Shimmer's Knowledge Sharing Page
22/07/2020
Hello! Shimmerဒီနေ့ကျောင်းသားကျောင်းသူတိုင်းရင်ဆိုင်ရတဲ့ပြဿနာတစ်ခုအကြောင်းပြောပြပါမယ်။ အဲဒါကတော့ စာလုပ်တဲ့အချိန်ဖုန်းခဏခဏကိုင်မိခြင်းဖြစ်တယ်။ ကိုယ်စာကြည့်စားပွဲပေါ် ထိုင်လိုက်တာနဲ့ သူငယ်ချင်းတယောက်ယောက် msg လာလို့ msg ပြန်ရင်းနဲ့ကုန်သွားတဲ့အချိန်တွေ၊ social mediaတွေသုံးရင်းနဲ့ gameတွေဆော့ရင်းနဲ့ Shimmerတို့ စာကြည့်ချိန်တွေပဲ့ပါသွားကြတယ်။ အဓိက ကတော့ စာလုပ်ရင်း ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ခြင်းပဲဖြစ်တယ်။ စာလုပ်နေရင်း 5 min လောက်ပါပဲဆိုပြီး စာကြည့်ချိန်တခုလုံးပါသွားတယ်။ ဒါ့ကြောင့် Shimmer စာလုပ်နေရင်း အဲ.လိုတွေအချိန်မကုန်အောင်၊ စာလုပ်နေရင်းနဲ့ Focus မလွဲအောင် app လေးတွေကို မိတ်ဆက်ပေးပါမယ်။ Let's see it🤗.
1. Forest app
စာစလုပ်တော့မယ်ဆိုရင် အက်ပ်ကိုဖွင့်ပြီး plant ဆိုပြီးသစ်ပင်စိုက်ထားပါ။ သင့်ဖုန်းမကိုင်ဘဲ စာဆက်လုပ်နေရင် သစ်တောကြီးတခုဖြစ်သွားပေမည်။ ဖုန်းသုံးမိလျှင် မိမိသစ်ပင် ညိုးနွမ်းသွားပေမည်။ ကိုယ်အာရုံစိုက်လေ သစ်ပင်များကြီးထွားပြီးcoin လေးတွေရရှိသွားပါပြီ။ coin တွေနဲ့သစ်ပင်အမျိုးအစားအသစ်ကို unlock လုပ်နိုင်မည်ဖြစ်သည်။
2. Study Bunny app
Study Bunny သည် သင်စာကိုအာရုံစူးစိုက်ပြီး လုပ်လျှင် coinများရရှိပေမည်။ ထို coin များကိုစုပြီး မိမိယုန်အတွက်ပစ္စည်းများကို ၀ယ်နိုင်သည်။ ဒါ့ပြင် သင် စာလုပ်ချိန်ကို ဘာသာအလိုက် မှတ်ထားပေးခြင်း၊ To-do-list များကို မှတ်နိုင်ခြင်း၊ flash card များထားနိုင်ခြင်း စသည့် features များ ပါဝင်သည်။ Shimmer ဒီapp ကိုဘယ်လိုသုံးရမလဲဆိုတဲ့ YouTube link လေးပါ ထည့်ပေးထားတယ်နော်။
https://youtu.be/09ZNg1oeLjg
စာလုပ်ရင်း ဖုန်းသုံးလိုက် စာလုပ်လိုက် မလုပ်ပါနဲ့။ လေ့လာချက်အရ ၂ နာရီခွဲ အာရုံပျံ့လွင့်ခြင်းမရှိဘဲစာလုပ်ခြင်းသည် ၄ နာရီ အာရုံပျံ့လွင့်ကာ စာလုပ်ခြင်း ထက် ပိုအဖိုးတန်တယ်လို့လဲ တွေ.ထားပါတယ်။ Shimmer ၂နာရီခွဲ ဆက်တိုက် စာမလုပ်ခိုင်းပါဘူး။ 25min စာလုပ်ပြီး ၅ မိနစ် နားတာ၊သို့မဟုတ် ၁ နာရီ စာလုပ်ပြီး ၁၀မိနစ်နားတာတို့ လုပ်သင့်ပါတယ်။ ကိုယ့် break နားချိန်တွေမှာ ပြတင်းပေါက်ကြည့်တာတို့၊ အိမ်တစ်ပတ်လမ်းလျှောက်တာလုပ်သင့်ပါတယ်။ ပြီးတော့Shimmer ပြောချင်တာက စာမလုပ်ခင်တည်းက ဘယ်ဘာသာလုပ်မယ်၊ ဘယ်လောက်ကြာကြာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ထားသင့်ပါတယ်။ မဟုတ်ရင် စာကြည့်စားပွဲပေါ်မှာ ဟိုဘာသာလုပ်ရမလိုလို သည်ဘာသာလုပ်ရမလိုလိုနဲ့ အချိန်ကုန်သွားပါလိမ့်မယ်။
App download link:
Forest app https://play.google.com/store/apps/details?id=cc.forestapp
Study Bunny app https://play.google.com/store/apps/details?id=com.superbyte.studybunny
Shimmer ကိုလဲ app တွေသုံးပြီးသွားရင် feedback လေးတွေ ပြန်ပေးပါဦးနော်😃။
If u like my post, please like and share it. Thank u for reading.❣️
Favourite Quote of the Day!!!!
"Stay on purpose, not on outcome. In other words, do the task because it is what you love to do or because it will help someone. Don't do it for the money or the recognition. Those will come naturally. This is the way of the world."
Credit from the book - 200 secrets of Success
04/07/2020
skincareတွေ၀ယ်ရတာစျေးကြီးလို့စိတ်ညစ်နေပြီလား။ မျက်နှာမှာရေခဲတုန်းပွတ်ပြီးပိုပြီး glowချင်လား။ အခု Shimmer ပြောပြမယ်နည်းလမ်းကတော့ အကုန်အကျမရှိဘဲသက်တောင့်သက်သာနဲ့ အိမ်မှဘဲလုပ်လို့ရမယ်နော်။အဲဒါကတော့ မျက်နှာသစ်ပြီးတိုင်း ရေခဲတုံးတတုံးကို မျက်နှာမှာ ပွတ်ပေးခြင်းဖြစ်ပါတယ်။ အဲဒါရဲ့ အကျိုးကျေးဇူးကိုလည်းကြည့်ကြရအောင်။ Let's see it🤗.
1. မျက်နှာကို glow စေတယ်။
နေ့စဉ်စိတ်ဖိစီးမှုကြောင့် Shimmer တို့ရဲ့မျက်နှာနှင့်အသားအရေကိုထိခိုက်စေတယ်။ အဲဒါကြောင့် မျက်နှာသစ်ပြီးတိုင်း ရေခဲတုံးဖြင့်ပွတ်ခြင်းသည် သင်၏မျက်နှာသို့သွေးလည်ပတ်မှုကိုတိုးစေပြီးတောက်ပစေသည်။
2. Beauty products တွေကိုပိုပြီးစုပ်ယူနိုင်တယ်။ ဒါကြောင့် Shimmerတို့တွေ night cream သို့မဟုတ် Serum မလိမ်းခင် မျက်နှာသစ်ပြီး ရေခဲ့တုံး၁တုံးဖြင့်မျက်နှာကိုပွတ်ပေးပါ။ ပြီးမှမျက်နှာသုတ်ပဝါနဲ့သုတ်ပြီးလျှင် မိမိလိမ်းလိုရာ Product ကိုလိမ်းပါ။ မိတ်ကပ် Foundation မလိမ်းခင် လုပ်ပေးလျှင် flawless look ရရှိပါမည်။ ထို့အပြင် Foundationလည်းကြာကြာခံပါမည်။
3. မိမိမျက်နှာပေါ်ရှိ Poreဟုခေါ်သောအပေါက်သေးသေးလေးများအားလည်းကျဉ်းစေသည်။ ထိုအပေါက်များကြောင့်မျက်နှာတွင်အဆီပြန်စေသည်။ အပေါက်များ ကျုံ့သွားသည့်အတွက် နွေရာသီလိုအချိန်မျိုးတွင် Shimmer တို့အတွက် အသုံးဝင်တယ်။
4. သင်၏မျက်နှာပေါ်တွင်ရေခဲ Cube များကိုအသုံးပြုခြင်းသည်အရေးအကြောင်းများနှင့်အိုမင်းခြင်းလက္ခဏာများကိုထိန်းချုပ်ရန်ကူညီသည်။
5. ကြာရှည်အသုံးပြုလျှင် မျက်လုံးဝန်းကျင်ရှိ မျက်တွင်းချိုင့်ကာ Dark Circle ဖြစ်တာကို ပျောက်စေတယ်။
ဒါကြောင့် မျက်နှာသစ်ပြီးတိုင်း ရေခဲတုံးဖြင့် မျက်နှာကို ပွတ်ကြည့်ကြရအောင်။
If u like my post, please like and share it. Thanks for reading❣️.
Shimmer ကိုးကားပြီး ရေးထားတဲ့ link - https://www.stylecraze.com/articles/beauty-with-ice-cubes/
Photo credit- from Google.
27/06/2020
လူတိုင်းပန်းသီးစားဖူးကြတယ်။ ဒါပေမယ့် Cashew appleဟုခေါ်သည့်သီဟိုဋ်ပန်းသီး ကိုတော့လူတိုင်းစားဖူးကြမှာမဟုတ်ဘူး။ Cashew apple သည်သီဟိုဋ်စေ့၏အခွံမာနဲ့အောက်တွင်ချိတ်ဆက်ထားသည်။ (ပုံပြပါအတိုင်း) Cashew nuts (သီဟိုဋ်စေ့)အပေါ်တွင်ပေါက်ရောက်သောအပိုပစ္စည်းတခုလည်းဖြစ်သည်။ သီဟိုဋ်ပန်းသီးကိုလတ်လတ်ဆက်ဆက်လဲစားသောက်နိုင်သလိုဟင်းချက်ရာတွင်လည်းအသုံးပြုနိုင်သည်။ ထို့အပြင် ရှလကာရည် အဖြစ် ကစောဖေါက်နိုင်သလိုအရက်လည်းချက်နိုင်သည်။ ထိုသို့စားသုံးနိုင်သော်လည်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ခြင်းမပြုရခြင်းသည် အပျက်စီးလွယ်သောကြောင့်ဖြစ်သည်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon