whiskey review တွေမှာလည်း အကြိုက်များကြပါတယ်။ နာမည်ကတော့ JAMESON (Black Barrel) ပါပဲ။ မြန်မာနိုင်ငံမှာတော့ ရှာရအနည်းငယ်ခက်ပါလိမ့်မယ်။ စျေးအနေနဲ့က 65000 လောက်တော့ရှိပါတယ်။

JAMESON (Black Barrel) နဲ့ပတ်သက်ပြီး ပထမဆုံးပြောချင်တာကတော့ သူ့ကို Neat သောက်တာ အကောင်းဆုံးပါပဲ။ ရေခဲထည့်ချင်တောင်မှ တစ်တုံးလောက်ဆိုရင် ရပါပြီ။ ကျနော့်အနေနဲ့ပြောရရင် Whiskey စသောက်ကြည့်မယ့် မိန်းကလေးတွေ အတွက်ပါ ဝယ်သင့်တဲ့ပုလင်းလေးပါပဲ။ ကျနော် အရင်ကသောက်နေတဲ့ Bourbon လို့ခေါ်ကြတဲ့ American Whiskey တွေထက် ပိုပြီး smooth ဖြစ်တယ်လို့ ခံစားရပါတယ်။ သူ့ရဲ့အနံ့က Bourbon တွေလောက် sweet မဖြစ်ပေမယ့် အရသာက မထင်ရလောက်အောင် သောက်လို့ကောင်းပါတယ်။ Alcohol % က 40% ဖြစ်ပြီး သောက်တဲ့အခါ Alcohol အရသာကို သိပ်မရပါဘူး၊ မျိုချလိုက်တဲ့အခါမှာလည်း အာခေါင်မှာ နွေးသွားရုံလောက်ပါပဲ။

နောက်ထပ် သူ့ရဲ့ပုလင်းလေးနဲ့ ပတ်သက်ပြီး ကျနော့်အတွက် အမှတ်ရစရာလေးတစ်ခုပြောချင်ပါတယ်။ ပုလင်းမှာ ကပ်ထားတဲ့ Sticker ထဲက Black Barrel ဆိုတဲ့ စာလုံးလေးမှာ အမဲရောင်လေးတွေ ညစ်ပေနေတာကို တွေ့ရမှာပါ။ အဲ့ဒါက သူ့ရဲ့နာမည်နဲ့လိုက်အောင် Style တစ်ခုအနေနဲ့လုပ်ထားတာပါ။ ဘူးခွံမှာလည်း ပေနေတဲ့နေရာတွေရှိပါတယ်။ အစကတော့ ကျနော်လည်း ဘယ်လိုညစ်ပေနေမှန်းမသိ အူကြောင်ကြောင်ဖြစ်လိုက်ပါသေးတယ် 😅

Irish Whiskey တွေက beginner တွေအတွက် စသောက်ဖို့ ကောင်းတာကြောင့် ဒီပုလင်းလေးကို အလင်းပေးလိုက်ပါတယ်။ အကယ်၍များ သူ့ကို 65000 လောက်မသုံးချင်ရင်တော့ JAMESON original ပုလင်းလေးကိုသာ 30000 လောက်နဲ့ဝယ်သောက်ကြည့်ကြပါဗျ 🍾✨

- Photo Credit :

10/09/2021

Whisky ပုလင်းတွေက သက်တမ်းကုန်ဆုံးတတ်လား?

ကျနော်လေ့လာမိသလောက်ပြောရရင် ပုလင်းမဖွင့်ရသေးတဲ့ Whisky ဟာ တစ်သက်လုံးသိမ်းထားလို့ရနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ပုလင်းကို ဘယ်လိုသိမ်းထားလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်ပါတယ်။

Whisky ပုလင်းတွေကို ထိန်းသိမ်းတဲ့အခါမှာ အခြေခံအားဖြင့် အလင်းရောင်၊ အပူချိန်၊ လေထု၊ စိုထိုင်းစ တွေကို ဂရုစိုက်ရပါမယ်ဗျ။ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တဲ့နေရာ၊ စိုထိုင်းထိုင်းဖြစ်တဲ့နေရာတွေကို ရှောင်ရပါမယ်။ ခြောက်သွေ့ပြီး အေးမြတဲ့နေရာမှာ ပုလင်းကိုထောင်ပြီး သိမ်းထားတာ အကောင်းဆုံးပါပဲ။

Whisky ကလည်းတစ်ခြားအရက်တွေလို စည်ထဲမှာထားတာကြာလေ ပိုကောင်းမွန်လာလေပါပဲ။ ဒါပေမယ့် ပုလင်းထဲစရောက်တာနဲ့ Wine (ဝိုင်) လိုတော့ ထပ်ပြီးမပြောင်းလဲတော့ပါဘူး။ ပုလင်းထဲရောက်သွားတဲ့ Whisky အရသာဟာ နှစ်ပေါင်းဘယ်လောက်ကြာကြာ စည်ထဲကထုတ်ယူတုန်းက အရသာနဲ့တူတူပါပဲ။ 12 years Whisky ဟာ နောက်နှစ်ပေါင်း 100 မှ ပုလင်းဖွင့်လည်း 12 years Whisky ပါပဲ။

ကျနော်တို့ Whisky သောက်ဖို့ ပုလင်းအသစ်ကို ဖွင့်လိုက်ရင်တော့ အဲ့ဒီ Whisky ရဲ့အနံ့နဲ့အရသာဟာ အချိန်ကြာလာတာနှင့်အမျှ မသိမသာစပြီး လျှော့ကျလာတာပါ။ ပုလင်းဖောက်ထားတဲ့ Whisky ကို ၂ နှစ်အတွင်း ကုန်အောင်သောက်တာ အကောင်းဆုံးပါပဲ။ အဲ့ထက်ကြာသွားရင် အန္တရာယ်မဖြစ်နိုင်ပေမယ့် အနံ့အရသာတော့ လျော့နည်းသွားနိုင်ပါတယ်။ အဓိက အချက်ကတော့ လေ ကြောင့်ပါပဲ။ ပုလင်းထဲက Whisky လျော့သွားတာနဲ့အမျှ လေတွေပိုခိုအောင်းလာပြီး သူ့ရဲ့အနံ့အရသာကို လျော့ပါးစေတာပါ။ ကျနော် Chemically အရတော့ဆက်မရှင်းတော့ပါဘူး။ အဲ့ဒီတော့ Whisky ပုလင်းကို ကြိုက်လို့ပဲဖြစ်ဖြစ် ပြန်ရောင်းဖို့ပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာ သိမ်းဆည်းထားမယ်ဆိုရင် ပုလင်းအသစ်လေးကို သွားမဖောက်ပါနဲ့။

ကဲ...အခု Whisky ထိန်းသိမ်းနည်းလေး အကြမ်းအားဖြင့်နားလည်သွားပြီဆိုတော့ ကိုယ်ကြိုက်တဲ့ပုလင်းလေးတွေ စုတဲ့ဟာစု သောက်တဲ့ဟာသောက်ကြတာပေါ့ဗျာ 😁🥃🍾

- Photo Credit :

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00