Pharma Cos'
14/11/2020
ဆံသားအမျိုးမျိုးအတွက် အိမ်တွင်းပေါင်းတင်နည်းလေးတွေပါ ☺
Photo crd
03/11/2020
မျက်နှာကို ရေခဲပွတ်ခြင်းဖြင့်
ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်
မျက်နှာကို ကုသပုံ ကုသနည်း အမျိုးမျိုး ရှိသည့်အနက်မှ ဒီတစ်ခါ မှာတော့ ရေခဲဖြင့် ကုသနည်းလေးကို တင်ပြပေး လိုက်ပါတယ်
ဒီနည်းလေးဟာ လူတိုင်းလည်း အလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေလည်း များစွာ မကုန်စေတဲ့ နည်းလေးပင်ဖြစ်ပါတယ်
လိုအပ်တာ ကတော့ ရေခဲတုံးပင် ဖြစ်ပါတယ်
(၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ်
ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်း
အားဖြင့် သွေးလည်ပတ်မူကို အထောက် အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင် လာစေမှာ ဖြစ်ပါတယ်။
(၂) မျက်နှာပေါ်မှ အရာများကို ဖယ်ရှားနိုင်ခြင်း
မျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်းကို သက်သာစေနိုင် ပါတယ်။
(၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ပါတယ်
ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့် ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေး အကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။
(၄) Toner အဖြင့်လည်း အသုံးပြုနိုင်ပါတယ်
မိတ်ကပ်များ မလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြင့်လည်း သုံးနိုင်ပါတယ်။
(၅) မိတ်ကပ်အစားသုံးနိုင်ပါတယ်
အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန် မရှိဘူး ဆိုရင် ရေခဲတုံးကို အဝတ်စဖြင့် ပတ်ပြီး မျက်နှာ တစ်ခုလုံး ပွတ်တိုက်နိုင်ပါတယ်။ ထိုအခါ မျက်နှာဟာ ကြည်
လင် လာပြီး သဘာဝ မျက်နှာ ပုံစံဖြစ်သွားနိုင်ပါတယ်။
(၆) ပါးရေနားရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်
နောက်ဆုံး အချက်ကတော့ ရေခဲတုံးဟာ ပါးရေနားရေတွန့်ခြင်းနှင့် မျက်နှာအရေး အကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီ အတွက်ကြောင့် ရေခဲတုံးကိုမျက်နှာ အသားအရည် အတွက် မရှိမဖြစ် အသုံးပြုနိုင်ရန် တင်ပြပေး လိုက်ပါတယ်။
28/10/2020
ဆံပင်ဖြူနေပြီလား
=============
အသက် ၃၀ ကျော်လာပြီဆိုတာနဲ့တချို့တွေမှာ ဆံပင်ဖြုတွေစထွက်ပါပြီ။ တချို့တွေကတော့ နောက်ကျတတ်ပါတယ်။ ဆံပင်ဖြူတာ ဇရာရဲ့ လက္ခဏာဆိုပေမယ့် အရွယ်သိပ်မကြီးသေးခင် ဆံပင်ဖြူတာကိုတော့ လူတွေက သိပ်မကြိုက်ကြပါဘူး။ အထူးသဖြင့် မြန်မာလူမျိုးတွေက ဆံပင်က အနက်ရောင်မို့ဆံပင်ဖြူတယ်ဆိုရင် သိပ်သိသာပါတယ်။
ဒါပေမဲ့ သိပ်တော့ စိတ်ဓာတ်မကျပါနဲ့။ ဆံပင်ဖြူတာကို ဆေးဆိုးပြီး ကြည့်ကောင်းအောင် လုပ်နိုင်သလို ရိုးရိုးရှင်းရှင်း အိမ်တွင်းနည်းလမ်းလေးတွေနဲ့လည်း ကာကွယ်လို့ရပါတယ်။ နည်းလေးတွေကလည်း မခက်သလို အလွယ်ရပြီး ဘေးဥပါဒ်လည်း ကင်းတဲ့နည်းလေးတွေမို့အနည်းဆုံးတော့ စမ်းကြည့်ဖို့သင့်ပါတယ်။
**** သံပုရာရည်နဲ့ဆီးဖြူသီး ****
ဆီးဖြူသီးကတော့ မြန်မာပြည်မှာ အလွယ်ရတဲ့အသီးပါ။ ဒီအသီးက ဆေးဖက်ဝင်တဲ့အသီးအဖြစ် အိန္ဒိယမှာ အလွန်အသုံးပြုကြပါတယ်။ အဝလွန်တာ၊ အစာအိမ်နဲ့ အရေပြားရောဂါတွေ ကုသဖို့သုံးကြပါတယ်။ ဆီးဖြူသီးကို အခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ဆီးဖြူသီးမှုန့်ကို သံပုရာရည်နဲ့ရောပြီး ဆံပင်ကိုလိမ်းရမှာပါ။ နှစ်ခွကွဲတဲ့ဆံပင်တွေကိုလည်း လိမ်းလို့ရပါတယ်။ ဒီလိုမျိုး တစ်နေ့ကို တစ်နာရီလောက်လိမ်း၊ နှိပ်နယ်ပေးပြီးမှ ခေါင်းလျှော်ပေးပါ။ နေ့တိုင်းလောက် ဂရုစိုက်လုပ်ပေးရင် မကြာခင် သိသာလာပါလိမ့်မယ်။
**** ကြက်သွန်နီအနှစ် ****
ကြက်သွန်နီကို ကြိတ်ထားတဲ့အနှစ်ဟာ မျက်စိကိုမွှန်စေပေမယ့် ဆံပင်ဖြူကိုတော့ ပြန်နက်လာစေနိုင်ပါတယ်။ လုပ်ရမှာကတော့ အလွယ်လေးပါ။ ကြက်သွန်နီအနှစ်ကို ဆံပင်တွေမှာနယ်ပြီး အခြောက်ခံရုံပါပဲ။ ပြီးမှ ခေါင်းလျှော်လိုက်ပါ။ တစ်ပတ်တစ်ခါလောက် လုပ်ကြည့်ပါ။ မထူးခြားဘူးဆိုရင်တော့ တစ်နေ့တစ်ခါ လုပ်ကြည့်ပါ။ တစ်ခု သတိထားရမှာက ကြက်သွန်နီဟာ အနံ့ပြင်းတာမို့ ခေါင်းလျှော်ရည်အနံ့ ကောင်းကောင်းနဲ့ ခေါင်းပြန်လျှော်ပေးပါ။
**** အုန်းဆီနဲ့သံပုရာရည် ****
ခေါင်းပေါ်မှာ ဆံပင်ဖြူပေါက်ရင် ယားလည်း ယားတတ်ပါတယ်။ ခေါင်းယားတာကိုလည်း ပျောက်ပြီး ဆံပင်ကိုလည်း ပြန်မည်းစေချင်ရင်တော့ သံပုရာရည်နဲ့အုန်းဆီကိုရောပြီး ဆံပင်တွေကိုနှိပ်နှယ်ပေးပါ။ ဒါက တကယ့်ကို ထိရောက်တဲ့ အိမ်တွင်းနည်းဖြစ်သလို တကယ်လည်း အကျိုးကျေးဇူးက သိသာပါတယ်။ ကိုယ်ကြိုက်တဲ့ အနေအထားရောက်တဲ့ အထိ နေ့တိုင်းလုပ်ပေးပါ။ ဒီနည်းက ဆံပင်ဖြူတွေကိုလည်း ပျောက်စေသလို ဆံပင်ကိုလည်း သန်စွမ်းကျန်းမာလှပစေပါတယ်။
**** မုန်လာဥနီဖျော်ရည် ****
မုန်လာဥနီဖျော်ရည်ဟာ အရသာလဘည်းရှိသလို ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ဆံပင်ဖြူ မပေါက်ချင်ရင် ဆံပင်မည်းတွေ ပြန်များလာစေချင်ရင် မုန်လာဥနီဖျော်ရည် တစ်ခွက်က်ို နေ့စဉ်သောက်ပေးပါ။ ဒီဖျော်ရည်က ဆံပင်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။ မုန်လာဥနီဖျော်ရည်ဟာ အိမ်မှာအလွယ်လုပ်လို့ ရပါတယ်။ ဒါကို ဆံပင်ကိုလိမ်းစရာမလိုပါဘူး။ နေ့စဉ်သောက်ရုံပါပဲ။ မုန်လာဥနီ နေ့စဉ်သောက်တာဟာ ဆံပင်အတွက်သာမကပဲ တစ်ကိုယ်လုံး ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ဘာဘေးထွက်ဆိုးကျိုးမှလည်း မရှိပါဘူး။
**** နှမ်းနဲ့အယ်လမွန်အစေ့ဆီ ****
နှမ်းကိုကြိတ်ပြီး အယ်လမွန်စေ့အဆီနဲ့လိမ်းတာကလည်း အနောက်တိုင်းက ဆံပင်ဖြူပျောက်ဆေးပါ။ နှမ်းစေ့ကတော့ မြန်မာပြည်မှာ အလွယ်ရပေမယ့် အယ်လမွန်စေ့အဆီကတော့ နည်းနည်းရှာဝယ်ရမှာပါ။ နှမ်းကိုကြိတ်ပြီး အယ်လမွန့်စေ့အဆီထဲ ထည့်လိမ်းရင် ဆံပင်ဖြူတာကို ကာကွယ်ပေးပါတယ်။ တစ်ခုသိထားရမှာက အယ်လမွန်ဆီထဲ ထည့်မယ့်နှမ်းကို ညက်အောင်ကြိတ်ဖို့ပါ။ ရေချိုးခါနီး နာရီဝက်လောက်အလိုမှာ ဆံပင်ကို ဒီအဆီနဲ့လိမ်းပြီး နာရီဝက်လောက် ထားပါ။ ပြီးရင်တော့ ခေါင်းလျှော်ပါ။ အိမ်တွင်းနည်းဆိုပေမယ့် အံမခန်းရလဒ်ကို ရပါလိမ့်မယ်။
အထက်က ဖော်ပြခဲ့တဲ့နည်းတွေဟာ အလွယ်တကူ အိမ်တွင်းကရတဲ့ ပစ္စည်းတွေနဲ့ဆံပင်ဖြူသက်သာပြီး ဆံပင်တွေ ကျန်းမာသန်းစွန်းအောင် လုပ်နည်းပါ။ အပန်းလည်း မကြီးသလို ဘေးလည်းကင်းပါတယ်။
ဒါတွေအပြင်တစ်နေ့ကို ရေ ၃ လီတာလောက် အနည်းဆုံးသောက်ပေးပါ။ ကိုယ်မှာ ရေဓာတ်ခန်းခြောက်မှုမရှိခြင်းက ဆံပင်တွေကို ကျန်းမာသန်စွမ်းစေလို့ဖြစ်ပါတယ်။ နောက်တစ်ခုက စိတ်ဖိစီးမှုပါ။ စိတ်ဖိစားမှုဟာ ဆံပင်ဖြူစေတဲ့ အကြောင်းတစ်ခုပါ။ ဒါကြောင့် ဆံပင်မဖြူချင်ရင် စိတ်ဖိစီးမှုက ကင်းအောင်နေပြီး ပျော်ပျော်နေဖို့ လိုတယ်ဆိုတာလည်း မမေ့သင့်ပါဘူး။
လင်းလင်း
ကိုးကား:
http://www.searchhomeremedy.com/best-home-remedies-for-white-hair/ .MreWhqIu.dpuf
Click here to claim your Sponsored Listing.
Category
Website
Address
(245) Kyaik Ka San Road, Tamwe Township
Yangon
11211