Saya Moe - Forward
အင်္ဂလိပ်စာမှာ ဝေါဟာရ ကြွယ်လေ ကောင်းလေပါပဲ။ ၂၀၁၁ ခုနစ်၊ ဖေဖော်ဝါရီလမှာ အင်္ဂလိပ်ဘာသာစကားမှာ စကားလုံး စုစုပေါင်း (၁,၀၀၈,၈၇၉) လုံး ရှိနေပါပြီ။ Global Language Monitor ဘာသာစကားလေ့လာစောင့်ကြည့်ရေးအဖွဲ့က မှတ်တမ်းတင်ထားတာပါ။ သူတို့အဖွဲ့ရဲ့ လေ့လာသုံးသပ်ချက်အရ တစ်ရက်ကို ဝေါဟာရ ၁၄.၇လုံး၊ ပျမ်းမျှအားဖြင့် ၁၅ လုံးခန့် တိုးပွားလျက်ရှိကြောင်းပြဆိုထားပါတယ်။ နောက်ပြီး Word Watch အဖွဲ့ရဲ့ လေ့လာမှုအရ အလုံးတစ်သန်းမြောက် ဝေါဟာရဟာ " web 2.0 " ဖြစ်သတဲ့ဗျာ။
ဒါဆိုရင် ဒီလောက်များမြောင်လှတဲ့ ဝေါဟာရတွေ ဘယ်လိုများလေ့လာမလဲ။ ဦးနှောက်ထဲ မှတ်မိအောင်ဘယ်လို ရိုက်သွင်းရမလဲဆိုတာ ပြဿနာတစ်ခုပါ။ ဒါပေသိ အနာသိ ဆေးရှိပါတယ်။ ပြဿနာဆိုတာ ရှိရင် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းဆိုတာတော့ ရှိစမြဲပါ။
အင်္ဂလိပ် ဘာသာစကားဟာ (Living Language) ဖြစ်လေတော့ ဝေါဟာရ အသစ်အဆန်းတွေ အစဉ်အမြဲတိုးပွားလျက်ပါ။ Native Speakers တွေလည်းပဲ ဒီဝေါဟာရ တစ်သန်းကျော်ကို အကုန်သိတယ်လို့ သင်ထင်ပါသလား။ သိအောင်ကြိုးစားနေကြတယ်လို့ရော သင်ထင်နေလား။ အဖြေကတော့ No ပါ။
သုတေသနစစ်တမ်းတစ်ခုအရ လုပ်ငန်းခွင်ထဲရောက်နေတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်တောင် သူ့ရဲ့လုပ်ငန်းခွင်မှာ အသုံးချနိုင်ဖို့နဲ့ ပြင်ပဗဟာသုတတွေ ရှာဖွေဖို့ အသုံးပြုကြတဲ့ ဝေါဟာရ အရေအတွက်ဟာ ပျမ်းမျှအားဖြင့် (၂၄၀၀၀) ပဲ ရှိပါသတဲ့။ အားလုံးထဲမှာ ထူးထူးကဲကဲ ဝေါဟာရတွေကို သိုမှီးထားနိုင်တဲ့ ပုဂ္ဂိုလ်နှစ်ဦးတော့ ရှိလေရဲ့။ ပထမတစ်ဦးကတော့ ဗြိတိသျှပြဇာတ်ရေးဆရာကြီး William Shakespeare ပါ။ သူကတော့ ဝေါဟာရစကားလုံးပေါင်း (၃၅၀၀၀) သိပါသတဲ့။
ဒုတိယ တစ်ဦးကတော့ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း Sir Winston Churchill ပါ။ သူကတော့ စကားလုံးပေါင်း (၆၀၀၀၀) လောက် သိပါသတဲ့ဗျာ။
ကဲ ဒါဆိုရင် မူလဌာန အင်္ဂလိပ်စကားပြောလူမျိုး (Native Speakers) မဟုတ်တဲ့ ကျွန်တော်တို့လို အင်္ဂလိပ်စာလေ့လာလိုက်စားနေတဲ့သူတွေ ဝေါဟာရစကားလုံးပေါင်း ဘယ်လောက်တတ်မြောက်အောင် လေ့လာထားသင့်လဲ၊ ဘယ်လောက်တတ်ထားရင် အလုပ်ဖြစ်နိုင်မလဲ ရိပ်စား ခန့်မှန်းလို့ ရနိုင်ပါရဲ့ဗျာ။
နောက်ရက်တွေမှာ ဝေါဟာရလေ့လာနည်းတွေကို ဆက်လက် ဆွေးနွေးတင်ပြသွားပါမည်။
ကျေးဇူးရှင်ဆရာကြီး ဦးအေးချစ် EEAC အား ဦးထိပ်ထားလျက် 🙏🙏🙏
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon