MMDoc
16/05/2026
🚨 အပျော်စီးသင်္ဘောပေါ်ကနေ စတင်တွေ့ရှိလာတဲ့ Hantavirus သတိပေးချက် 🚨
၂၀၂၆ ခုနှစ် မေလအစပိုင်းမှာ အပျော်စီးသင်္ဘောတစ်စီးပေါ်ရှိ ခရီးသည်အချို့တွင် Hantavirus ကူးစက်မှုတွေ တွေ့ရှိလာခဲ့ပြီး WHO နှင့် ECDC တို့က outbreak အခြေအနေကို အရေးပေါ် စောင့်ကြည့်နေပါတယ်။
🦠 Hantavirus ဆိုတာဘာလဲ?
Hantavirus ဟာ ပုံမှန်အားဖြင့် ကြွက်များနှင့် အချို့တိရစ္ဆာန်များမှ လူသို့ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် —
• ကြွက်ဆီး၊ ကြွက်မစင် အမှုန်များကို ရှူမိခြင်း
• ပိုးရှိသော အရာဝတ္ထုများကို ကိုင်တွယ်ပြီး မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိမိခြင်း
တို့မှတစ်ဆင့် ကူးစက်နိုင်ပါတယ်။
⚠️ ဘယ်သူတွေ ပိုသတိထားသင့်လဲ?
• လေဝင်လေထွက်မကောင်းသောနေရာများ သန့်ရှင်းရေးလုပ်သူများ
• ဂိုဒေါင်၊ သိုလှောင်ရုံများတွင် အလုပ်လုပ်သူများ
• စိုက်ခင်းလုပ်သားများ
• ကြွက်ပေါများသောနေရာများတွင် နေထိုင်သူများ
🤒 တွေ့ရနိုင်တဲ့ လက္ခဏာများ
• ဖျားခြင်း၊ ခေါင်းကိုက်ခြင်း
• ကြွက်သားများ နာကျင်ခြင်း
• အသက်ရှူရခက်ခြင်း၊ ချောင်းဆိုးခြင်း
• ပျို့အန်ခြင်း၊ ဗိုက်နာခြင်း
• မျက်လုံးနီခြင်း၊ အမြင်ဝေဝါးခြင်း
• အရေပြားပေါ် အနီစက်များထွက်ခြင်း
ပြင်းထန်လာပါက —
• အဆုတ်တွင် အရည်ပြည့်လာခြင်း
• သွေးပေါင်ကျခြင်း
• ကျောက်ကပ်နှင့် ကိုယ်တွင်းအင်္ဂါ ထိခိုက်ခြင်း တို့ ဖြစ်နိုင်ပါတယ်။
🛡️ ဘယ်လိုကာကွယ်မလဲ?
✔️ လက်ကို မကြာခဏ ဆပ်ပြာဖြင့်ဆေးကြောပါ
✔️ ကြွက်များ မခိုအောင်းနိုင်အောင် ပတ်ဝန်းကျင်သန့်ရှင်းထားပါ
✔️ လေဝင်လေထွက်မကောင်းသောနေရာများ သန့်ရှင်းရေးလုပ်ရာတွင် Mask တပ်ဆင်ပါ
✔️ ခရီးသွားပြီးနောက် ဖျားနာမှုရှိပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ပြသပါ
လက်ရှိအချိန်အထိ Hantavirus အတွက် တိတိကျကျကုသနိုင်သော ဆေးမရှိသေးသောကြောင့် ကြိုတင်ကာကွယ်ခြင်းနှင့် အချိန်မီ ဆေးကုသမှုခံယူခြင်းက အရေးကြီးပါတယ်။
28/04/2026
“Prevention is better than cure” ဆိုတဲ့အတိုင်း ရောဂါဖြစ်ပြီးမှ ကုသတာထက်
မဖြစ်အောင် ကြိုတင်ကာကွယ်ထားခြင်းက ပိုပြီး အရေးကြီးပါတယ်။
ကာကွယ်ဆေးထိုးခြင်းဟာ ကျွန်တော်တို့ရဲ့ကျန်းမာရေးကိုသာမက မိသားစုဝင်များ၊ ချစ်ရေသူများအားလုံးကိုပါ ရောဂါကြီးကြီးမားမားတွေမှ ကာကွယ်ပေးနိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။
💉 ကာကွယ်ဆေးရဲ့ အရေးပါမှု
• ရောဂါကြီးတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း
• ဆေးရုံတက်ရမှုနှုန်း လျှော့ချပေးနိုင်ခြင်း
• ရောဂါကူးစက်မှု လျှော့ချပေးနိုင်ခြင်း
မွေးကင်းစကတည်းက WHO နှင့် CDC မှ သတ်မှတ်ထားတဲ့အတိုင်း အချိန်မှန်ကာကွယ်ဆေးထိုးပေးခြင်းဟာ သူတို့ရဲ့ ကျန်းမာရေးအနာဂတ်အတွက် အရေးကြီးဆုံး လက်ဆောင်တစ်ခုပါ။
နေ့စဉ် လူမှုဘဝထဲမှာ ထိတွေ့မှုများတဲ့အတွက် ရာသီတုတ်ကွေး၊ အသည်းရောင်အသားဝါ၊ အဆုတ်ရောင်စတဲ့ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ရန် လိုအပ်တဲ့ ကာကွယ်ဆေးများကို ထိုးထားသင့်ပါတယ်။
ကာကွယ်ဆေးထိုးခြင်းဟာ ကိုယ့်ကိုယ်တင်မကဘဲ ကိုယ်ချစ်တဲ့သူတွေကိုပါ ကာကွယ်ပေးနေတာပါ။
📞Call us now: 𝟎𝟏 𝟒𝟕𝟎𝟎 𝟏𝟒𝟕, 09 767994386
📍Visit us at: 𝐒𝐡𝐨𝐩-𝟑𝟖(𝐀), 𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐁𝐨𝐮𝐥𝐞𝐯𝐚𝐫𝐝, 𝐊𝐚𝐛𝐚𝐫 𝐀𝐲𝐞 𝐏𝐚𝐠𝐨𝐝𝐚 𝐑𝐨𝐚𝐝, 𝐘𝐚𝐧𝐤𝐢𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ကျန်းမာရေး #ကာကွယ်ဆေး
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Shop 38 (A), The Central Boulevard, Kabaraye Pagoda Road, Yankin Township
Yangon
11081
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |
| Sunday | 09:00 - 20:00 |