Canadian High School - CHS

Canadian High School - CHS

Share

04/03/2026

𝐌𝐨𝐫𝐞 𝐓𝐡𝐚𝐧 𝐉𝐮𝐬𝐭 𝐚 𝐒𝐜𝐡𝐨𝐨𝐥, 𝐈𝐭'𝐬 𝐘𝐨𝐮𝐫 𝐃𝐚𝐲! 𝐊𝐁𝐓𝐂 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬’ 𝐃𝐚𝐲! 🤩

အမှတ်တရတွေဖန်တီးပြီး ပျော်စရာအချိန်တွေ၊ သူငယ်ချင်းကောင်းတွေနဲ့ အကောင်းဆုံး စုဝေးမယ့် (𝟑)ကြိမ်မြောက် 𝐊𝐁𝐓𝐂 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬’ 𝐃𝐚𝐲 ပွဲကြီးကို ပါဝင်ဆင်နွှဲကြဖို့ 𝐑𝐞𝐚𝐝𝐲 ဖြစ်နေကြပြီလား ❔

နိုင်ငံကျော်အနုပညာရှင်များရဲ့ ဖျော်ဖြေမှုအစီအစဥ်တွေ၊ ကျောင်းသား၊ ကျောင်းသူတို့ရဲ့ ကိုယ်ပိုင် 𝐓𝐚𝐥𝐞𝐧𝐭 တွေကို ချပြခွင့်ရမယ့် အစီအစဥ်တွေ၊ အားလုံးစိတ်ဝင်စားကြတဲ့ 𝐊𝐢𝐧𝐠 & 𝐐𝐮𝐞𝐞𝐧 ရွေးချယ်ပွဲကြီးတွေအပြင် အခြားသော အစီအစဥ်ကောင်းများစွာပါဝင်တဲ့ 𝐊𝐁𝐓𝐂 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬’ 𝐃𝐚𝐲 ပွဲကြီးကိုတော့ လာမယ့် မတ်လ ၂၃ ရက်( တနင်္လာ )နေ့ နဲ့ ၂၄ ရက် ( အင်္ဂါ )နေ့ တွေမှာ ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံကြီးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမှာပဲ ဖြစ်ပါတယ်။

ပါဝင်ဖျော်ဖြေသွားမယ့် အနုပညာရှင်တွေက ဘယ်သူတွေဖြစ်မလဲ၊ စိတ်ဝင်စားစရာ ဘယ်လို အစီအစဥ်ကောင်းတွေပါဝင်သွားဦးမလဲဆိုတာကို ထပ်မံတင်ဆက်ပေးသွားမှာဖြစ်လို့ 𝐊𝐁𝐓𝐂 ရဲ့ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 တွေမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် 🙆🏻‍♀️




#2026

23/02/2026

"သင့်ရဲ့ အိပ်မက် Career ကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံး အထက်တန်းကျောင်းကို ရှာနေပါသလား?"

အနာဂတ်ရဲ့ ခြေလှမ်းတိုင်းဟာ ဒီနေ့ မိမိရွေးချယ်လိုက်တဲ့ ပညာရေးလမ်းကြောင်းပေါ်မှာ မူတည်နေပါတယ်။ သင်က ဘာဖြစ်ချင်တာလဲ? အင်ဂျင်နီယာလား၊ ဆရာဝန်လား၊ စီးပွားရေးလုပ်ငန်းရှင်လား ဒါမှမဟုတ် တီထွင်ဖန်တီးသူတစ်ယောက်လား?

ဘာပဲဖြစ်ချင်ဖြစ်ချင် သင့်ရဲ့ ပန်းတိုင်ဆီ အရောက်လှမ်းဖို့ မှန်ကန်တဲ့ "အုတ်မြစ်" က အထက်တန်းကျောင်းကနေပဲ စတင်ပါတယ်။

𝐂𝐚𝐧𝐚𝐝𝐢𝐚𝐧 𝐇𝐢𝐠𝐡 𝐒𝐜𝐡𝐨𝐨𝐥 မှာ ဘာတွေရှိမလဲ?

🎓 𝐈𝐆𝐂𝐒𝐄 (𝐏𝐞𝐚𝐫𝐬𝐨𝐧 𝐄𝐝𝐞𝐱𝐜𝐞𝐥)
🎓𝐈𝐆𝐂𝐒𝐄 (𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞)
🎓𝐏𝐫𝐞-𝐈𝐆𝐂𝐒𝐄 (𝐎𝐧𝐥𝐢𝐧𝐞/𝐂𝐚𝐦𝐩𝐮𝐬)
🎓𝐆𝐄𝐃 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧
🎓𝐆𝐄𝐃 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐥𝐚𝐬𝐬
🎓𝐎𝐒𝐒𝐃

💠 𝐏𝐫𝐞 𝐈𝐆𝐂𝐒𝐄, 𝐈𝐆𝐂𝐒𝐄 𝐂𝐥𝐚𝐬𝐬 (𝐏𝐞𝐚𝐫𝐬𝐨𝐧၊ 𝐄𝐝𝐞𝐱𝐜𝐞𝐥၊𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞) ဆိုတာကတော့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐨𝐟 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ဖြစ်ပါတယ်။ UK ပညာရေးစနစ်ကို အခြေခံထားတာဖြစ်ပြီး International ဆိုတဲ့စကားလုံးပါဝင်တဲ့အတွက် ကမ္ဘာတဝှမ်းက အသိမှတ်ပြုတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။

စနစ်သစ် ၉ တန်း (စနစ်ဟောင်း ၈ တန်း) အောင်မြင်ပြီးသား ကျောင်းသား/ကျောင်းသူများ အနေနဲ့ 𝐏𝐫𝐞–𝐈𝐆𝐂𝐒𝐄 အတန်း ကိုတက်ရောက်နိုင်ပြီး စနစ်သစ် ၁၀ တန်း (စနစ်ဟောင်း ၉ တန်း) အောင်ထားသော ကျောင်းသား/သူ များ အနေနဲ့ 𝐈𝐆𝐂𝐒𝐄 အတန်းများ ကို စတင်တက်ရောက်နိုင်ပါပြီ။

💠 𝐆𝐄𝐃 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 (𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭)ဆိုတာကတော့ စာမေးပွဲကို ဖြေဆိုနိုင်ဖို့အတွက် အခြေခံဗဟုသုတတွေကို ပြန်လည်တည်ဆောက်ပေးတဲ့ ကြိုတင်ပြင်ဆင်ရေး သင်တန်းအဆင့် ကိုဆိုလိုပါတယ်။ Grade 8/9 or Secondary 1/2 နှင့် Pre-IGCSE သင်ကြားဖူးသူများ တက်ရောက်နိုင်ပါတယ်။

💠 𝐆𝐄𝐃 (𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐥𝐚𝐬𝐬)ကို 𝐈𝐆𝐂𝐒𝐄 “𝐎” 𝐋𝐞𝐯𝐞𝐥 ဖြေဆိုထားသူများ၊ Grade 10/11 အောင်မြင်ပြီးသူများ တက်ရောက်နိုင်ပါသည်။ 𝐆𝐄𝐃 𝐑𝐞𝐚𝐝𝐲+𝐑𝐞𝐚𝐥 𝐓𝐞𝐬𝐭 များကို ဖြေဆိုဖို့ အသင့်ဖြစ်စေရန်ဆရာ/ဆရာမများမှ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

📌 နိုင်ငံတကာအသိအမှတ်ပြု သင်ရိုးကို သင်ကြားပြသပေးနိုင်မဲ့ အတွေ့အကြုံပြည့်ဝတဲ့ ပါရဂူဘွဲ့ရ ဆရာ/ဆရာမတွေနှင့် 𝐂𝐚𝐧𝐚𝐝𝐢𝐚𝐧 𝐇𝐢𝐠𝐡 𝐒𝐜𝐡𝐨𝐨𝐥 မှာ စနစ်တကျ သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။

💠 𝐎𝐒𝐒𝐃 ဆိုတာကတော့ 𝐎𝐧𝐭𝐚𝐫𝐢𝐨 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝐒𝐜𝐡𝐨𝐨𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 ဖြစ်ပြီး Canada နိုင်ငံ Ontario ပြည်နယ်မှ အထက်တန်းပညာရေး (၁၂ တန်း) ပြီးဆုံးတဲ့ ကျောင်းသား/ကျောင်းသူများကို ပေးအပ်ချီးမြှင့်တဲ့ Diploma လက်မှတ်တစ်ခုဖြစ်ပါတယ်။

သင့်အိပ်မက်က သေးငယ်တယ်လို့ ဘယ်တော့မှ မထင်ပါနဲ့။ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ပေးနိုင်မယ့် "မှန်ကန်တဲ့ ပတ်ဝန်းကျင်" ကိုသာ ရှာဖွေဖို့ ကြိုးစားပါ။

11/02/2026

Canadian High School ကျောင်းပိတ်ရက်နှင့် ရုံးပိတ်ရက် ကြေငြာခြင်း 🗓️

ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှ (၁၇)ရက်နေ့အထိသည် Canadian High School ၏ ကျောင်းပိတ်ရက်နှင့် ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားပါသဖြင့် ဖုန်းခေါ်ဆိုမှုများနှင့် အွန်လိုင်းမှ စာဖြေဆိုမှုများကို ရုံးပြန်ဖွင့်မည့်ရက်များမှ ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Photos from Canadian High School - CHS's post 05/02/2026

🎉 "𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐭𝐨 𝐎𝐮𝐫 𝐎𝐒𝐒𝐃 𝐂𝐥𝐚𝐬𝐬 𝐨𝐟 𝟐𝟎𝟐𝟓 𝐓𝐨𝐩 𝐀𝐜𝐡𝐢𝐞𝐯𝐞𝐫𝐬!" 🎉

𝐂𝐚𝐧𝐚𝐝𝐢𝐚𝐧 𝐇𝐢𝐠𝐡 𝐒𝐜𝐡𝐨𝐨𝐥 တွင်တက်ရောက်ပြီး OSSD (Ontario Secondary School Diploma) Grade 12 ကိုထူးချွန်ထက်မြက်စွာ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက်အထူးပဲ ဂုဏ်ယူမိပါတယ်။ 🎓

ကနေဒါနိုင်ငံရဲ့ အဆင့်မြင့်ပညာရေးစံနှုန်းတစ်ခုဖြစ်တဲ့ OSSD လက်မှတ်ကို ကိုယ်စီရရှိခဲ့ကြတဲ့ ဒီကျောင်းသားတွေဟာ သူတို့ရဲ့ ကြိုးစားအားထုတ်မှု၊ စိတ်ဓာတ်ခိုင်မာမှုတွေနဲ့အတူ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တွေဆီ တက်လှမ်းဖို့ အသင့်ဖြစ်နေကြပါပြီ။

ကြိုးစားမှုတွေက အသီးအပွင့်တွေ ဖြစ်ထွန်းလာသလို၊ CHS ကနေ သင်ကြားပေးလိုက်တဲ့ Foundation တွေကလည်း အနာဂတ်အတွက် အထောက်အကူကောင်းတွေ ဖြစ်မှာ အသေအချာပါပဲ။ အောင်မြင်မှုတွေဟာ ဒီမှာတင် ရပ်တန့်မသွားဘဲ ရှေ့ဆက်မယ့် ခရီးစဉ်တိုင်းမှာလည်း ထူးချွန်ထက်မြက်သူတွေအဖြစ် မြင်တွေ့ရဖို့ CHS မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

31/01/2026

𝐇𝐞𝐥𝐥𝐨 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲! 🌸

ဒီလထဲမှာ မိမိဖြစ်ချင်တဲ့ ဆန္ဒလေးတွေ အကုန်လုံး အကောင်အထည်ဖော်နိုင်ပြီး ပျော်ရွှင်စရာ ဖေဖော်ဝါရီလလေး ဖြစ်ပါစေလို့ 𝐊𝐁𝐓𝐂 မိသားစုက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

23/01/2026

𝐒𝐡𝐞𝐟𝐟𝐢𝐞𝐥𝐝 တက္ကသိုလ်ကို ကျောင်းသွားတက်မယ့် မြန်မာကျောင်းသားတွေအတွက် သိထားသင့်တဲ့အချက်များ📝

✔ 𝐒𝐡𝐞𝐟𝐟𝐢𝐞𝐥𝐝 မြို့အကြောင်း သိကောင်းစရာ

𝐒𝐡𝐞𝐟𝐟𝐢𝐞𝐥𝐝 ဟာ ဥရောပမှာ သစ်ပင်အများဆုံးမြို့တွေထဲက တစ်ခုဖြစ်ပြီး Peak District National Park နဲ့ အရမ်းနီးပါတယ်။ သဘာဝပတ်ဝန်းကျင် ကြိုက်သူတွေအတွက် အဆင်ပြေဆုံးနေရာတစ်ခုလဲဖြစ်ပါတယ်။ London ဒါမှမဟုတ် တခြားမြို့ကြီးတွေနဲ့ ယှဉ်ရင် နေထိုင်စရိတ် (Accommodation & Food) ပိုသက်သာပါတယ်။ ကျောင်းသားမြို့တော်ဖြစ်လို့ Discount တွေ အများကြီးရတတ်ပြီး ကုန်းတက်ကုန်းဆင်း အရမ်းများတဲ့မြို့တစ်မြို့လဲဖြစ်ပါတယ်။ ဒါကြောင့် လမ်းလျှောက်ဖို့ အဆင်ပြေတဲ့ ဖိနပ်ကောင်းကောင်း တစ်ရံကတော့ မရှိမဖြစ်လိုအပ်ပါတယ်။

✔နိုင်ငံတကာကျောင်းသားတစ်ယောက်အနေနဲ့ ပြင်ဆင်ရန်

Student Visa (Student Route) ဗီဇာလျှောက်ဖို့အတွက်ဆိုရင် CAS (Confirmation of Acceptance for Studies) နံပါတ်ရဖို့ အရေးကြီးပါတယ်။ ကျောင်းလခ (Deposit) ပေးသွင်းပြီးမှ CAS ရမှာ ဖြစ်ပါတယ်။Sheffield က များသောအားဖြင့် IELTS (Academic) ကို လက်ခံပါတယ်။ ဒါပေမယ့် ပေါင် ၅,၀၀၀ ကနေ ၁၀,၀၀၀ အထိ ပေးတဲ့ Scholarships တွေ (ဥပမာ- International Undergraduate Merit Scholarship) ရှိတတ်လို့ စောစောလျှောက်ကြဖို့ အကြံပေးပါတယ်။ဗီဇာလျှောက်ရာတွင်လည်း ကျန်းမာရေးအာမခံကြေး (Immigration Health Surcharge) ပေးထားရလို့ UK ရောက်ရင် NHS ဆေးကုသခွင့် အခမဲ့ရမှာ ဖြစ်ပါတယ်။

✔ကျောင်းတွင်း အခွင့်အလမ်းများ

Sheffield ရဲ့ SU ( Number 1 Students' Union )ဟာ UK မှာ နံပါတ် (၁) ဖြစ်တာ ၁၀ စုနှစ်တစ်ခုမကပါဘူး။ အဲဒီမှာဆိုရင် Clubs နဲ့ Societies ပေါင်း ၃၅၀ ကျော်ရှိပါတယ်။ မြန်မာကျောင်းသားတွေအနေနဲ့ ကိုယ်ဝါသနာပါရာ Society မှာ ဝင်ထားရင် အပေါင်းအသင်းအသစ်တွေ အများကြီးရနိုင်ပါတယ်။ကျောင်းသားတွေကို Part-time အလုပ်ရှာပေးတာ၊ CV ပြင်ပေးတာနဲ့ Interview လေ့ကျင့်ပေးတဲ့ Student Jobshop အများအပြားရှိပြီး စာသင်ရတာ အခက်အခဲရှိရင်ဖြစ်ဖြစ်၊ စိတ်ဖိစီးမှုရှိရင်ဖြစ်ဖြစ် အခမဲ့တိုင်ပင်လို့ရတဲ့ Student Wellbeing Service တွေလည်းရှိပါတယ်။

✔နေထိုင်စားသောက်ရေး အကြံပြုချက်

ပထမနှစ် ကျောင်းသားတွေအတွက် ကျောင်းဝင်းထဲက (University-managed) အဆောင်တွေမှာ နေတာက ပိုလုံခြုံပြီး အဆင်ပြေစေပါတယ်။ The Village နဲ့ The City ဆိုပြီး ရွေးချယ်စရာ ရှိပါတယ်။ မြန်မာအစားအစာ ချက်စားဖို့အတွက် မြို့ထဲမှာ Oriental Supermarkets (ဥပမာ- KH Oriental) တွေရှိလို့ ဆန်၊ ငပိ၊ ငံပြာရည်ကအစ အကုန်ဝယ်လို့ရပါတယ်။Sheffield ရဲ့ ရာသီဥတုက ခန့်မှန်းရခက်ပြီး မိုးခဏခဏရွာတတ်ပါတယ်။ ကောင်းမွန်တဲ့ Raincoat/Waterproof Jacket တစ်ထည်က ထီးထက် ပိုအသုံးဝင်ပါတယ်။
________________________________________
➖အကြံပြုချက်

အခုမှ စတင်စုံစမ်းမယ့်သူတွေအတွက် ကျောင်းရဲ့ တရားဝင် Virtual Tour ကို အွန်လိုင်းကနေ အရင်ကြည့်ထားဖို့ တိုက်တွန်းသင့်ပါတယ်။

နောက်နောင်လဲ အခုလို စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးဦးမှာဖြစ်လို့ 𝐂𝐚𝐧𝐚𝐝𝐢𝐚𝐧 𝐇𝐢𝐠𝐡 𝐒𝐜𝐡𝐨𝐨𝐥 𝐅𝐛 𝐩𝐚𝐠𝐞 ကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ခဲ့ဖို့ မမေ့နဲ့နော်။ 🙆🏻🩷




# Sheffield

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


အမှတ် (၂၈၇) ၊ ပြည်လမ်း (မြေနီကုန်းမှတ်တိုင်အနီး) ၊ စမ်းချောင်းမြိို့နယ် ၊ ရန်ကုန်မြို့။
Yangon
11051